bap-logo
Politics

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းကြောင့် ဆီဆိုင်မြို့မဈေးတစ်ခုလုံး မီးလောင်ပျက်စီးခဲ့ရ

7g4_EfEvL4VplHeqVglMe-image

လွန်ခဲ့သော တစ်နှစ် က

မတ် ၁၂။

 

ဆီဆိုင်မြို့ကို စစ်ကောင်စီက လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ မြို့မစျေး တစျေးလုံးနီးပါး မီးလောင်ပျက်စီးခဲ့ပြီး လူနေအိမ်တွေပါပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

"တလအတွင်းဖျက်စီးခဲ့တာ ဘယ်ဟာမှရစရာမရှိတော့ဘူး၊ ဒရုန်းဗုံးတွေဆက်တိုက်ကျနေတာ ရွာဘက်ကနေ ဗုံးခိုကျင်းတူးပြီးနေနေတဲ့သူတွေလည်း ကျင်းထဲကနေမတက်ရတော့ဘူး "လို့ဆီဆိုင်မြို့ခံတဦးကပြောပါတယ်။

 

စစ်ကောင်စီတပ်ဟာ ယမန်နေ့ မနက် နာရီမှ ၁၁ နာရီအထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့တွင်းကို လက်နက်ကြီးနဲ့ အကြိမ် ၄၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA)က အသိပေးထုတ်ပြန်ပါတယ်။။

 

ဒါ့အပြင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကို လက်နက်ကြီးများဖြင့် ၂၁ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

 

ဒီလိုပစ်ခတ်နေတာဟာ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇာဝတ်မှုတွေကို ပေါ်ပေါ်တင်တင် ကျူးလွန်းနေတာလို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ဆိုပါတယ်။

 

စစ်ကောင်စီရဲ့ အပြင်းထန်ဆုံး အရက်စက်ဆုံး အကြမ်းတမ်းဆုံးနည်းတွေနဲ့ ပြည်သူတွေကို တိုက်ခိုက် သတ်ဖြတ်နေတာကို ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့အဖွဲ့အစည်းတွေ ကမ္ဘာ့နိုင်ငံတွေက ယခုအချိန်ထိ အကြီးအကျယ်တာဝန်မဲ့နေ တာဝန်ပျက်ကွက်နေတာဟာ အလွန်ပင် ရှက်ဖွယ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

စစ်ရာဇဝတ်မှုကို လွယ်လွယ်ကူကူ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကာင်စီကို ကမ္ဘာ့အဖွဲ့အစည်းတွေ နိုင်ငံတွေအနေနဲ့ အပြောမဟုတ်ဘဲ လက်တွေ့ ထိထိရောက်ရောက်အရေးယူဖို့လိုအပ်တယ် လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ဆိုပါတယ်။

 

ဓာတ်ပုံ- PNLA

 

Burma Associated Press

ဆီဆိုင်မြို့
စစ်တပ်
အရပ်သား
လက်နက်ကြီး

Share With
bap-logo