Politics
တိုက်ပွဲကြောင့် ကော့ကရိတ်တွင် အရပ်သား တစ်ဦး ထပ်မံသေဆုံး
လွန်ခဲ့သော တစ်နှစ် က
ဒီဇင်ဘာ ၇။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် ကော့ကရိတ်အနီး တိုက်ပွဲကြောင့် ချောင်းတောင် ရပ်ကွက်မှ လူလတ်ပိုင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်ဟု မြို့ခံတစ်ဦးက BAP ကိုပြောသည်။
ယမန်နေ့ ဒီဇင်ဘာ ၆ ရက်က ကော့ကရိတ်မြို့ အာရှလမ်းမပေါ်ရှိ ပုလဲဖြူ၊ သင်္ချုင်းကုန်းနှင့် ရေကူးကန်နေရာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လက်ရှိ ကော့ကရိတ်တွင် ညပိုင်း၌ လူငယ်များကို ဖမ်းဆီးမှုများ ရှိနေသည် ဟုလည်း သူက ပြောသည်။
“စက်သုံးဆီကို တချို့ဆိုင်တွေမှာ တစ်လီတာကို ၅ ထောင်ထိ ရောင်းနေကြတာ ရှိတယ်၊ ဆိုင်တွေကတော့ ပိတ်ထားတယ်” ဟု သူက ပြောသည်။
ဒီဇင်ဘာ ၁ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ကော့ကရိတ်မြို့တွင် အရပ်သား တစ်ဦး၊ မြို့တောင်ပိုင်း ကျေးရွာများတွင် အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီ ဖြစ်သည်။
အာရှလမ်းပေါ်တွင် ကုန်ကားအများအပြား ပိတ်မိနေပြီး ကုန်ကားသမား ၁၀၀ ထက်မနည်းကို တော်လှန်ရေး အဖွဲ့များက ကယ်ထုတ်ထားရသည်။
ကော့ကရိတ်အနီးတဝိုက် ကျေးရွာများတွင် ဖုန်းလိုင်းပြတ်တောက်နေသည်မှာ လည်း ရက်သတ္တပတ် နီးပါးခန့် ကြာမြင့်နေပြီဖြစ်သည်။
ပုံစာ- ဒီဇင်ဘာ ၁ ရက်က စစ်ကောင်စီ ဗုံးထိမှန်ခဲ့သည့် နေအိမ်တစ်လုံး
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၁ ရက် က