bap-logo
Data

တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် အကျဉ်းသား နှစ်ရာကျော် လွတ်ငြိမ်းခွင့်ပေး

1bIFbAY0C1pps_sgAP9Ch-image

လွန်ခဲ့သော ၈ လ က

ဇန်နဝါရီ ၁၂။

 

ဒီနေ့ ကျရောက်တဲ့ (၆၁) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသူ/အကျဉ်းသား ၂၃၂ ဦးကို လွတ်ငြိမ်းခွင့် ပေးခဲ့တယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး - PSLF/TNLAက ထုတ်ပြန်ပါတယ်။

 

ဒါ့အပြင် ထောင်ဒဏ် နှစ်ကနေ ၂၀ နှစ်အထိ ပြစ်ဒဏ်ကျခံနေရသူ ၆၀ ဦးကိုလည်း ပြစ်ဒဏ် လျှော့ပေါ့ခွင့် ပြုလိုက်တယ်လို့ ဆိုပါတယ်။

 

လွတ်ငြိမ်းနဲ့ ပြစ်ဒဏ် လျှော့ပေါ့ခွင့် ပေးလိုက်သူတွေထဲမှာ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု၊ မူးယစ် ဆေးဝါးသုံးစွဲမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ပြစ်မှုကျူးလွန်သူတွေ ပါဝင်တယ်လို့ TNLA က အသိပေးပါတယ်။

 

အရင်က လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သူတွေထဲမှာ တိုက်ပွဲတွင်းဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ပါဝင်ခဲ့ ပေမယ့် အခုတစ်ကြိမ်မှာတော့ စစ်သုံ့ပန်းမပါဝင်ဘူးလို့လည်း ဆိုပါတယ်။

 

ဓါတ်ပုံ - TNLA

 

Burma Associated Press

လွတ်ငြိမ်းခွင့်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်

Share With
bap-logo