bap-logo
Politics

မန္တလေး ချမ်းအေးသာစံနဲ့ ချမ်းမြသာစည်ဘက်မှာ လူငယ် ၁၇ ဦး တရက်ထဲ အဖမ်းခံရ

RMAmAGY4VA1WaGVVXl-cR-image

လွန်ခဲ့သော တစ်နှစ် က

မန္တလေး၊ ဖေဖော်ဝါရီ ၂၇၊

 

မန္တလေး၊ ချမ်းအေးသာစံနဲ့ ချမ်းမြသာစည်ဘက်မှာ လူငယ် ၁၇ ဦး ဖေဖော်ဝါရီလ ၂၅ တရက်ထဲ အဖမ်းခံရတယ်လို့ ဒေသခံတွေက BAP ကို ပြောပါတယ်။

 

“တစ်ယောက်က သူငယ်ချင်းဆီအလည်လာတာ ညအိပ်ဂိမ်းလာဆော့တာ ဧည့်စာရင်းမတိုင်လို့ဆိုပြီး ပါသွားတာ၊ အောင်ပင်လယ်ကတော့ လမ်းတွေပိတ်ပြီး ဧည့်စာရင်းစစ်သလိုနဲ့ ဝင်ဆွဲသွားတာ” လို့ သူက ပြောပါတယ်။

 

 

ဖမ်းဆီးခံရမှုတွေဟာ ၁၀၃/၅၁*၅၂ ကြား အောင်ပင်လယ် ရွာလယ်လမ်းမှာ ၁၀ ယောက်၊ ယာဉ်ပျံမှာ ၇ ယောက် ဖြစ်တယ်လို့ သိရပါတယ်။

 

“ယာဉ်ပျံထဲက ၆ ယောက်က ၅/ မှတ်ပုံတင်နဲ့ မိသားစုနဲ့ စစ်ရှောင်ရင်း အိမ်ငှားနေကြတာ။ လူငယ်တွေ ချည်းနေတာမဟုတ်ဘူး။ မန္တလေးမှာ အလုပ်လုပ်နေတာ။ deli လုပ်တဲ့ နှစ်ယောက်ပါတယ်။ မိန်းထဲက ရေမြောင်းဘေးမှာ မုန့်ရောင်းတဲ့သူပါတယ်” လို့လည်း မန္တလေးမြို့ခံတစ်ဦးက BAP ကို ပြောပါတယ်။

 

ဒီနေ့မှာလည်း စစ်ကောင်စီနဲ့ အဖွဲ့တွေက အုပ်ချုပ်ရေးမှူးတွေနဲ့အတူ ၈၂ လမ်း၊ ၂၂*၂၃ လမ်းကြားက တိုက်ခန်းတွေမှာ နာမည်နဲ့အိမ်ထောင်စုစာရင်းလိုက်ကောက်နေတာမျိုးရှိတယ်လို့ သိရပါတယ်။

 

ပုံစာ - မန္တလေး၊ ချမ်းအေးသာစံမြို့နယ်အတွင်း တနေရာကို တွေ့ရစဉ်

မန္တလေး
လူငယ်
အဖမ်းခံရ

Share With
bap-logo