bap-logo
Article

ကယ်ပေါက်များ ရှိနေသေးသော်လည်း မြန်မာရှိ အွန်လိုင်းအလိမ်အညာလုပ်ငန်းများ ဖြိုခွင်းမှု တရုတ်အရှိန်မြှင့်တင်လာ

pu5P3xBrwVVAua0Zxujmd-image

လွန်ခဲ့သော တစ်နှစ် က

 

စစ်တပ်အုပ်ချုပ်နေသည့် မြန်မာနိုင်ငံ နယ်စပ်ဒေသများရှိ ရာဇဝတ်အဖွဲ့အစည်းများက လည်ပတ် လုပ်ကိုင်နေသော အွန်လိုင်းအလိမ်အညာလုပ်ငန်းများကို ဖြိုခွင်းမှု မြှင့်တင်သည့်အနေဖြင့် တရုတ်နိုင်ငံက ပစ်ခတ်မှုများ၊ ဝန်ခံချက်ဗီဒီယိုများ၊ နိုင်ငံတီဗီမှ ထင်ရှားသည့် သံသယရှိသူများကို ဖမ်းဆီးမှု ထုတ်လွှင့်ချက် များကို ပြသခြင်းတို့အပါအဝင် အားထုတ်မှုများ ပိုမိုလုပ်ဆောင်လာသည်။

 

သို့သော် ၎င်းအားထုတ်မှုသည် နယ်မြေအကန့်အသတ်ရှိနေပြီး အဓိကကျသူတို့ကို အမြစ်ဖြတ်မဖြတ်နိုင်သေးဟု ယူဆရသည်။ ၎င်းရာဇဝတ်အဖွဲ့အစည်းများက လူကုန်ကူးခြင်း၊ လူအများ၏ စုဆောင်းထားသည့် ငွေကြေး များကို ဖုန်းခေါ်၍ဖြစ်စေ အွန်လိုင်းမှဖြစ်စေ လိမ်ညာရယူ၍ တစ်နှစ်လျှင် ဒေါ်လာ ဘီလီယံများစွာ ဝင်ငွေ ရရှိနေခြင်းဖြစ်သည်။

 

နွေရာသီတွင် တရုတ်နိုင်ငံက အိမ်နီးချင်းနိုင်ငံများနှင့် ပူးတွဲလုပ်ဆောင်သည့် စစ်ဆင်ရေးများကို ကြေငြာခဲ့ကာ လုပ်ခလစာမြင့်မားစွာရမည်ဟု ကတိပေး ဖြားယောင်းခေါ်ယူခံရသူ ထောင်ဂဏန်းကို တရုတ်သို့ ပြန်လည် ပို့ဆောင်နိုင်ခဲ့သည်။ ၎င်းတို့မှာ အလိမ်အညာလုပ်ငန်းများ လုပ်ကိုင်ရန် အတင်းအကျပ် စေခိုင်းခံရသူများ ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။ ၎င်းစစ်ဆင်ရေးများတွင် မြန်မာနိုင်ငံမှ ရာဇဝတ် ခေါင်းဆောင် များကို ဖမ်းဆီးခြင်း မပါဝင်ပေ။

 

ကျွန်တော်တို့ ရှာဖွေတွေ့ရှိတာနဲ့ ချက်ချင်း လွှဲပြောင်းပေးပါတယ်။” ဟု နိုင်ငံခြားရေး ဒုဥက္ကဋ္ဌ Lu Jiantang က ပြောသည်။ ၎င်းသည် အနီးအနားဒေသများရှိ တိုက်ပွဲများမှ ထွက်ပြေးနေသည့်လူများအနက် လိမ်ညာလုပ်ကိုင် သူများ မပါဝင်စေရေး လုပ်ဆောင်ရသူဖြစ်သည်။

တရုတ်က မြန်မာနိုင်ငံမြောက်ပိုင်းက အွန်လိုင်းအလိမ်အညာ လုပ်ငန်း အဆိပ်သင့်ကင်ဆာဖြစ်နေတာကို အမြစ်ဖြတ်ဖို့ ဆုံးဖြတ်ထားတယ်။

 

အာဏာပိုင်များက မြန်မာနိုင်ငံမြောက်ပိုင်းမှ သံသယရှိသူ ၃၁,၀၀၀ ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနိုဝင်ဘာ ၁၈ ရက်နေ့တွင် တရုတ် ပြည်သူ လုံခြုံရေးဝန်ကြီးဌာနက ကြေငြာသည်။ ၎င်းတို့အနက် ၆၃ ဦးမှာ အလိမ်အညာ အဖွဲ့များ၏ အဓိကအရေးပါသူများဖြစ်ကြောင်း ရဲက ပြောသည်။

 

တရုတ်က နယ်စပ်ရှင်းလင်းရေးလုပ်ဖို့ အလွန်အာရုံစိုက်၊ ဆုံးဖြတ်ထားပုံရတယ်။ဟု အမေရိကန် လွှတ်တော်ကျောထောက်နောက်ခံပြုထားသည့် တွေးခေါ်ပညာရှင်အဖွဲ့ United States Institute of Peace မှ မြန်မာအွန်လိုင်း အလိမ်အညာလုပ်ငန်းများဆိုင်ရာ ကျွမ်းကျင်သူ Jason Tower က ပြောသည်။

 

၎င်းအဖမ်းအဆီးခံရသူများအနက် အချို့မှာ တရုတ်-မြန်မာနယ်စပ် အထူးအုပ်ချုပ်ခွင့်ရဒေသနှစ်ခုမှ အာဏာ အကြီးဆုံးသူအချို့ ပါဝင်သည်။

 

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှစ်ခုလုံးသည် တရုတ်နှင့် နယ်စပ်ချင်း ထိစပ်နေပြီး ကြီးမားသော အိမ်နီးချင်းနိုင်ငံ၏ အကြီးအကျယ်လွှမ်းမိုးမှုခံရသည်။ ဒေသနှစ်ခုလုံးရှိ နေထိုင်သူများ သည် ဘာသာစကားနှင့် ယဉ်ကျေးမှု တရုတ်နှင့် တူညီသည်။ ကိုးကန့်ဒေသတွင် နေထိုင်သူများမှာ တရုတ်တိုင်းရင်းသားများဖြစ်သည်။ ဝ အကြီးတန်းနိုင်ငံရေးသမားများမှာ ကိုယ်ပိုင် ကွန်မြူနစ်ပါတီရှိပြီး လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကပင် တရုတ်ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းချိတ်ဆက်မှုရှိကာ ၎င်းတို့၏ အစိုးရကို တရုတ်ပါတီကော်မတီနှင့် တူညီစွာ အုပ်ချုပ်သည်။

 

နိုဝင်ဘာလလယ်တွင် တရုတ်ရဲတပ်ဖွဲ့က ကိုးကန့်မှ အာဏာအကြီးဆုံးမိသားစုတစ်ခုဖြစ်သည့် Ming မိသားစုဝင် လေးဦးကို အွန်လိုင်းအလိမ်အညာ လုပ်ငန်းများ၊ လူသတ်မှုနှင့် တရားမဝင်ဖမ်းဆီးထိန်းသိမ်းမှုသံသယတို့ဖြင့် ဝရမ်းထုတ်ခဲ့သည်။ ၎င်းမိသားစုမှာ ကိုးကန့် အစိုးရနှင့် ဒေသတွင်း ရဲတပ်ဖွဲ့ အဖွဲ့ဝင်များဖြစ်ကာ တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများဖြစ်သည်။ ရက်အနည်းငယ်အကြာတွင် တရုတ်နိုင်ငံပိုင် CCTV မှ သံသယရှိသူလေးဦးအနက် သုံးဦးကို ယူနန်ပြည်နယ် နယ်စပ်မှတဆင့် ရဲတပ်ဖွဲ့က ခေါ်ဆောင်လာပုံကို ပြသခဲ့သည်။

 

မိသားစုခေါင်းဆောင် မြီရှောက်ချန်းသည် အွန်လိုင်းအလိမ်အညာလုပ်ငန်းခေါင်းဆောင်များအနက် တစ်ဦးဖြစ်သူ ဟု စွပ်စွဲခံရသူဖြစ်ပြီး ဒေသအာဏာပိုင်များက ၎င်းကို ဖမ်းဆီးရန် ကြိုးပမ်းစဉ် နိုဝင်ဘာလ ၁၅ ရက်နေ့က မိမိကိုယ်ကို သေကြောင်းကြံစည်၍ သေဆုံးသွားသည်ဟု CCTV က တင်ပြခဲ့သည်။ ၎င်းကို ဖမ်းဆီးစဉ် သေနတ်ဖြင့် မိမိကိုယ်ကို ပစ်ခတ်၍ သေဆုံးကြောင်း မြန်မာစစ်အစိုးရက ထုတ်ပြန်ခဲ့သည်။

 

အလိမ်အညာလုပ်ငန်းများ ဖြိုခွင်းရန် ပြန်လည်ကြိုးပမ်းမှုသည် ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ အောက်တိုဘာလ ၂၀ ရက် ကိုးကန့်ရှိ မြီမိသားစုပိုင် စုပေါင်းအဆောက်အအုံတစ်ခုအတွင်း အကြမ်းဖက် ပစ်ခတ်မှုနောက်ပိုင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။ တရုတ်အစိုးရ ကျောထောက်နောက်ခံပြုထားသည့် သတင်းဌာန Global Times မှ အယ်ဒီတာချုပ်ဟောင်း Hu Xijin က ၎င်းအဖြစ်အပျက်တွင် အသွင်ယူရဲများ သေဆုံးခဲ့သည်ကို အတည်ပြုဟန် ပြုခဲ့သည်။

 

တရုတ်က မြန်မာနိုင်ငံမြောက်ပိုင်းက အွန်လိုင်းအလိမ်အညာလုပ်ငန်း အဆိပ်သင့်ကင်ဆာဖြစ်နေတာကို အမြစ်ဖြတ်ဖို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော်တို့ရဲ့ အသွင်ယူစစ်ရဲ လေးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ပြောကြတဲ့ မြီမိသားစု အဆုံးသတ်မှာ ပျက်စီးကျဆုံးဖို့ ကို ဦးတည်တယ်။ဟု Hu က Weibo တွင် ရေးသားခဲ့သည်။

 

ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖက်စ်ဖြင့် မှတ်ချက်ပေးရန် တောင်းဆိုမှုကို အကြောင်းမပြန်ပါ။

ဒီတစ်ခါတော့ တရုတ်အစိုးရက ဆုံးဖြတ်ချက်ချထားပြီ။ အွန်လိုင်း အလိမ်အညာ လုပ်ငန်းတွေ မရှင်းလင်းမချင်း သူတို့ရဲ့ ရဲတွေ ဆုတ်ခွာမှာ မဟုတ်ဘူး။

 

မြီမိသားစုများကို ဖမ်းဆီးရန် တရုတ်က ဝရမ်းမထုတ်မီ ရက်အနည်းငယ်အလိုတွင် အခြားသော အင်အားကြီး ကိုးကန့်မိသားစုမှ ဝေချင်းထောင်ကို တရုတ်လူမှုမီဒီယာများ၌ ထုံးစံအတိုင်းဖြတ်တောက်ထားသည့် ဗီဒီယိုတစ်ခုတွင် အလိမ်အညာလုပ်ငန်းများတွင် အတင်းအကျပ်ခိုင်းစေနေသည့် လူများကို လွှတ်ပေးရန် ၎င်း၏ ဆွေမျိုးများကို တိုက်တွန်းထားသည်ကို တွေ့မြင်ရသည်။

 

ဒီတစ်ခါတော့ တရုတ်အစိုးရက ဆုံးဖြတ်ချက်ချထားပြီ။ အွန်လိုင်းအလိမ်အညာလုပ်ငန်းတွေ မရှင်းလင်း မချင်း သူတို့ရဲ့ ရဲတွေ ဆုတ်ခွာမှာ မဟုတ်ဘူး။ဟု Wei က ပြောသည်။

 

ဆင်တူဗီဒီယိုများတွင် အခြားလူနှစ်ဦးကိုလည်း တွေ့ရှိရသည်။ တစ်ဦးမှာ ကိုးကန့်ဒေသမှ အကြီးမားဆုံး လုပ်ငန်းစုဖြစ်သည့် Fully Light Group မှ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင် (Liu Zhengqi) ဖြစ်သည်။ နောက်တစ်ဦးမှာ မြီရှောက်ချန်း၏ သားမက်ဖြစ်သူ ပီဟွေကျွင်း (Bi Huijun) ဖြစ်သည်။

 

အောက်တိုဘာလနှောင်းပိုင်းတွင် တရုတ်က ဝပြည်နယ် ထိပ်တန်းအစိုးရအရာရှိနှစ်ဦးကို ဖမ်းဆီးရန် ဝရမ်းထုတ်ခဲ့သည်။ တစ်ဦးမှာ ဝဆောက်လုပ်ရေးဝန်ကြီးဌာန အကြီးအကဲဖြစ်ပြီး နောက်တစ်ဦးမှာ ခရိုင်မှူး တစ်ဦးဖြစ်သည်။ ရက်အနည်းငယ်အကြာတွင် ဝကွန်မြူနစ်ပါတီက ၎င်းတို့ကို ပါတီမှ ထုတ်ပယ်ကြောင်း ပြောသော်လည်း ၎င်းတို့ကို ဖမ်းဆီးထိန်းသိမ်းထားခြင်း ရှိ မရှိမှာ မရှင်းလင်းပေ။

 

ဝရဲတပ်ဖွဲ့က တရုတ်နိုင်ငံသား ၁၉၄ ဦးကို တရုတ်အာဏာပိုင်များထံသို့ နိုဝင်ဘာ ၂၈ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့သည်ဟု Voice of Wa State က ထုတ်ပြန်သည်။ ၎င်းလွှဲပြောင်းပေးမှုများမှာ ပုံမှန်အစီအစဉ်တိုင်း လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

 

ကိုးကန့်က မကြာသေးသော ရက်သတ္တပတ်များအတွင်း လူပေါင်း ၂၆,၀၀၀ ကို တရုတ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ကိုးကန့်အုပ်ချုပ်ရေးရုံးအကြီးအကဲ Yin Masan က ပြောသည်။ ၎င်းတို့အနက် ၁၆,၀၀၀ မှာ ဆန္ဒအလျောက် ပြန်သွားကြသူများဖြစ်သည်။ "ကျွန်တော်တို့ ရဲနဲ့ အာဏာပိုင်တွေက ဖြိုခွင်းနေပါတယ်။” ဟု ၎င်းက ပြောသည်။

 

ဖြိုခွင်းမှုမှာ မြန်မာ့ပဋိပက္ခတွင် အရေးကြီးသည့် အချက်တစ်ခုဖြစ်လာသည်။

 

အောက်တိုဘာလ ၂၇ ရက်နေ့တွင် မဟာမိတ် ညီနောင်သုံးဖွဲ့က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်တပ်ကို ထိုးစစ်ဆင်နွှဲမှု အသစ် စတင်လာသည်။ ထိုးစစ်သည် ရည်မှန်းချက် နှစ်ခုရှိကြောင်း၊ တစ်ခုမှာ ကိုးကန့်ကို အုပ်ချုပ်နေသည့် မြန်မာစစ်တပ်ကျောထောက်နောက်ခံပြုထားသည့် တပ်ဖွဲ့များကို ချေမှုန်းရန်နှင့် နောက်တစ်ခုမှာ အွန်လိုင်းအလိမ်အညာလုပ်ငန်းများ ပပျောက်စေရန်ဖြစ်သည်ဟု မဟာမိတ်ညီနောင်သုံးဖွဲ့တွင် ပါဝင်သော မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ပြောသည်။

 

အနည်းဆုံးတော့ တရုတ်မှာ လေ ဘယ်ကို တိုက်နေသလဲဆိုတာ ကောင်းကောင်းနားလည်ကြတယ်။ဟု မြန်မာ့အရေး ခြေရာခံလေ့လာနေသည့် International Crisis Group မှ အကြီးတန်း အကြံပေး Richard Horsey က ပြောသည်။

 

နောက်ကွယ်တွင် မည်မျှ အင်အားကြီးသူများ ရှိနေသည်ဖြစ်စေ ၎င်းလုပ်ငန်းများကို တရုတ်က ဆက်လက် သည်းခံတော့မည်မဟုတ်ကြောင်း အချို့က ပြောသည်။

 

သူတို့က အချက်ပြသတိပေးချင်တာ။ တရုတ်စကားပုံတစ်ခုလို သူတို့က မျောက်ကို ခြောက်ဖို့ ကြက်ကို သတ်ပြချင်တာ။” ဟု လူသိများသည့် မြန်မာနိုင်ငံအကြောင်း ဆယ်စုနှစ်တစ်ခုအထက် မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့သူ တရုတ်လူမျိုး Huazong က ပြောသည်။ "ဒီလူတွေကို အကာအကွယ်ပေးဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုဘူး။”

လူပေါင်း ၃၁,၀၀၀ ကြားမှာ အွန်လိုင်းအလိမ်အညာ ခေါင်းဆောင်တွေ မပါဘူး။ ကျွန်တော်တို့ စစ်ဆင်ရေး မစခင်ကတည်းက မြန်မာစစ်တပ်က အဲဒီလူတွေကို ဟယ်လီကော်ပတာနဲ့ ခေါ်ထုတ်သွားပြီးပြီ။”

 

တရုတ်၏ ဖြိုခွင်းမှု မည်မျှ ကျယ်ပြန့်နိုင်သလဲဆိုသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပါ။ ကိုးကန့်စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်သည်လည်း အလိမ်အညာလုပ်ငန်းများတွင် ပါဝင်နေကြောင်း ပြောဆိုမှုများရှိသော်လည်း ၎င်း၏ မိသားစုတစ်ဦးမျှ ဖမ်းဆီးခံရသည်ဟု မသိရှိရပေ။

 

ချုပ်ကိုင်ထားသူများအားလုံး ရှင်းလင်းဖယ်ရှားခဲ့ပြီးကြောင်း မြေပြင်တွင် ငြင်းခုံမှုများ ဖြစ်ပေါ်နေသည်။

 

လူပေါင်း ၃၁,၀၀၀ ကြားမှာ အွန်လိုင်းအလိမ်အညာခေါင်းဆောင်တွေ မပါဘူး။ ကျွန်တော်တို့ စစ်ဆင်ရေး မစခင်ကတည်းက မြန်မာစစ်တပ်က အဲဒီလူတွေကို ဟယ်လီကော်ပတာနဲ့ ခေါ်ထုတ်သွားပြီးပြီ။” ဟု တိုက်ခိုက်မှုများ ဦးဆောင်ပြုလုပ်နေသည့်အဖွဲ့တစ်ခုဖြစ်သော MNDAA ပြောခွင့်ရ လီကျားဝင်းက ပြောသည်။‌ မြန်မာစစ်တပ်ပြောခွင့်ရသူကို မှတ်ချက်ပေးရန် တောင်းဆိုခဲ့သော်လည်း တုန့်ပြန်မှုမရှိခဲ့ပါ။

 

အလိမ်အညာလုပ်ငန်းများ လည်ပတ်ရန် ပိုမိုခက်ခဲလာသော်လည်း ရာဇဝတ်အဖွဲ့များသည် မတည်ငြိမ်မှုနှင့် နယ်စပ်ဒေသများတွင် လွှမ်းမိုးထားသော အကျင့်ပျက်ခြစားမှုများကို အခွင့်ကောင်းယူနိုင်နေသေးသည်။

 

အန္တရာယ်ပိုများလာတယ်။” ဟု Horsey က ပြောသည်။ သို့ရာတွင် "ဒီအလုပ်တွေ ဆက်လုပ်ဖို့ ကြီးမားတဲ့ ငွေကြေးမက်လုံးရှိတယ်။ အကျိုးအမြတ်တွေ ရှိနေဆဲပဲ။” ဟု ၎င်းက ပြောသည်။

 

ကိုးကား - AP

 

ပုံစာ- SSPPက ဖမ်းဆီးရမိသည့် ကျားဖြန့်ဂိုဏ်းအဖွဲ့ဝင် ၈၈ ဦးကို နိုဝင်ဘာ ၂၃ ရက်က တရုတ်အစိုးရထံ လွှဲပြောင်းပေးစဉ်

 

 

 Burma Associated Press

တရုတ်
မြန်မာ
အွန်လိုင်းငွေလိမ်မှု

Share With
bap-logo