bap-logo
Data

နှစ်လအတွင်း မြန်မာစစ်သား ၄၁၆ ဦး အိန္ဒိယသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့

SlZ1J0GaT23Fo2Jj5lp41-image

လွန်ခဲ့သော ၈ လ က

တော်လှန်ပုန်ကန်သူအဖွဲ့များနှင့် စစ်အာဏာရှင်တို့ ဆက်လက်တိုက်ခိုက်နေကြစဉ်မှာပင် ပြီးခဲ့သည့် နှစ်လ အတွင်း မြန်မာစစ်သား ၄၀၀ ကျော် အိန္ဒိယနိုင်ငံအတွင်းသို့ နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်ခဲ့ကြောင်း အိန္ဒိယစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Manoj Pande က ကြာသပတေးနေ့တွင် ပြောသည်။

           

အိန္ဒိယအာဏာပိုင်များက မြန်မာတပ်ဖွဲ့များကို ၎င်းတို့ နယ်စပ်ဖြတ်ကျော်လာပြီး ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ပြန်ပို့ပေးခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။

           

တပ်မတော်နေ့မတိုင်မီ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဗိုလ်ချုပ်ကြီး Pande က နယ်စပ်အခြေအနေများကို ရှင်းလင်းပြောဆိုရာအင်ဒို-မြန်မာ နယ်စပ်တစ်လျှောက် အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ အချို့ တော်လှန်ရေးအဖွဲ့များမှာ ယခုအခါ ဖိအားကြောင့် မနီပူရ်ပြည်နယ်သို့ ဝင်ရောက်ကြိုးပမ်းနေကြောင်း၊ မနီပူရ်မှ အခြေအနေများနှင့် ပေါင်းစပ်၍ အနီးကပ်စောင့်ကြည့်နေကြောင်း၊ အင်ဒို-မြန်မာနယ်စပ်တွင် တပ်နေရာချထားမှု အခိုင်အမာရှိကြောင်း၊ အာသံရိုင်ဖယ်တပ်ရင်း ၂၀ ခန့် ချထားကြောင်း၊ မြန်မာ နယ်စပ်တလျှောက် ခြံစည်းရိုးအခိုင်အမာ ကာရန်လည်း စဉ်းစားနေကြောင်း” ပြောဆိုခဲ့သည်ဟု အိန္ဒိယ သတင်းဌာန Rediff က ဖော်ပြသည်။

           

မြန်မာစစ်တပ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့များအကြား တိုက်ပွဲများ ရပ်တန့်ရန် အိန္ဒိယနိုင်ငံက ပြီးခဲ့သည့်လတွင် တိုက်တွန်းတောင်းဆိုထားသည်။

           

အိန္ဒိယသည် မြန်မာနယ်စပ်တွင်သာမက ကက်ရှ်မီးယား Rajouri-Poonch ဒေသတွင်လည်း တပ်နေရာ ထားမှုများ တိုးမြှင့်လုပ်ဆောင်နေသည်။ Poonch တွင် ပြီးခဲ့သည့်လက အိန္ဒိယစစ်တပ်ကို ခြုံခိုတိုက်ခိုက်မှုနှင့် ပတ်သတ်၍ စစ်ဆေးမေးမြန်းစဉ် အရပ်သား သုံးဦး သေဆုံးခဲ့သည်။ ခြုံခိုတိုက်ခိုက်မှုအတွင်း စစ်သား လေးဦး သေဆုံးခဲ့သည်။

 

ကိုးကား - ReutersRediff

ပုံစာ - တပ်မတော်နေ့မတိုင်မီ သတင်းစာရှင်းလင်းပွဲမှ အိန္ဒိယဗိုလ်ချုပ်ကြီး Manoj Pande (Photo: PTI Photo)

 

 

အိန္ဒိယ
အာဏာသိမ်းစစ်အုပ်စု
မြန်မာ
နယ်စပ်

Share With
bap-logo