Editorial
အားလုံးပါဝင်ရေး အလေးထားရမည့် အချိန်
လွန်ခဲ့သော ၂ နှစ် က
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)အား အခြေခံသော နိုင်ငံရေးနည်းလမ်းဖြင့်သာ မြန်မာ့နိုင်ငံရေး ကို အဖြေရှာမည်ဟု ကေအဲန်ယူ တပ်မဟာ(၇) ဥက္ကဌ ဖဒို အောင်မော်ဧက စက်တင်ဘာ ၁၅ ရက်၌ ကြေညာ ခဲ့သည်။
မင်းအောင်လှိုင်စစ်တပ်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ပါ သဘောတူညီချက်များကို ချိုးဖောက် သောကြောင့် ယင်းစာချုပ်ပျက်ပြယ်ကြောင်း ကေအဲန်ယူကွန်ဂရက်အစည်းအဝေးအပြီး ဩဂုတ် ၁၀ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ကေအဲန်ယူအထွေထွေအတွင်းရေးမှူး အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောခဲ့သည်။
သို့သော် ကေအဲန်ယူ တပ်မဟာ(၇) ဥက္ကဌကမူ စာချုပ်ပျက်ပြယ်ကြောင်း ကေအဲန်ယူအနေဖြင့် တရားဝင် ထုတ်ပြန်ထားခြင်း မရှိကြောင်းနှင့် နယ်မြေဒေသ တည်ငြိမ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးတို့အတွက် ယခုကဲ့သို့ ဆုံးဖြတ်ရကြောင်းဆိုသည်။
ထို့အတူ ဗိုလ်နဂါးဦးဆောင်သည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာနအကြားတွင်လည်း အငြင်းပွားစရာကိစ္စအများအပြားအား အငြင်းပွားနေကြသည်။ ထိုအငြင်းပွား စရာကိစ္စများကို ကိုင်သွယ်ဖြေရှင်းကြသည်ကိုလည်း နည်းမှန်လမ်းမှန်အားဖြင့် မတွေ့ရပါ။
ထို့အတူ တစ်နိုင်ငံလုံးအပစ်အခပ်ရပ်စဲရေးစာချုပ်အတိုင်း စစ်ကောင်စီဖြင့် ညှိနှိုင်းဆောင်ရွက်နေကြသော အခြား လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များလည်း ရှိနေသည်။ အချို့သောအဖွဲ့များသည် အမျိုးသားညီညွတ်ရေး အစိုး ရနှင့် မဟာမိတ်ဖွဲ့လုပ်ဆောင်နေကြသည်လည်း ရှိသည်။
ထိုအခြေအနေများကို သာမန်အားဖြင့် မတူကွဲပြားမှုများဟု ဆိုနိုင်ပါသည်။ နိုင်ငံရေးအရ မတူညီသောအစုအဖွဲ့ များ၏ ကွဲပြားသော စိတ်ဝင်စားမှုများဖြင့် မြင်နိုင်ပါသည်။
သို့သော် ယနေ့ကာလသည် အာဏာရှင်စနစ်ကို တွန်းလှန်နေသောကာလဖြစ်သည်။ နိုင်ငံရေးအရ စိတ်ဝင်စားမှု နှင့် အာဏာပါဝါခွဲဝေယူရေးအတွက် ဆွေးနွေးနေကြခြင်း မဟုတ်ပါ။ တစ်နည်းအားဖြင့် နိုင်ငံသမားတစ်ဦး၊ နိုင်ငံ ရေး အစုအဖွဲ့တစ်ခု၊ ပါတီတစ်ခုနှင့် လူနည်းစုကိုယ်စားပြုအစုအဖွဲ့တစ်ခု၏ တစ်စုံတရာစိတ်ဝင်စားမှု အကျိုးစီး ပွား အတွက် ဆောင်ရွက်ကြရမည့် ကာလတစ်ခုလည်း မဟုတ်ပါ။ အများပြည်သူ့အကျိုးစီးကို ရှေ့ရှု၍ နိုင်ငံတစ် ခုလုံး၏ နိုင်ငံရေးစနစ်ကို အပြီးတိုင် ပြောင်းလဲစေရန်ဆိုသော နိုင်ငံရေးစိတ်ဆန္ဒကို ရှေ့တန်းတင်ရမည့် အချိန် ဖြစ်ပါသည်။
ထို့ကြောင့် နွေဦးတော်လှန်ရေးပေါ်ပေါက်လာပြီး တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။ နွေဦးတော်လှန်ရေးသည် မြန် မာတစ်နိုင်ငံလုံး၏ အကျိုးစီးပွားဖြစ်ပါသည်။ နိုင်ငံတစ်ခု တည်ဆောက်ရေးအတွက် အရေးပါသော အရွေ့တစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် ထိုအကျိုးကို ရှေ့ရှု၍ အလေးထား စီမံအပ်ပါသည်။ ကိုယ်တိုင်နှင့် ကိုယ့်လူမျိုးအကျိုးစီး ပွားဟူ၍ကို ဖယ်ခွာပြီး တိုင်းပြည်၏ ရေရှည်ဖြစ်သော ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုကို အမြင်ကျယ်ရမည့် အချိန် ပင်ဖြစ်ပါသည်။ တစ်စုတစ်ဖွဲ့ တစ်ဦးတစ်ယောက်ထက် အများဆိုသော အားလုံးပါဝင်ရေးကို အလေးထားသင့် ချိန် ဖြစ်ပါသည်။
Burma Associated Press