bap-logo
Editorial

တော်လှန်ရေး၏ အန္တိမ

dsCU7mp5IQ3MtLOGjpATO-image

လွန်ခဲ့သော တစ်နှစ် က

ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် မြဝတီမြို့သတင်းသည် ပြီးခဲ့သော ရက်သတ္တပတ်အတွက် ထိပ်တန်းသတင်းများ ဖြစ်ခဲ့သည်။ ပြည်သူလူထု၏ စိတ်ဝင်စားမှု မြင့်တက်သော သတင်းလည်း ဖြစ်ခဲ့သည်။ နွေဦးတော်လှန်ရေးအား ထောက်ခံသူများအကြား ယင်းသတင်းတို့သည် ကျေနပ်နှစ်မြို့ဖွယ်ရာများ ဖြစ်ခဲ့သည်။

 

သို့သော် ထိုသတင်းအားလုံးသည် ရာနှုန်းပြည့်တိကျမှန်ကန်သောသတင်းများဖြင့် မဟုတ်ခဲ့ပေ။ သတင်းရင်းမြစ်ခိုင် လုံသော သတင်းများအဖြစ် ရှိမနေခဲ့ပေ။ ယင်းသို့သော အကြောင်းချင်းရာများသည် ယခုမှ ဖြစ်ပေါ်ပေါက်ဖွားခြင်း မဟုတ်ခဲ့ပေ။နွေဦးတော်လှန်ရေး၏ သုံးနှစ်ကျော်ကာလအတွင်း များစွာသော ကြုံဆုံနေရမှု အကြောင်း ချင်းရာ များပင်ဖြစ်သည်။

 

ထိုအခြေအနေများသည် နွေဦးတော်လှန်ရေးကာလ စစ်မှန်သော သတင်းစီးဆင်းမှု အားနည်းချက်တစ်ခုဖြစ်ပြီး စစ်ရေးနှင့် နိုင်ငံရေးအရ အနိုင်ရရှိရေးအတွက် သတင်းအချက်အလက်ကို လက်နက်တစ်ခုသဖွယ် အသုံးချခြင်းပင် ဖြစ်သည်။

 

ထိုသို့အသုံးချခြင်းကြောင့် လူထုအကြားတွင် သိနားလည်မှုဝေဝါးခြင်း၊ မှန်ကန်သောဆုံးဖြတ်ချက် မချနိုင်ခြင်းနှင့် တော်လှန်ရေးဦးဆောင်သူများအပေါ် ယုံကြည်မှု ပျက်ပြားခြင်းများ ဖြစ်ပေါ်လာနိုင်သည်။ ပိုမိုဆိုးရွားလာပါက လူ့ အဖွဲ့အစည်းအတွင်း အမုန်းတရားဖြစ်တည်မှု ကြီးထွားလာပြီး လူမျိုးတုန်းသတ်ဖြတ်သည်အထိ ဖြစ်ပွားလာနိုင်စ ရာ အကြောင်းရှိသည်။

 

ထို့ပြင် နွေဦးတော်လှန်ရေးသည် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသော အာဏာရှင်နှင့် အာဏာရှင်စနစ်ကို တိုက် ဖျက်နေခြင်းဖြစ်သည်ဆိုသော မူလဘူတအချက်အား သတိပြုရန်လိုအပ်ပေသည်။ အာဏာရှင်များ၏ အသက်သေဆုံးခြင်းသည် တစ်ခုတည်းသာ အဖြေမဟုတ်ပါ။ ငကန်းသေ ငစွေပေါ်လိမ့်မည်ဟူသောစကားရပ်အတိုင်း အာဏာရှင် တစ်ဦးလွန်သွားသော်လည်း ယင်းတို့၏ နောက်မျိုးဆက် အာဏာရှင်တစ်ဦးကား ထပ်မံပေါ်ပေါက်လာဦးမည် ဖြစ်သည်။ ယင်းကဲ့သို့ ဖြစ်စဉ်များသည် မြန်မာနှင့် ကမ္ဘာတွင် အထင်အရှားရှိခဲ့ပြီးဖြစ်သည်။

 

ထို့ကြောင့် နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်ထွန်းကားရေးနှင့် အာ ဏာရှင်စနစ် အမြစ်ပြတ်ပြုတ်ကျရေးသည် ပိုမို၍ အရေးကြီးကြောင်း သတိပြုအပ်ပါ၏။

 

ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆိုသည်ကလည်း ကောင်းမွန်စွာ ကျင့်သုံးနိုင်စေရေး အလေ့အကျင့်ကောင်းတစ်ခု အစပြု ထွန်းကားစေရန် အကြောင်းဖြစ်၍ အာဏာရှင်နှင့် အာဏာရှင်စနစ်ပြုတ်ကျရုံဖြင့် အရန်သင့် ဖြစ်ပေါ်လာမည့်ကိစ္စတစ်ရပ် မဟုတ်ပါ။

 

ထို့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီ အလေ့အကျင့်ကောင်းများကို တော်လှန်ရေးကာလ၏ အရွေ့အလျားတိုင်းတွင် စတင် ကျင့်သုံးနိုင်ရန် အလေးထားသင့်သလို အာဏာရှင်လူသားတို့ အမျိုးပြုတ်သောအရေးထက် အာဏာရှင် စနစ် အမြစ်ပြတ်ရေးဆီ လေမိသောလှေပမာ အရှိန်အဟုန်ကောင်းစွာ ရွက်လွှင့်နိုင်ရန် အရေးကြီးကြောင်း သတိပြု အပ်ပါသည်။

 

Burma Associated Press

မြန်မာ
အာဏာသိမ်း

Share With
bap-logo