bap-logo
Editorial

နည်းလမ်းဗျူဟာ အခရာ

vzqJ98oQzeSzNEc2nbE2j-image

လွန်ခဲ့သော ၂ နှစ် က

ပြည်ပနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများထံမှ ဝင်ငွေခွန် ရာခိုင်နှုန်းကို လစဉ်ပေးဆောင် ရမည်ဟု ဒီဇင်ဘာလ ၁၃ ရက်၌ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး(ဘန်ကောက်)က ကြေညာခဲ့သည်။ ဝင်ငွေခွန်ကို အောက်တိုဘာလ ရက်မှ စတင်ထမ်းဆောင်ရမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၂ ရက်ကတည်းက ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

 

ထို့အတူ စင်ကာပူရောက် မြန်မာနိုင်ငံသားများအနေဖြင့် အခွန်ကောက်ခံမည့် လစဉ်နှုန်းထားများအား နေထိုင်ခွင့် အမျိုးအစားများပေါ်မူတည်၍ သတ်မှတ်နှုန်းထားအပေါ် ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း စင်ကာ ပူဆိုင်ရာမြန်မာသံရုံးက ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်။ တောင်ကိုရီးယားဆိုင်ရာ မြန်မာသံရုံးကလည်း တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့်ပတ်သက်သော အခွန်ကောက်ခံခြင်းကိစ္စများကို ယခုလ တွင် ထုတ်ပြန်၍ အခွန်ကောက်ခံနိုင်ရန် ကြိုးပမ်းနေသည်။

 

ယင်းနည်းတူ နိုင်ငံခြားပင်လယ်ကူးသင်္ဘောသားများ ရရှိသည့်လစာ၏ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ် ခြောက်လစာ ကြိုတင်ပေးဆောင်မှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်ပြုမည်ဟု စစ်ကောင်စီက ပြီးခဲ့သော နိုဝင်ဘာ လတွင်ထုတ်ပြန်ခဲ့သည်။ အခွန်ကို ဒီဇင်ဘာလ ၁၂ ရက်တွင် ပေးဆောင်ခိုင်းပြီး အခွန် စတင်ပေးဆောင်ရမည့် ကာလကို အောက်တိုဘာလဟု နှောင်းရက်စွဲဖြင့် သတ်မှတ်ခဲ့သည်။

 

ပြည်ပရောက် မြန်မာလုပ်သားများသည် ဝင်ငွေခွန်ပေးဆောင်ရာတွင် နိုင်ငံခြားသုံးငွေ ဒေါ်လာဖြင့် ပေးဆောင်ကြ ရမည်။ ယင်းကြောင့် ဖော်ပြပါအခြေအနေများသည် စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေ ဒေါ်လာလိုအပ်ချက်ကို ဖော်ပြနေသည်။ တစ်ဖက်တွင် ယင်းသို့ ဝင်ငွေခွန်ဆောင်ခိုင်းခြင်းသည် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် သက်ဆိုင်ရာ ပြည်ပနိုင်ငံ၌ တရားဝင်နေထိုင်ခြင်း၊ အလုပ်လုပ်ကိုင်ခြင်းဖြင့်လည်း ဆက်စပ်နေသည်။

 

ပုံ‌မှန်အခြေအနေတစ်ခုတွင် နိုင်ငံတိုးတက်ရေးအတွက် အခွန်ထမ်းရခြင်းသည် ကောင်းမွန်သောအခြေအနေဖြစ် သည်။ ပြည်သူများ၏ အခွန်ထမ်းခြင်း နှစ်ထပ်မဖြစ်စေရေး၊ အခွန်ထမ်းပြည်သူများ သက်သောင့်သက်သာ အခွန် ထမ်းနိုင်ရေးနှင့် နိုင်ငံဘဏ္ဍာတိုးတက်ရေး စသည်တို့ကို မူဝါဒကောင်းများဖြင့် ဆောင်ရွက်ကြရသည်။ ၂၀၁၅ ရွေး ကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် ဝင်ငွေခွန်အပါအဝင် အခွန်အမျိုးမျိုးကို များပြည်သူက ထမ်းဆောင်ခဲ့ကြသည်။

 

သို့သော် ယခုကဲ့သို့ စစ်ကောင်စီက ဝင်ငွေခွန်ထမ်းဆောင်ခိုင်းခြင်းသည် ပြည်ပရောက်မြန်မာနိုင်ငံသားများကို ကြပ်ကိုင်၍ နိုင်ထက်စီးနင်းပြုခြင်းဖြစ်သည်။ ထို့ကြောင့် အခွန်ထမ်းပြည်သူများအကြားနှင့် နိုင်ငံရေးအင်အားစု များ၌ အသံစုံထွက်လာသည်။ သံရုံးများရှေ့ တန်းစီ၍ အခွန်ဆောင်နေသည့် ဓာတ်ပုံများထွက်လာပြီး ဝေဖန်ပြော ဆိုသံများ ထွက်လာသည်။ စစ်ကောင်စီသို့ အခွန်မဆောင်ရန် ပြောသံဆိုသံဝေဖန်သံများ ထွက်လာသည်။

 

လက်ရှိအခြေအနေအရ စစ်ကောင်စီသို့ အခွန်မဆောင်ဘဲနေခြင်းသည် သင့်တော်သော ကိစ္စရပ်တစ်ခု မဟုတ် သလို အောင်မြင်ရန် နည်းပါသည်။ မီတာခလိုကိစ္စမျိုးအပါအဝင် မြေခွန်၊ ရေခွန်၊ ယာခွန်နှင့် အမှိုက်ခွန်များကို စစ်ကောင်စီထံ မဆောင်ဘဲ ရှောင်ခြင်းသည် တော်လှန်ရေးကာလ တောင့်ခံရှင်သန်နေကြသည့် အများပြည်သူ အတွက် ခက်ခဲနိုင်ပါသည်။

 

ထို့ကြောင့် ဝင်ငွေခွန်မဆောင်ဘဲနေသည်ထက် စစ်‌ကောင်စီသို့ အခွန်ငွေစီးဆင်းမှု နည်းပါးစေမည့် နည်းလမ်းများ ကိုသာ ရှာဖွေကြံဆောင်သင့်ပါသည်။ စစ်ကောင်စီထံသို့ အလုံးအရင်းဖြင့် စီးဆင်းနိုင်သည့်‌ ဝင်ငွေလမ်းကြောင်း များကို ဖြတ်တောက်ရန် ကြိုးစားသင့်ပါသည်။ နိုင်ငံရေးဦးဆောင်သူများ သတိပြုရမည်မှာ ယခုကာလသည် အများ ပြည်သူအတွက် အဖက်ဖက်က ကြပ်တည်းမှုအမျိုးမျိုးကို ရင်ဆိုင်နေရခြင်းပင်ဖြစ်သည်။ ထို့ပြင် နွေဦး တော်လှန်ရေးအတွက် အများပြည်သူသည် တာဝန်ကျေပြီးဖြစ်သည်ကိုလည်း ဂရုပြုသင့်သည်။

 

စစ်ကောင်စီ၏ နည်းပေါင်းစုံဖြင့် ဖိနှိပ်ဗိုလ်ကျမှုများကို တွန်းလှန်ရမည်မှာ နိုင်ငံရေးဦးဆောင်သူများ တာဝန်ယူ ဆောင်ရွက်နေသည့် စစ်ရေးနှင့် နိုင်ငံရေးကို နိုင်နင်းရန်သာဖြစ်သည်။ ယင်းအတွက် အများပြည်သူသည် ဒုက္ခကို ခါးစည်းခံ၍ တောင့်ခံပြီး ဖြစ်သည်။

 

ထို့ကြောင့် မိမိတို့၏ တာဝန်နှင့် ဝတ္တရားကိုသာ ဦးထိပ်ပန်ဆင်၍ စစ်အာဏာရှင် အမြစ်ပြတ်အောင် အားထုတ် ရမည်သာဖြစ်ပြီး စစ်ကောင်စီထံ ငွေကြေးစီးဆင်းမှုနည်းပါးစေမည့် နည်းလမ်းကောင်းများကို ရှာဖွေသင့် ကြောင်း တိုက်တွန်းရပါသည်။

 

Burma Associated Press

စစ်ကောင်စီ
အခွန်
ရွေ့ပြောင်းအလုပ်သမား

Share With
bap-logo