Data
စစ်ကောင်စီ ဗိုလ်ကြီး တစ်ဦးအပါအဝင် ၁၅ ဦး CDF-Daai ဖမ်းမိ
လွန်ခဲ့သော တစ်နှစ် က
ဖေဖော်ဝါရီ ၁။
စစ်ကောင်စီရဲ့ သုံးပွင့်ဗိုလ်ကြီးအဆင့် (၁) ဉီး၊ နှစ်ပွင့် ဗိုလ်အဆင့် (၁) ဦးနဲ့ ထောက်လှမ်းရေးအရာရှိ (IO) တစ်ဉီးအပါအဝင် အကြပ်ရဲဘော် ၁၅ ဦးကို CDF-Daai က ဖမ်းမိခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
ဖမ်းမိသူတွေဟာ စစ်ကောင်စီရဲ့ တပ်မ ၁၁ - ခမရ ၂၁၇၊ ခမရ ၃၇၆၊ ခမရ ၅၃၈၊ ခမရ ၂၂၀၊ ခမရ ၂၁၉၊ ခမရ ၃၈၊ ခမရ ၅၈၇နဲ့ ခမရ ၉၀၈ တို့က ထွက်ပြေးလာသူတွေဖြစ်ပြီး ဇန်နဝါရီ ၃၀ ရက်က ဒိုင်ရ်ဒေသ အတွင်းမှာ ဖမ်းမိခဲ့တာလို့လည်း အသိပေးပါတယ်။
ဖမ်းမိတဲ့သူတွေထဲက ပြင်းထန်ဒဏ်ရာ ရထားသူ ၃ ဦးနဲ့ သာမန် ဒဏ်ရာ ရထားသူ ၂ ဦးကို CDF – Daaiက ဆေးကုသမှုတွေ ပြုလုပ်ပေးပြီး နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
CDF - Daai အနေနဲ့ ဒိုင်ရ်ဒေသတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်လို့ ရေကြောင်းကနေ သွားလာတာနဲ့ ကုန်စည်ရောင်းဝယ်မှုတွေကို ဖေဖော်ဝါရီ ၁ ရက်ကနေ ၄ ရက်အထိ လုံးဝမပြု လုပ်ကြဖို့ကိုလည်း သတိပေးထားပါတယ်။
ဓာတ်ပုံ- CDF - Daai
Top News
လွန်ခဲ့သော ၃ ရက် က