Politics
လူဦးရေစာရင်းခေါင်းစဉ်ဖြင့် တစ်အိမ်တက်ဆင်း စာရင်းကောက်မှု စစ်ကောင်စီထွေအုပ်ပြုလုပ်လာ
လွန်ခဲ့သော တစ်နှစ် က
ရန်ကုန်၊ မတ် ၇။
ရန်ကုန်တိုင်းအတွင်းကမြို့နယ်တွေမှာ စစ်ကောင်စီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမူးရုံးကဦးစီးပြီး ရပ်ကွက် အုပ်ချုပ်ရေးမူးအဖွဲ့က လူဦးရေစားရင်းကောက်ခံနေတယ်လို့ မြို့ခံအချို့ဆီက သိရပါတယ်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမူးရုံးက ဝန်ထမ်းနဲ့ရပ်ကွက်နယ်မြေမှူး၊ လမ်းမှူးတွေ တအိမ်တက်ဆင်း၊ တိုက်ခန်း အလွှာမြင့်တွေထိတက်ကာ လူဦးရေးစာရင်းဆိုပြီး အမျိုးသား၊အမျိုးသမီးဦးရေအတိအကျ ကောက်ခံနေတယ်လို့ သာကေတမြို့နေထိုင်သူတဦးက ပြောပါတယ်။
"စစ်မူထမ်းဖို့မဟုတ်ဘူးလို့တော့ပြောတယ်၊ မှတ်ပုံတင်နံပါတ်၊ အသက်ဘာညာသေချာမမေးဘူး ၊ လက်ရှိနေ ထိုင်သူတွေကို သိချင်လို့ ကောက်တာလို့ပြောတယ်၊ ကလေးဘယ်နှစ်ယောက်ရှိလဲကအစ စာရင်း ကောက်နေတာ" လို့ သာကေတမြို့၆ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
ရန်ကုန်မှာ မြို့သန်းခေါင်စာရင်း အိမ်ထောင်စုစာရင်းမရှိပဲနေထိုင်သူ အိမ်ရှင်၊ အိမ်ငှားအားလုံး ရပ်ကွက်တွေမှာ ဧည့်စားရင်းတိုင်ထားကြပေမယ့် အခုလိုလူနေအိမ်ခန်းတွေထိ စားရင်းကောက်နေတာ ကြောင့် မြို့ခံအချို့က စိုးရိမ်နေကြပါတယ်။
အခုလို လူဦးရေစာရင်း ကောက်ခံနေတာဟာ စစ်မူထမ်းကိစ္စမဟုတ်ဘဲ ရန်ကုန်တိုင်းတတိုင်းလုံးအနေနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမူးကိုယ်တိုင်ဦးစီးကာ ရပ်ကွက်တွေအထိကောက်ယူနေတာလို့ ထွေအုပ်ရုံး ဝန်ထမ်း တဦးက ပြောပါတယ်။
"ဘာလို့ကောက်တာလဲကျွန်တော်တို့မသိဘူး၊ အသက်တွေ၊ နာမည်တွေဘယ်ကနေ လာနေတာမျိုး တိတိ ကျကျမကောက်ပါဘူး လူဘယ်နှစ်ဦးနေထိုင်တဲ့စားရင်းပဲကောက်တာပါ"လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ဇန်နဝါရီ တုန်းကလည်း စစ်ကောင်စီက ရွေးကောက်ပွဲအတွက်ဆိုပြီး လူဦးရေစာရင်းတွေ နိုင်ငံအနှံ့ ကောက်ခဲ့ပါသေးတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ယခုနှစ်စမှာပဲ အမျိုးသားစစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး စစ်သားစုဆောင်း မှုတွေကို လာမဲ့ဧပြီလမှာ ပြုလုပ်မယ်လို့ ပြောဆိုထားတာရှိပါတယ်။
ပုံစာ- လူဦးရေစာရင်းကောက်ယူနေစဉ် (ပုံဟောင်း၊ ဓာတ်ပုံ - လူမှုကွန်ရက် )
Burma Associated Press
Top News
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၆ ရက် က