bap-logo
Data

ပကဖ နှင့် LDF များ၏ စစ်လက်နက်ထုတ် လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ သန်း ပေးပို့ခဲ့

3LFoLNT-W21s_JfUSO3As-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၁၄။

 

ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖနှင့် ဒေသကာကွယ်ရေးအဖွဲ့-LDF များ၏ စစ်လက်နက်ထုတ်လုပ်ရေး အတွက် PRFထံမှ ရရှိသည့် ထောက်ပံငွေများအနက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ သန်း ပေးပို့ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဥ်- PRFထံမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဧပြီ ၃၀ ရက်အထိ ၁၇ လအ တွင်းအမေရိကန်ဒေါ်လာ ၁၀ ဒသမ ၉၃ သန်း လက်ခံရရှိခဲ့ပြီးဖြစ်သည်ဟု သိရသည်။

 

ပြည်သူ့ထောက်ပို့ငွေစုစုပေါင်းမှ PDF တပ်ရင်းများ၏ ထောက်ပံ့စားရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၉ ဒသမ ၀၃ သန်း အသုံးပြုခဲ့ရာ PRF ထံက PDF တပ်ရင်းများစားရိတ်အတွက် ၇၁ ဒသမ ၄၂ ရာခိုင်နှုန်း အထိ ထောက်ပံ့နိုင်ခဲ့သည်ဟု ဆိုသည်။

 

ဓာတ်ပုံ- MOD

 

ပုံစာ- MOD လက်အောက်ခံ ဖက်ဒရယ်စစ်ကြောင်း၏ အပတ်စဥ် (၄) သင်တန်းဆင်းပွဲ

 

Burma Associated Press

အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
ပီဒီအက်ဖ်

Share With
bap-logo