bap-logo
Politics

စစ်မှုထမ်းဖို့ မဲပေါက်တဲ့လူငယ်တွေ ရှောင်ပြေးနေကြ

ycHhSPlUklTNWEMDZdAaA-image

လွန်ခဲ့သော တစ်နှစ် က

မတ် ၁၄။

 

ရန်ကုန်မြို့၊ မြို့နယ်အများစုက လူငယ်တွေ စစ်မှုထမ်းဖို့ မဲနိုက်ပြီးနာမည်စာရင်းထွက်လာတဲ့နောက် အများစုက ရှောင်ပြေးဖို့ပြင်ဆင်နေကြရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

 

"မနေ့က ကျမတို့ရပ်ကွက်က အပျိုကြီးအိမ်က သူ့တူလေးနာမည်စာရင်းပါတယ်၊ မဲနိုက်ရွေးတာလို့ပြောတော့ ငိုလိုက်တာ တက်မတတ်ပဲ၊ အခြားအိမ်တွေလဲ စားရင်းထွက်လာကြတော့ လူတွေစိုးရိမ်သောက ရောက်နေ ကြရပြီ"လို့ သာကေတမြို့နေထိုင်သူတဦးကပြောပါတယ်။

 

လက်ရှိအချိန် ရန်ကုန်တိုင်းအတွင်းက ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး၊ လှိုင်သာယာ၊ တိုက်ကြီး၊ သာကေတမြို့တွေမှာ စစ်မှုထမ်းဖို့ စာရင်းကောက်နေတယ်လို့ သိရပါတယ်။

 

အချို့ရပ်ကွက်တွေက စစ်မူထမ်းစားရင်းကောက်ရာမှာသန်းခေါင်စာရင်းရှိသူတွေကို ဦးစားပေးရွေးချယ်ပြီး ဧည့်စာရင်းနဲ့နေထိုင်သူတွေက နောက်ထပ်အသုတ်တွေမှာ ထည့်သွင်းဖို့ပြင်ဆင်နေတယ်တယ်လို့ ကနဦး သိရပါတယ်။

 

"နာမည်စာရင်းပါတဲ့အချို့ကောင်လေးတွေဆို ကြောက်လန့်ပြီးအိမ်ကနေထွက်ပြေးတာ၊ အလုပ်သွားကနေ ပြန်မလာတော့တာမျိုး၊ ဖုန်းတွေပါပိတ်လိုက်တဲ့ထိအခြေနေတွေဖြစ်နေရတယ်"လို့ ရန်ကုန်မြို့နေသူတဦးက ပြောပါတယ်။

 

ရန်ကုန်မြို့မှာနေထိုင်တဲ့သန်းခေါင်စာရင်းရှိသူတွေကို စာရင်းကောက်ပြီး မတ်လ ၁၃ ရက်က မြို့နယ်အလိုက် စတင်မဲနှိုက်နေပြီး လမ်းပိုင်းတခုကို လူငယ်နှစ်ယောက်နှုန်းနဲ့ ကောက်နေကြတယ်လို့ ရန်ကုန်မြို့နေသူအချို့က ပြောပါတယ်။

 

လှိုင်သာယာမြို့နယ်မှာ စစ်မူထမ်းစာရင်းကို လာမဲ့ မတ်လ ၂၃ ရက်မှာ စတင်စစ်ဆေးမယ်လို့သိရပြီး ရပ်ကွက်ရုံးနဲ့ နီးစပ်ပြီး ရပ်ကွက်အလုပ်လုပ်သူတွေ အလိုအလျောက်စာရင်းပါမယ်လို့ဆိုပါတယ်။

 

"ကျွန်တော်တို့ရပ်ကွက်ရုံးကအရင်ဝင်ထွက်နေတဲ့လူငယ်တွေလည်း စစ်မူထမ်းစားရင်းမှာပါလာမှာစိုးလို့ ပြေးကြ ပြီ၊ အရင်အပတ်ကတော့ လူစားရင်းပဲကောက်တယ်ပြောပြီး ခုက နာမည်စားရင်းထွက်လာတယ်၊ အထက်က လုပ်နေတာ ရပ်ကွက်က ကြိုမသိရဘူး"လို့ ရန်ကုန်မြို့နေသူ ရပ်ကွက်အုပ်ချုပ်ရေးမူးအဖွဲ့ဝင်တဦးက ပြောပါ တယ်။

 

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပြီးနောက် ရန်ကုန်မြို့တွင်းရှိ မြို့နယ်တချို့မှာ စစ်မှုထမ်း စာရင်း သွင်းရန် ပုံစံ (-က) စာရွက်တွေကို အိမ်တိုင်ရာရောက် လိုက်လံ ကောက်ယူနေတာဖြစ်ပါတယ်။

 

နေပြည်တော် မြို့နယ်များရှိ ကျေးရွာတွေမှာလည်း စစ်မှုထမ်းဖို့ လူငယ်တွေရဲ့နာမည်စာရင်းတွေထွက်နေပြီး မဖြစ်မနေ စစ်မူထမ်းရမယ်လို့ နေပြည်တော်မြို့ခံတွေက ပြောပါတယ်။

 

ပုံစာ- စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရသည့် မြန်မာလူငယ်အချို့

 

Burma Associated Press

ရန်ကုန်
စစ်အုပ်ချုပ်ရေး
လူငယ်

Share With
bap-logo