bap-logo
Article

မြန်မာဗိုလ်ချုပ်များအတွက် မတည်ငြိမ်သည့်အာဏာကို ခြိမ်းခြောက်လာသော စွမ်းအင်အကျပ်အတည်း

PMWoqlVjLQTuGyODHYI8_-image

လွန်ခဲ့သော တစ်နှစ် က

 

နစကအတွက် အဓိက ဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်သော မြန်မာ့သဘာဝဓာတ်ငွေ့သိုက်များသည် လာမည့်နှစ်များအတွင်း သိသိသာသာ လုံးပါးပါးသွားတော့မည်ဖြစ်သည့်အတွက် ၎င်းတို့၏ အုပ်ချုပ်မှုကို ဆန့်ကျင်နေသူတို့ကို နှိမ်နင်းရာတွင် နဂိုကပင် ရုန်းကန်လှုပ်ရှားနေရသည့်အနက် အဓိက ခြိမ်းခြောက်မှုတစ်ခု ထွက်ပေါ်လာခြင်းဖြစ်သည်။

 

တရုတ်မှ မြန်မာသို့ လစဉ်လျှပ်စစ်တင်သွင်းမှုမှာ ယခုနှစ်တွင် နှစ်ဆတိုးလာခဲ့သည်ဟု ကမ္ဘာ့ဘဏ်၏ အဆိုအရ သိရပြီး မြန်မာနိုင်ငံ၏ အာဏာသိမ်းမှုနောက်ပိုင်း အာဏာပိုင်များက တရုတ်အစိုးရ၊ လာအိုအစိုးရတို့နှင့် နိုင်ငံချင်းချိတ်ဆက်ထားသည့် ဓာတ်အားကွန်ရက်တည်ဆောက်ရေး ဆွေးနွေး ရန် တွန်းအားများရှိလာသည်။

 

မကြာသေးမီက ခုခံတိုက်ခိုက်ရေးတပ်ဖွဲ့များ၏ ထိုးစစ်နှင့် ပေါင်းစပ်ကာ နစကသည် စွမ်းအင် အကျပ်အတည်းဖြင့်ပါ ရင်ဆိုင်နေရသည်။

 

မင်းအောင်လှိုင်နှင့် ၎င်း၏ တပ်ဖွဲ့များသည် စစ်ဆင်ရေးများဆက်လက် လုပ်ဆောင်နိုင်ရန် တင်သွင်း လာသော လောင်စာဆီများကို သိုလှောင်ထားသည့်အတွက် ရှိနှင့်ပြီး ဓာတ်အားပြတ်တောက်မှု များနှင့် ပေါင်းစပ်ကာ နိုင်ငံကို ပိုမိုနက်ရှိုင်းသော လောင်စာဆီ အကျပ်အတည်းအတွင်း သက်ဆင်း ကျရောက်သွားစေသည်ဟု ရန်ကုန်မှ သတင်းရင်းမြစ် အများအပြားက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဓာတ်အားခက ရှစ်ဆ ကနေ ဆယ်ဆအထိ တက်လာတယ်။ ကျွန်တော် တို့ မီးစက်တွေ နှိုးရတယ်။ ဆီဈေးက အကြီးအကျယ် တက်သွားတယ်။”

 

စက်သုံးဆီဆိုင်အချို့တွင် စက်သုံးဆီအဝင် ပြတ်တောက်နေပြီး အခြားဆိုင်များတွင်လည်း ညနက် ပိုင်းအထိ ရှည်လျားစွာ တန်းစီနေကြရသည်ဟု စီးပွားရေးမြို့တော် ရန်ကုန်မှ စီးပွားရေးသမား တစ်ဦးက ပြောသည်။

 

အာဏာသိမ်းပြီးနောက်ပိုင်း ဓာတ်အားခက ရှစ်ဆကနေ ဆယ်ဆအထိ တက်လာတယ်။ ကျွန်တော် တို့ မီးစက်တွေ နှိုးရတယ်။ ဆီဈေးက အကြီးအကျယ်တက်သွားတယ်။” ဟု လုံခြုံရေးအရ နာမည် မဖော်ပြလိုသည့် စီးပွားရေးသမားက Al Jazeera ကို ပြောသည်။

 

စစ်တပ်ရော ဆီဆိုင်တွေရော ဖြစ်ပျက်နေတာတွေကို နည်းနည်းမှ မထိန်းနိုင်ဘူး။ ဒီလို ပြတ်တောက်နေတဲ့အတွက် စီးပွားရေးကို ဘယ်လောက် ထိခိုက်နိုင်လဲဆိုတာလည်း စစ်အာဏာရှင် က သိပုံမရဘူး။” ဟု ၎င်းက ပြောသည်။

 

ဓာတ်ငွေ့ထုတ်လုပ်နိုင်မှု လျော့ကျလာခြင်းအပေါ် သတိပေးချက်များ တိုးပွားလာကြောင်းနှင့် စစ်တပ်၏ လောင်စာဆီ သိုလှောင်နေကြောင်း စွမ်းအင်ကျွမ်းကျင်သူ၊ ယခင် မြန်မာအစိုးရ၏ အကြံပေးဟောင်း Guillaume de Langre က ပြောသည်။

 

ဓာတ်ငွေ့ ဒါမှမဟုတ် ဒီဇယ်မရှိရင် ဆေးရုံတွေက ဥပမာ ဆေးဝါးတွေ၊ နမူနာပစ္စည်းတွေ အအေးခံသိမ်းဆည်းဖို့ အားထားရတဲ့ လျှပ်စစ်မရနိုင်တော့ဘူး။” ဟု de Langre က Al Jazeera ကို ပြောသည်။

 

သို့သော် အိမ်နီးချင်း တရုတ်နှင့် လာအိုတို့ကမူ မြန်မာနိုင်ငံ၏ ဓာတ်ငွေ့သိုက်များ မကုန်ခမ်းမီ မြန်မာသို့ ဓာတ်အားအမြောက်အများ တင်ပို့မည့်အစီအစဉ် ရှိပုံမရဘဲ နစကကို အခြားသော စွမ်းအင်နှင့် ဝင်ငွေရလမ်းများဆီသို့ တွန်းပို့ခြင်း သို့မဟုတ် အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ကျဆင်းမှု ၂၀ ရာခိုင်နှုန်းနည်းပါး ဖြစ်ပေါ်စေခဲ့သည့်အတွက် တရားဝင်မှုကို မေးခွန်းထုတ်မှုများ အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဟု ကျွမ်းကျင်သူများက သတိပေးသည်။

 

အာဏာမသိမ်းမီက ကမ္ဘာပေါ်တွင် အခွန်ကောက်ခံမှုအနည်းဆုံးဟု သိရှိကြသည့် မြန်မာနိုင်ငံသည် ကမ်းလွန်ဓာတ်ငွေ့များ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရာမှ နိုင်ငံဝင်ငွေ အများဆုံး ရရှိခဲ့သည်။

 

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖေဖော်ဝါရီ ၂၀၂၁ တွင် ဖြုတ်ချ ခဲ့ပြီးနောက် နိုင်ငံ့ဘဏ္ဍာရေး များစွာယိုယွင်းခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများ အစုအပြုံလိုက် ထွက်ခွာခြင်း၊ အများပြည်သူ၏ ဘဏ္ဍာရေးသပိတ်မှောက်ခြင်းတို့ ကြုံတွေ့ခဲ့သည်။

 

ဘဏ္ဍာရေးအကျပ်ရိုက်မှုသည် နစကအတွက် လက်နက်ဝယ်ယူရေးအပါအဝင် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နိုင်စွမ်းကို အားနည်းယုတ်လျော့သွားစေနိုင်ပြီး ဓာတ်အားပြတ်တောက်မှုများ ပိုမိုဆိုးရွားလာခြင်းက စစ်တပ်အုပ်ချုပ်မှုကို ပိုမို၍ပင် ခုခံမှုများ ပေါ်ပေါ်စေနိုင်သည်။

 

မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား တစ်ဝက်က ဓာတ်ငွေ့ကနေ ရတာပါ။ ပေါ်ပေါက်လာတဲ့ အကျပ် အတည်းက လက်ရှိ ဓာတ်အားပြတ်တောက်မှုကို သိသိသာသာ ပိုမိုဆိုးရွားစေပါတယ်။ စစ်တပ်က အသည်းအသန်လိုအပ်နေတဲ့ နိုင်ငံငွေကြေးထက်ဝက်ကလည်း ဓာတ်ငွေ့တင်ပို့မှုက ရတာပါ။ စွမ်းအင်က မြန်မာနိုင်ငံအတွက် အကျပ်အတည်းဖြစ်တည်မှုတစ်ခု ဖြစ်ပေါ်စေပါတယ်။” ဟု de Langre က ပြောသည်။

 

ဓာတ်ငွေ့အကျပ်အတည်းက မျှော်လင့်ထားပြီးသားဖြစ်ပေမယ့် အရပ်သားအစိုးရက ဒါကို ရှောင်လွှဲဖို့ စီမံကိန်းတွေ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းပြီးကတည်းက ငွေကြေးတန်ဖိုး ကျဆင်းမှု၊ အရင်းအနှီး ထိန်းချုပ်မှုတွေနဲ့ ယုံကြည်မှု ပျောက်ဆုံးတာတွေက ဒီစီမံကိန်းတွေကို ဖျက်ပစ်လိုက်တာပဲ။”

 

ဓာတ်အား ကွာဟချက်

 

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဓာတ်အားကွာဟချက် ကြီးမားမှု ရင်ဆိုင်ခဲ့ရသည်။ မေလ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံမှ လျှပ်စစ်ဓာတ်အား ၄,၀၀၀ မီဂါဝပ် ထုတ်လုပ်ခဲ့သည်။ မကြာသေးခင် လများတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၂,၅၀၀ နှင့် ၂,၆၀၀ မီဂါဝပ်အတွင်းသာ ရှိတော့သည်။

မြန်မာနိုင်ငံအတွက် အခုတော့ စစ်အာဏာရှင်တွေ အတွက် လွန်ခဲ့တဲ့ ၂၅ နှစ်လောက် ဒေါ်လာတွေ ဘီလီယံပေါင်းများစွာ ရှာဖွေပေးနေတဲ့ လုပ်ငန်းက အဆုံးသတ်တော့မယ်။”

 

အခြေအနေများ ပိုမိုဆိုးရွားစေသည်မှာ ကမ်းလွန်ဓာတ်ငွေ့သိုက်အသစ်များ ဖော်ထုတ် လုပ်ဆောင် နေသည့် ပြင်သစ်ကုမ္ပဏီကြီး Total နှင့် ဩစတြေးလျမှ Woodside တို့ အပါအဝင် အဓိက ရင်းနှီးမြှုပ်နှံသူများ ထွက်ခွာသွားကြခြင်းဖြစ်သည်။

 

၂၀၃၀ ခုနှစ်တွင် ဓာတ်ငွေ့ထုတ်လုပ်မှု ၂၀၂၂ ထုတ်လုပ်မှုအဆင့်အောက် ငါးပုံတစ်ပုံလောက်ထိ ကျဆင်းသွားမည်ဟု ခန့်မှန်းကြောင်း။" ကမ္ဘာ့ဘဏ်၏ စက်တင်ဘာလအတွင်းက 'အမှောင် - မြန်မာနိုင်ငံမှ ဓာတ်အားကဏ္ဍ စိန်ခေါ်မှုများ' အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ကာလအလယ်အလတ်မှ ရေရှည်ကာလအထိ ပြည်တွင်း ဓာတ်ငွေ့ ကုန်ခမ်းခြင်းနှင့် ထပ်တိုး အရင်း အမြစ်များအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြောင်းရွှေ့ရန် အခက်အခဲများက ဓာတ်အားကဏ္ဍ အခြေအနေကို ပိုမိုဆိုးရွားစေဖွယ်ရှိသည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

အကြီးဆုံး ဓာတ်ငွေ့သိုက်ဖြစ်သည့် ရတနာဓာတ်ငွေ့စီမံကိန်းမှ ထုတ်လုပ်မှုများ ၂၀၂၂ ခုနှစ်တွင် စတင် ကျဆင်းလာပြီး ရခိုင်ပြည်နယ် ရွှေဓာတ်ငွေ့စီမံကိန်းသည် ၂၀၂၆ ခုနှစ်တွင် ကျဆင်းလာ မည်ဟု ခန့်မှန်းထားသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

၎င်းအခြေအနေသည် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့ မြန်မာမှ တင်ပို့မှု၊ မြန်မာ့ရေနံနှင့် ဓာတ်ငွေ့ လုပ်ငန်းအတွက် ခိုင်မာသည့် ဝင်ငွေ၊ ပြည်တွင်းသုံးစွဲရန် ရရှိသည့် ဓာတ်ငွေ့ပမာဏတို့ကို သက်ရောက်မှု ရှိလာမည်ဖြစ်သည်။” ဟုလည်း ဖော်ပြထားသည်။

 

ရတနာ၊ ဇောတိကနှင့် ရွှေဓာတ်ငွေ့ စီမံကိန်းများမှ ထုတ်လုပ်မှုများ ၂၀၂၅ ခုနှစ်နှင့် ၂၀၃၀ အတွင်း လျင်မြန်စွာ ကျဆင်းသွားမည်ဖြစ်သည်။

 

ထိုင်းနိုင်ငံမှ ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းကြီး PTT Exploration and Production (PTTEP) သည် ဇောတိကနှင့် ရတနာစီမံကိန်းများတွင် ဓာတ်ငွေ့ထုတ်လုပ်နေပြီး ရွှေစီမံကိန်းတွင် တောင်ကိုရီးယား Posco International က လုပ်ကိုင်နေသည်။

 

၁၉၉၀ ခုနှစ်များ နှောင်းပိုင်းတွေနဲ့ ၂၀၀၀ ခုနှစ်များ အစောပိုင်းတွေမှာ ဖွံ့ဖြိုးလာတဲ့ ဓာတ်ငွေ့ လုပ်ငန်းက အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် မြန်မာနိုင်ငံအတွက် အခုတော့ စစ်အာဏာရှင်တွေအတွက် လွန်ခဲ့တဲ့ ၂၅ နှစ်လောက် ဒေါ်လာတွေ ဘီလီယံပေါင်းများစွာ ရှာဖွေပေးနေတဲ့ လုပ်ငန်းက အဆုံးသတ်တော့မယ်။” ဟု de Langre က ပြောသည်။

 

ထိုင်းနိုင်ငံကို ဓာတ်ငွေ့ ပေးပို့နေတဲ့ သိုလှောင်ကန်ကြီးတွေဟာ နောင်နှစ်အနည်းငယ်အတွင်း ကုန်ခမ်းသွားတော့မယ်။ ဒါက နစကနဲ့ ထိုင်းနိုင်ငံအကြား ဆက်ဆံရေး၊ နစကအတွက် ငွေကြေးနဲ့ လက်နက်ဝယ်ဖို့အရေး နစကအတွက် ဘယ်လိုဖြစ်လာမယ်ဆိုတာ သတ်မှတ်ပေးမယ့် အလား အလာဖြစ်လာမယ်။ ဓာတ်ငွေ့တင်ပို့မှုက ရတဲ့ ငွေကြေးက ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ အခြေခံအဆောက်အအုံ စတာတွေအတွက်လည်း အသုံးပြုရပါတယ်။ ဒါကြောင့် ဒါက ကျယ်ပြန့်တဲ့ လူထုတွေကိုလည်း သက်ရောက်မှုရှိမှာပါ။”

 

နစကသည် သူဌေး၊ အထက်ရဲရွာ၊ အထက်ကျိုင်းတောင်း ဆည်သုံးခု တည်ဆောက်ရေး ဆက်လက်လုပ်ဆောင်နေပြီး ၂၀၂၆ ခုနှစ်တွင် လည်ပတ်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားသည်။

 

အရင်းအမြစ်မလုံလောက်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများက စီမံကိန်းများကို ကြန့်ကြာစေသည်ဟု တည်ဆောက်ရေးလုပ်ငန်းခွင်မှ တိုးတက်မှုများ ရပ်တန့်နေသည့် ဂြိုဟ်တုပုံရိပ်များကို ကိုးကား၍ ကမ္ဘာ့ဘဏ်က သတိပေးထားသည်။

 

ဆည်သုံးခု စတင်လည်ပတ်နိုင်ပြီဆိုရင် စုစုပေါင်း ၄၄၃ မီဂါဝပ် ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ နေရောင်ခြည်ဓာတ်အားပေးစက်ရုံတွေက အရမ်းသေးငယ်တယ်။ အဲဒါတွေအကုန်လုံးက အာဏာ မသိမ်းမီ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုပြန်ရနိုင်မယ့် ကွက်လပ်ကို ဖြည့်ပေးနိုင်မှာ မဟုတ်ဘူး။” ဟု de Langre က ပြောသည်။

 

အာဏာသိမ်းစဉ်ကစပြီး နစကသည် လတ်တလောမှ ဖြေလျော့လိုက်သော နိုင်ငံခြားငွေလဲလှယ်မှု ထိန်းချုပ်ရေးနှင့် သွင်းကုန်ကန့်သတ်ချက်များအပါအဝင် ပဋိပက္ခကြောင့် ပြင်းထန်စွာ ထိခိုက်မှု ဖြစ်ပေါပြီးသား စီးပွားရေးပတ်ဝန်းကျင်ကို ပိုမိုခက်ခဲစေရန် ချမှတ်မှုများ ပြုလုပ်ခဲ့သည်။

 

နိုင်ငံစုံလုပ်ငန်းများ အစုအပြုလိုက်ထွက်ခွာနေစဉ်မှာပင် တရုတ်နိုင်ငံကျောထောက်နောက်ခံပြု စွမ်းအင်လုပ်ငန်း Vpower သည် မြန်မာနိုင်ငံမှ လုပ်ငန်းများ သိသိသာသာ လျော့ချခဲ့သည်။

 

Al Jazeera က တွေ့မြင်ခဲ့ရသည့် ဂျွန်လ ကြားဖြတ်အစီရင်ခံစာတွင် CITIC Group Corporation Ltd ကို နောက်ခံပြုထားသည့် ကုမ္ပဏီက "မြန်မာနိုင်ငံမှ စီးပွားရေးနှင့် လုပ်ငန်းများကို လျော့ချရန် အားထုတ်မှု ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး အခြားသော အလားအလာရှိသည့် စီမံကိန်းများတွင် ပိုင်ဆိုင်မှုများ ဖြည်းဖြည်းချင်း ပြန်လည်နေရာချထားသွားမည်။” ဟု ဖော်ပြထားသည်။

ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းမှုနဲ့ မြန်မာ နိုင်ငံ၏ နိုင်ငံခြားအရန်ငွေ ကျဆင်းမှုတို့သည် နိုင်ငံခြား စီးပွားရေး လုပ်ငန်းများအတွက် အကြီးမားဆုံး အခက်အခဲ ဖြစ်ပေါ်စေသည်

 

တရုတ်နိုင်ငံပိုင် China National Technical Import and Export Corporationနှင့် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော ဟောင်ဟောင်တွင် စာရင်းသွင်းထားသည့် Vpower သည် ဓာတ်အားပေးရုံ ငါးခုကို လည်ပတ် လုပ်ဆောင်ခဲ့ပြီး လေးခုကို ယခုနှစ်တွင် ရပ်နားခဲ့သည်။ မြင်းခြံမြို့မှ ၁၀၉. မီဂါဝပ် ဓာတ်အားပေးရုံတစ်ခုသာ ဆက်လက်လည်ပတ်နေသည်။

 

ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းမှုနဲ့ မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေ ကျဆင်းမှုတို့သည် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအတွက် အကြီးမားဆုံး အခက်အခဲဖြစ်ပေါ်စေသည်။” ဟု ကုမ္ပဏီက အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

VPower သည် စစ်တပ်ပိုင်လုပ်ငန်းစုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် Myanma Economic Holdings Limited (MEHL) စစ်တပ်နှင့် ချိတ်ဆက်ထားသည့် Star Sapphire ကုမ္ပဏီတို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း တက်ကြွလှုပ်ရှားသူအဖွဲ့တစ်ခုဖြစ်သော Justice for Myanmar က မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရွက်စာတမ်းများကို ကိုးကားဖော်ပြပြီး စွပ်စွဲထားသည်။

 

စွပ်စွဲချက်အတွက် စစ်တပ်နှင့် ချိတ်ဆက်ခြင်းများမရှိကြောင်း အများသိစေရန် ငြင်းဆိုထားသည့် VPower က Justice For Myanmar အတွက် "မြန်မာနိုင်ငံတွင် မည်ကဲ့သို့ စီးပွားရေးမလုပ်ဆောင်ရကြောင်း ဖြစ်စဉ်လေ့လာမှုတစ်ရပ်” ကို တင်ပြခဲ့သည်။

 

MEHL နှင့် Star Sapphire နှစ်ခုလုံးသည် ယူကေအစိုးရက ကန့်သတ်အရေးယူခံထားရသည်။

 

“VPower မြန်မာနိုင်ငံမှ လုပ်ငန်းများကို British Virgin Islands holding company က ပိုင်ဆိုင်သည့်အတွက် ယူကေအာဏာပိုင်များအနေဖြင့် ၎င်းပိတ်ဆို့ကန့်သတ်ထားသည့် ကုမ္ပဏီများကို ငွေပေးချေမှု များမှတဆင့် ဖြစ်နိုင်ချေရှိသည့် ချိုးဖောက်မှုများအတွက် စုံစမ်းစစ်ဆေးသင့်သည်။ဟု Justice For Myanmar မှ မရတနာမောင်က Al Jazeera ပြောသည်။

 

စွမ်းအင်အကျပ်အတည်းသည် အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးပိုင်း၏ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုအလွဲများအတွက် နောက်ဆုံးဥပမာဖြစ်သည်ဟု ဝါရှင်တန်မှ National War College ပါမောက္ခ Zachary Abuza က ပြောသည်။

 

ဒါက လောင်စာဆီတင်သွင်းမှုအတွက် ပေးချေဖို့ နိုင်ငံခြားငွေပြတ်လပ်နေပြီဆိုတာကိုလည်း ညွှန်ပြ နေပါတယ်။ ဒါကြောင့်လည်း နိုင်ငံခြားကုမ္ပဏီတွေက အယုံအကြည်မရှိတော့တာပါ။ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် အမေရိကန်ဒေါ်လာ လွှဲပြောင်း ပေးချေရာမှာလည်း အခက်အခဲတွေ ရှိပါတယ်။ဟု Abuza က Al Jazeera ကို ပြောသည်။

 

အကျပ်အတည်းများ ရစ်ပတ်လာစဉ် တရုတ်အစိုးရက ဝင်ရောက်လာဟန်ရှိသည်။ နယ်စပ် ကုန်သွယ်ရေးစခန်းများမှ လျှပ်စစ်တင်သွင်းမှု ယခုနှစ်တွင် သိသာစွာ မြင့်တက်လာသည်။

 

အလယ်အလတ်ဗို့အားလိုင်းများမှ တဆင့် တရုတ်နိုင်ငံ၏ လစဉ် လျှပ်စစ်တင်သွင်းမှုသည် ၂၀၂၃ ခုနှစ် ပထမ ခြောက်လတွင် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် နှစ်ဆထက်ပိုမိုသော ၇၄ ဂီဂါဝပ်မှ ၁၇၀ ဂီဂါဝပ်သို့ ပိုမိုများပြားလာခဲ့သည်ဟု ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ သိရသည်။

 

နိုင်ငံချင်းချိတ်ဆက်မှုအသစ်များနှင့် ဓာတ်အားလိုင်းအသစ်များ တိုးတက်မှုနှေးကွေးသော်လည်း တရုတ်နှင့် ဓာတ်အား တင်သွင်း-တင်ပို့မှု ပမာဏ ဆက်လက်တိုးတက်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့ အကြား ၁,၀၀၀ မီဂါဝပ် ဓာတ်အား တင်ပို့ရေးလိုင်းကိစ္စ ဆွေးနွေးနေသည်မှာ နှစ်များစွာ ကြာပြီဖြစ်သည်။

 

သို့သော် ပညာရပ်ဆိုင်ရာဒီဇိုင်း၊ စီးပွားရေးဆိုင်ရာ ငွေကြေးလွှဲပြောင်းမှုတို့နှင့် ပတ်သတ်၍ နှစ်နိုင်ငံ ဆွေးနွေးမှုမှာ အကန့်အသတ်ဖြင့် တိုးတက်မှုရှိသော်လည်း ဗို့အားမြင့် နိုင်ငံချင်းဆက် တင်ပို့ရေး လိုင်း တည်ဆောက်မှု မစတင်ရသေးကြောင်း ကမ္ဘ့ာဘဏ်က ဖော်ပြသည်။

 

တရုတ်နိုင်ငံက ရှိနှင့်ပြီးသား အလယ်အလတ် ဗို့အားလိုင်းက နိုင်ငံရဲ့ ဓာတ်အားကွန်ရက်ကို မချိတ်ဆက်ရသေးဘူး။ ဒါကြောင့် တရုတ်နိုင်ငံက လျှပ်စစ်တင်ပို့မှုက တရုတ်-မြန်မာနယ်စပ်နဲ့ နီးတဲ့ ဒေသတွေအတွက် ဒေသတွင်းမှာ အရေးကြီးပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ အခြားဒေသတွေမှာတော့ သက်ရောက်မှုအကန့်အသတ်ရှိပါတယ်။ဟု ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် ကမ္ဘာ့ဘဏ်အရာရှိက Al Jazeera ကို ပြောသည်။

 

အရှေ့တောင်အာရှမှ ကုန်းတွင်းပိတ် နိုင်ငံငယ် လာအိုမှ ဓာတ်အားတင်သွင်းရန် စီမံကိန်းမှာလည်း ဆက်လက် လုပ်ဆောင်နေပုံရသည်။

 

နှစ်နိုင်ငံ စွမ်းအင်ဝန်ကြီးဌာနများသည် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းမှ မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာသို့ ၃၀၀ မီဂါဝပ် ဓာတ်အားများတင်ပို့ရန် နိုင်ငံချင်းဆက်လိုင်းများ တည် ဆောက်ရန် နားလည်မှုစာချွန်လွှာကို ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

 

ဧပြီလတွင် သဘောတူညီမှုကို သက်တမ်းတိုးခဲ့ပြီး ၆၀၀ မီဂါဝပ်သို့ ပမာဏတိုးမြှင့်တင်ပို့ရေး ဖြစ်နိုင်ချေလေ့လာမှု ဆောင်ရွက်ရန် အသိပေး လက်မှတ်ရေးထိုးခဲ့သည်။

 

နစကနှင် လာအိုအစိုးရသည် နိုင်ငံချင်းဆက်လိုင်းများ မြန်မာနိုင်ငံအရှေ့ပိုင်း ကျိုးတုံနှင့် မိတ္ထီလာ မြို့သို့ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တွင် အသီးသီးရောက်ရှိမည်ဟု ကြေငြာခဲ့သည်။

တရုတ်ရော လာအိုပါ မကြာခင်အနာဂတ်မှာ မြန်မာ နိုင်ငံကို လျှပ်စစ်တင်ပို့ရေး ခြေလှမ်း ကြီးကြီး မားမား လှမ်းမယ့်ပုံ မပေါ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့ ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ လိုသေးတယ်

 

အဆိုပြုထားသော နိုင်ငံချင်းဆက်ချိတ်ဆက်ရေးလမ်းကြောင်းသည် ပဋိပက္ခဖြစ်ပွားရာ တောင်ပိုင်း ဝပြည်နယ်သို့ ဖြတ်သန်းသွားဖွယ်ရာ ရှိသည့်အတွက် တည်ဆောက်ရေးတွင် စိန်ခေါ်မှုများ ရှိနိုင်သည်ဟု ကမ္ဘာ့ဘဏ်၏ အကဲဖြတ်ထားသည်။

 

တရုတ်ရော လာအိုပါ မကြာခင်အနာဂတ်မှာ မြန်မာနိုင်ငံကို လျှပ်စစ်တင်ပို့ရေး ခြေလှမ်း ကြီးကြီး မားမား လှမ်းမယ့်ပုံ မပေါ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ လိုသေးတယ်။ စွမ်းအင်လုံခြုံဖူလုံရေးက ပထမဦးစားပေးပါ။” ဟု de Langre က ပြောသည်။

 

ဖြုတ်ချခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ ဖွဲ့စည့်းထားသည့် တော်လှန်ရေးပြုလုပ်နေသော အမျိုးသားညီညွတ်ရေးအစိုးရက စစ်အာဏာရှင်နှင့် လက်မှတ်ရေးထိုးထားသော စာချုပ်များ သို့မဟုတ် စီမံကိန်းများကို အသိအမှတ်မပြု‌ကြောင်း သတိပေးထားသည်။

 

ဆက်လက်ဖြစ်ပေါ်နေတဲ့ ဓာတ်အားပြတ်တောက်တာတွေနဲ့ လောင်စာဆီအကျပ်အတည်းတွေက စစ်အာဏာရှင်တွေ မအုပ်ချုပ်နိုင်ဘူးဆိုတာ ပြသနေပါတယ်။ ဓာတ်အားလိုင်းစီမံချက်တွေ အပါ အဝင် စစ်အာဏာရှင်တွေနဲ့ စီးပွားရေးသဘောတူညီမှုတွေဟာ အာဏာရှင်ရဲ့ မြန်မာလူထုကို အကြောက်တရားနဲ့ စိုးမိုးရေး သက်တမ်းပိုရှည်စေဖို့ပဲ ဖြစ်စေတယ်။ဟု NUG အစိုးရဝန်ကြီး ဒေါက်တာ ဆာဆာက Al Jazeera ကို ပြောသည်။

 

စစ်အာဏာရှင်တွေက နိုင်ငံအတွက် တရုတ်နဲ့ အခြား စွမ်းအင်ရင်းနှီးမြှုပ်နှံသူတွေအတွက် လိုအပ် တဲ့ တည်ငြိမ်မှု မပေးနိုင်ပါဘူး။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေးနှင့် ဖက်ဒရယ် မြန်မာနိုင်ငံ ဖြစ်ပေါ်လာရေး ထောက်ပံ့ပေးတာဟာ နှစ်နိုင်ငံလုံးအတွက် အကောင်းဆုံး အကျိုးစီးပွား ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ စွမ်းအင်အခြေခံအဆောက်အအုံကို ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်ထားပြီး ဒီကဏ္ဍမှာ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုသွားမှာပါ။ဟု ဒေါက်တာ ဆာဆာက Al Jazeera ကို ပြောသည်။

 

ကိုးကား - Al Jazeera

ပုံစာ - လောင်စာဆီပြတ်တောက်မှု ကြုံတွေ့နေရသော မြန်မာနိုင်ငံ။ (Photo: Reuters)

 

 Burma Associated Press

မြန်မာဗိုလ်ချုပ်ကြီးများ
အာဏာသိမ်းမှု
လောင်စာဆီ

Share With
bap-logo