bap-logo
Editorial

စည်းလုံးခြင်းသည် အခရာ

z_3RwZhN6oUPqWy3TsMRv-image

လွန်ခဲ့သော တစ်နှစ် က

 

ကရင်ပြည်နယ် မြဝတီမြို့တိုက်ပွဲသည် အလွန်ပြင်းထန်နေသည်။ စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကိုလည်း ကြုံတွေ့နေရသည်။ စစ်ကောင်စီသည် မြဝတီမြို့ ပြန်လည်ရရှိရေးအတွက် အသည်း အသန် ကြိုးစားနေသည်။ စစ်ဘေးရှောင်များ အခက်အခဲကြုံတွေ့နေရသည်။ ထိုင်း-မြန်မာနယ်စပ်ဖြစ်သဖြင့် ထိုင်းနိုင်ငံ၏ နိုင်ငံ ခြားရေးမူဝါဒများသည် တိုက်ပွဲများအပေါ် သက်ရောက်နေပြန်သည်။

 

စစ်ကောင်စီကို အင်တိုက်အားတိုက်ဖြင့် တိုက်ခိုက်ချေမှုန်းနေမှုတွင် လက်နက်ကိုင်တိုင်းရင်းသားများ၏ စစ်ရေးဦး ဆောင်မှုသည် အများဆုံးဖြစ်၏။ စစ်ကောင်စီတပ်များ တပ်ပျက်သည်ထိအောင် တိုက်ခိုက်နိုင်ခဲ့ကြသည်။ ထို့ ကြောင့် စစ်ကောင်စီသည် လေကြောင်းကို အားပြု၍ ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်။

 

တစ်ဖက်တွင်လည်း လူမျိုးရေးနှင့် ဘာသာရေးအကြောင်းပြု၍ ပဋိပက္ခများကို ဖန်တီးရန် စစ်ကောင်စီသည် ကြိုး ပမ်းနေသည်။ နိုင်ငံရေးအရ လှည့်ကွက်များဖန်တီးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် သတင်းများကို ထုတ်ပြန်လာသည်။ စစ်ကောင်စီသည် အာဏာရှင်ပီသစွာ အာဏာရှင်အကျင့်၊ အာဏာအကြံနှင့် အာဏာရှင်အ လုပ်ကို ပီပီပြင်ပြင်လုပ်နေသည်။

 

သို့သော် အခြေအနေအားဖြင့် စစ်ကောင်စီသည် အကြပ်အတည်းများစွာကို ရင်ဆိုင်နေရသည်။ သူ့အတွက် စစ် ရေးစစ်ဘောင်သည် အလွန်ကျယ်ပြန့်နေသည်။ စစ်တပ်အတွင်းတွင်လည်း အက်ကြောင်းရှကြောင်းနှင့် သဘော ထား ကွဲလွဲနေကြသည်ကို မြင်နိုင်သည်။

 

စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် အတွင်းမီး၊ အပြင်မီး။ အတွင်းရန်၊ အပြင်ရန်များဖြင့် အရူးမီးဝိုင်းဖြစ်နေသလို တရုတ်နှင့် တခြားနိုင်ငံ၏ ဖိအားများကိုလည်း ရင်ဆိုင်နေရပြီဖြစ်သည်။ ထို့သို့ ဘေးကြပ်နံကြပ် ရင်ဆိုင်နေရသူကို ပြိုလဲသွားအောင် တွန်းတိုက်ရမည်မှာ အလွန်ခက်ခဲသော ကိစ္စရပ်တစ်ခုဖြင့် ဟုတ်မနေပါ။

 

သို့သော် ထိုသို့ပြိုလဲသွားရန် တွန်းတိုက်ရမည့်နည်းနာများ လိုအပ်ကောင်းလိုအပ်ပါမည်။ ထိုသို့သော နည်းနာများ တွင် အရေးအကြီးဆုံးတစ်ချက်သည် တော်လှန်ရေးအင်အားစုအသီးသီးအကြား စည်းလုံးခိုင်မာညီညွတ်မှုက အခ ရာကျမည်ဖြစ်၏။

 

ယင်းနောက် ထိုစည်းလုံးခိုင်မာညီညွတ်မှုကို အခြေတည်၍ စစ်ကောင်စီနှင့် အာဏာရှင်ယန္တရားပြိုလဲသွားနိုင်မည့် နည်းနာကို စုပေါင်းရှာဖွေတည်ဆောက်ကြရမည် ဖြစ်သည်။

 

ထိုသို့ စည်းလုံးခိုင်မာညီညွတ်မှုအခြေခံသော တော်လှန်ရေးတိုက်ပွဲ နည်းနာသစ်တစ်ရပ်ကို တည်ဆောက်နိုင်မှသာ စစ်အုပ်စုနှင့် အာဏာရှင်စနစ်သည် အပြီးတိုင်ပြိုလဲပြီး ပြည်သူလူထုလိုလားတောင့်တသော ဖက်ဒရယ်ဒီမိုကရေစီ စနစ် တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

 

Burma Associated Press

မြန်မာ
မြဝတီမြို့
ကော့ကရိတ်
အာဏာသိမ်း
ထိုင်း

Share With
bap-logo