bap-logo
Politics

ထိုင်းဘဏ်များက မြန်မာစစ်တပ်အတွက် လက်နက်နှင့် ငွေကြေး စီးဆင်းနိုင်ရန် ထိပ်တန်းထောက်ပံ့ ကူညီသူများဖြစ်သည်ဟု ကုလကျွမ်းကျင်သူပြော

GP-Q5-xw4_ZxuJLAmDgzN-image

လွန်ခဲ့သော ၃ လ က

BAP၊ ဘာသာပြန်။

နိုင်ငံတကာဘဏ်များသည် မြန်မာစစ်တပ်က လူထုကို စနစ်တကျ၊ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများကျူးလွန်နိုင်စေရန် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း ကုလကျွမ်းကျင်သူ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ထိုင်းဘဏ်များသည် ယခုအခါ မြန်မာစစ်တပ်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ် အစိတ်အပိုင်းများ အပါအဝင် လက်နက်နှင့် စစ်ပစ္စည်းများ ဝယ်ယူရာတွင် အဓိကဖြစ်လာကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွန် အန်ဒရူးစ်၏ ဗုဒ္ဓဟူးနေ့ အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။ ၎င်းဝယ်ယူမှုများက ပြည်တွင်းစစ် သုံးနှစ်အတွင်း အရပ်သား ၅၀၀၀ ကျော် သေဆုံးစေခဲ့သည့် မြန်မာစစ်တပ်အတွက် အထောက်အပံ့များ ဖြစ်စေခဲ့သည်။

 

သူတို့ ဒီလို လုပ်နိုင်တာက နိုင်ငံခြားက လက်နက်တွေ ဝယ်နိုင်နေလို့ဖြစ်ပါတယ်။ ဒီလို ဝယ်နိုင်ဖို့ကို နိုင်ငံခြားဘဏ်တွေက ဝန်ဆောင်မှု ပေးနေလို့ ဖြစ်ပါတယ်

 

စစ်အုပ်စုသည် ပြီးခဲ့သည့် ခြောက်လအတွင်း အရပ်သားပစ်မှတ်များကို သေစေလောက်သည့် လေကြောင်းမှ တိုက်ခိုက်မှု "ငါးဆ” တိုးမြှင့်ခဲ့ကြောင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေပြီး စစ်တပ်ကို ခုခံမှု မပြုစေရေး အရပ်သားများကို "ခြောက်လှန့်” ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း အန်ဒရူးစ်က ပြောသည်။

 

သူတို့ ဒီလို လုပ်နိုင်တာက နိုင်ငံခြားက လက်နက်တွေ ဝယ်နိုင်နေလို့ဖြစ်ပါတယ်။ ဒီလို ဝယ်နိုင်ဖို့ကို နိုင်ငံခြားဘဏ်တွေက ဝန်ဆောင်မှု ပေးနေလို့ ဖြစ်ပါတယ်။” ဟု အန်ဒရူးစ်က CNN ကို ပြောသည်။

 

“‌မရဏ ကုန်သွယ်ရေးအတွက် ဘဏ်လုပ်ငန်း - ဘဏ်များ၊ အစိုးရများက မြန်မာစစ်အုပ်စုအတွက် မည်သို့ လုပ်ဆောင်နိုင်ခွင့် ပေးနေသနည်း။” ဟူသည့် အစီရင်ခံစာတွင် ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံ ခုနှစ်နိုင်ငံမှ ဘဏ် ၁၆ ခုက စစ်တပ်၏ ဝယ်ယူမှုများအတွက် ငွေကြေးလွှဲပြောင်းမှုများ ဆောင်ရွက်ပေးခဲ့သည်ဟု ဖော်ပြထားသည်။

 

ဧပြီလ ၂၀၂၃ ခုနှစ်နှင့် မတ်လ ၂၀၂၄ ခုနှစ်အတွင်း စစ်အုပ်စု နိုင်ငံခြားမှ ရယူခဲ့သည့် လက်နက်များ၊ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးနည်းပညာများ၊ ပစ္စည်းကိရိယာထုတ်လုပ်ရေး၊ ကုန်ကြမ်းများမှာ ဒေါ်လာ ၂၅၃ သန်း တန်ဖိုးရှိသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

 

သို့ရာတွင် စင်ကာပူမှ တင်ပို့မှု သိသိသာသာ လျော့ကျသွားပြီးနောက် စစ်အုပ်စုအနေဖြင့် နိုင်ငံခြားဘဏ်များမှတဆင့် လက်နက်နှင့် စစ်ပစ္စည်းများ ဝယ်ယူမှု ပမာဏမှာ ၂၀၂၃ ခုနှစ်တွင် သုံးပုံတစ်ပုံ လျော့ကျသွားသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

 

သတင်းကောင်းအနေဖြင့် စစ်အုပ်စုသည် ပိုမို ဖယ်ကျဉ်ခံလာရသည်။ သတင်းဆိုးအနေဖြင့် စစ်အုပ်စုသည် ဒဏ်ခတ်အရေးယူမှု လစ်ဟာကွက်များမှ အသုံးချ ကိုယ်ကျိုးရှာခြင်း၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ ပြောင်းရွှေ့ခြင်း၊ အရေးယူမှုကို အပြည့်အဝ ပူးပေါင်းပါဝင်ရန်၊ အကျိုးသက်ရောက်စေရန် ပျက်ကွက်သည့် နိုင်ငံများထံမှ အကျိုးအမြတ်ထုတ် အားသာချက်ရယူခြင်းတို့ဖြင့် ဒဏ်ခတ်အရေးယူမှုနှင့် အခြားအရေးယူများကို ကျော်လွှားနေနိုင်သည်။” ဟု အစီရင်ခံစာက ဆိုသည်။

 

မြန်မာနိုင်ငံပိုင် အစုအဖွဲ့များ၏ ငွေကြေးအပေးအယူများသည် လက်နက်များ၊ လက်နက်အဆင့် ကုန်ပစ္စည်းများ ဝယ်ယူရေး စစ်အုပ်စု၏ စစ်ရန်ပုံငွေများ "ဖြစ်နိုင်ခြေ အလွန်မြင့်မားကြောင်း” ကို နိုင်ငံတကာဘဏ်များ သိရှိရန် လိုအပ်သည်ဟု အန်ဒရူးက ပြောသည်။

 

ဒီလို မဖြစ်စေချင်ဘူးဆိုရင် မြန်မာ နိုင်ငံပိုင် ဘဏ်တွေနဲ့ လုပ်ငန်း မလုပ်ကိုင်ပါနဲ့။” ဟု ၎င်းက ပြောသည်။

 

ထိုင်းနိုင်ငံနှင့် အချိတ်အဆက်

 

စင်ကာပူအခြေစိုက် အစုအဖွဲ့များသည် မြန်မာနိုင်ငံ၏ လက်နက်နှင့် စစ်ပစ္စည်းဝယ်ယူမှုတွင် တတိယအကြီးဆုံး အရင်းအမြစ်ဖြစ်ခဲ့သည်။ သို့သော် အစိုးရ၏ စုံစမ်းစစ်ဆေးမှုများပြုလုပ်အပြီးတွင် စင်ကာပူတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများမှ မြန်မာသို့ လက်နက်ပစ္စည်း တင်ပို့မှု ပြီးခဲ့သည့်နှစ်ထက် ၉၀ % လျော့ကျသွားသည်။

 

၂၀၂၂ ခုနှစ်တွင် စင်ကာပူအခြေစိုက် ဘဏ်များက ဘဏ်စနစ်အသုံးပြုသော စစ်အုပ်စု၏ ဝယ်ယူမှု ၇၀% ကို ဆောင်ရွက်ပေးခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ၂၀ % အောက်သို့ လျော့ကျသွားသည်ဟု အစီရင်ခံစာက ဖော်ပြသည်။

 

အခြားဘဏ္ဍာရေးအဖွဲ့အစည်းများကို ရှာဖွေရာ အိမ်နီးချင်း ထိုင်းနိုင်ငံကို စစ်အုပ်စုက တွေ့ရှိသွားသည်။

 

၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အကြား ထိုင်းနိုင်ငံအခြေစိုက် အစုအဖွဲ့များထံမှ လက်နက်နင့် ဆက်စပ်ပစ္စည်းများ တင်ပို့မှု ဒေါ်လာ သန်း ၆၀ မှ ဒေါ်လာ သန်း ၁၃၀ နီးပါးအထိ နှစ်ဆကျော် မြင့်တက်လာသည်။

 

အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ရာတွင် အသုံးပြုသော Mi-17 နဲ့ Mi-35 ရဟတ်ယာဉ် အစိတ်အပိုင်းတွေ အပါအဝင် စကစရဲ့ ဝယ်ယူမှုတွေဟာ အရင်က စင်ကာပူအခြေစိုက် အစုအဖွဲ့တွေထံမှ ဖြစ်ကြောင်း၊ ယခုအခါ ထိုင်းနိုင်ငံ အရင်းအမြစ်များထံမှ ဝယ်ယူနေကြောင်း” အစီရင်ခံစာက ဆိုသည်။

 

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦးက "အစီရင်ခံစာကို တွေ့မြင်ပြီးဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးနေကြောင်း

 

အပြောင်းအလဲအတွင်း Siam Commercial Bank သည် ထိုင်းဘဏ်များအနက် "အရေးပါသည့် အခန်းကဏ္ဍ” မှ ပါဝင်လှုပ်ရှားနေသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ်တွင် ၎င်းဘဏ်က စစ်တပ်နှင့် ဆက်စပ်သည့် ငွေကြေးလွှဲပြောင်းမှု ဒေါ်လာ ငါးသန်းကျော်သာ ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ သန်း ၁၀၀ ကျော်အထိ မြင့်တက်လာသည်ဟု အစီရင်ခံစာက ဆိုသည်။

 

၎င်းဘဏ်၏ ထုတ်ပြန်ချက်တစ်စောင်တွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား "နိုင်ငံတကာ ငွေကြေးလွှဲပြောင်းရေး ဝန်ဆောင်မှုများ” သည် "မြန်မာနိုင်ငံအတွက် စားသုံးသူထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ထိုင်းနိုင်ငံနှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ရန် အဓိကရည်ရွယ်ကြောင်း” ဖော်ပြထားသည်။

 

၎င်းဘဏ်၏ ထုတ်ပြန်ချက်တွင် သက်ဆိုင်ရာ ငွေကြေးခဝါချမှု ဥပဒေများကို လိုက်နာကြောင်း၊ ရုံးတွင်း စုံစမ်းစစ်ဆေးမှုအရ မြန်မာနှင့် ငွေကြေးလွှဲပြောင်းမှုများသည် လက်နက်ကုန်သွယ်မှုနှင့် မဆက်နွယ်ဟု သတ်မှတ်ဆုံးဖြတ်ထားကြောင်း ဖော်ပြထားသည်။

 

“SCB မှ ငွေကြေးခဝါချမှုနှင့် ဆက်စပ်စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြောင်း ထပ်မံအတည်ပြုပါသည်။” ဟု ထုတ်ပြန်ချက်က ဆိုသည်။

 

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦးက "အစီရင်ခံစာကို တွေ့မြင်ပြီးဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးနေကြောင်း” CNN ကို ပြောသည်။

 

နိုင်ငံများစွာ အမည်တပ်ခံရကြောင်း၊ သေချာသည်မှာ ၎င်းနိုင်ငံများသည် ဒေသတွင်း အဓိကကျသော ဘဏ္ဍာရေးလွှဲပြောင်းမှုများ ဖြတ်သန်းလုပ်ဆောင်ရာ နိုင်ငံများဖြစ်ကြောင်း” ပြောခွင့်ရသူက ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

 

ကျွန်ုပ်တို့၏ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများသည် အဓိက ဘဏ္ဍာရေးဗဟိုအချက်အချာကျသူများနည်းတူ ဘဏ်လုပ်ထုံးလုပ်နည်းများကို လိုက်နာပါသည်။ ထို့အတွက် တစုံတရာ ဆက်လက်မလုပ်ဆောင်မီ အချက်အလက်များကို စုစည်းရယူသွားမည်ဖြစ်ပါသည်။”

 

အန်ဒရူး၏ အစီရင်ခံစာတွင် အခိုင်အမာ ဖော်ပြထားသည့် ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသော အစုအဖွဲ့များက မြန်မာစစ်အုပ်စုအတွက် လက်နက်နှင့် ဆက်စပ်ပစ္စည်းများ လွှဲပြောင်းပေးခဲ့မှုကို ၎င်းပြောခွင့်ရသူက တုန့်ပြန်ဖော်ပြထားခြင်း မရှိပေ။

 

အထူးသဖြင့် များပြားသည့် လူဦးရေအပေါ် သက်ရောက်စေမည့် ဒဏ်ခတ်အရေးယူမှုသည် ဂရုတစိုက် ထည့်သွင်းစဉ်းစားရမည့် မူဝါဒရေးရာဖြစ်သည်။” ဟု ဒဏ်ခတ်အရေးယူမှုများ အပါအဝင် မြန်မာနို်ငငံအပေါ် ထိုင်းနိုင်ငံ၏ ယေဘုယျ ချဉ်းကပ်မှုကို ရည်ညွှန်း၍ ဝန်ကြီးဌာန ပြောခွင့်ရ Kikorndej Balankura က ထုတ်ပြန်ချက်တွင် ဆိုသည်။

 

ယခင်ကပင် ထိုင်းနိုင်ငံသည် ကျယ်ပြန့်သည့် လူထုအပေါ် သက်ရောက်စေသည့် မည်သည့် လုပ်ရပ်ကိုမျှ ထောက်ခံအားပေးမှု မပြုသည့် ရပ်တည်ချက် အမြဲထားရှိသည်။” ဟု ၎င်းက ဆိုသည်။

 

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနှင့် မြန်မာစစ်အုပ်စု ပြောခွင့်ရသူတို့ကို မှတ်ချက်ပေးရန် တောင်းဆိုမှုကို မတုန့်ပြန်ခဲ့ကြပါ။

 

ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ဧပြီလ Reuters တွေ့ဆုံမေးမြန်းမှုတွင် ထိုင်းနိုင်ငံသည် မည်သည့်ဘက်ကမျှ ပါဝင်မည်မဟုတ်ကြောင်း၊ ပဋိပက္ခနှင့် သက်ဆိုင်မှု အားလုံးကို ဖော်ထုတ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

ထိုင်းအစိုးရ၏ "အချက်အလက်များ စုံစမ်းစစ်ဆေးရန်" ဆုံးဖြတ်ချက်ကို ကြိုဆိုသည်ဟု အန်ဒရူးစ်က CNN ကို ပြောသည်။

 

ဘဏ္ဍာရေးအဖွဲ့အစည်းများက ၎င်းတို့၏ လူ့အခွင့်အရေးလိုက်နာဖွယ်များကို အလေးအနက် လိုက်နာရန်၊ စစ်အုပ်စု၏ လူသေစေသည့် ငွေကြေးလွှဲပြောင်းမှုများကို ကူညီဆောင်ရွက်ခြင်း မပြုရန်” "အလွန်အရေးကြီးကြောင်း” အန်ဒရူးက ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ထပ်မံ၍ စစ်အုပ်စုနှင့် စစ်တပ်၏ "အသုံးပြုနေကျ ဘဏ်” ဖြစ်သော မြန်မာ့စီးပွားရေးဘဏ်တို့ထံသို့ ဂျက်လေယာဉ် လောင်စာဆီ တင်သွင်းနေသည့် ကွန်ရက်ကို ဒဏ်ခတ်အရေးယူခြင်းသည်လည်း "မြန်မာနိုင်ငံတွင် အလှည့်အပြောင်း ဖြစ်စေရန်၊ အသက်ပေါင်းများစွာကို ကယ်တင်ရန် အဆုံးအဖြတ် အခန်းကဏ္ဍဖြစ်ကြောင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံပိုင် ဘဏ်များနဲ့ ငွေကြေးလွှဲပြောင်းမှု ဆောင်ရွက်ပေးနေတဲ့ နိုင်ငံတကာဘဏ်များအနေနဲ့ မြန်မာအရပ်သားများကို စစ်တပ်က တိုက်ခိုက်မှုများ ပြုလုပ်နိုင်စေတဲ့ အန္တရာယ် မြင့်မားနေပါတယ်။ ဘဏ်တွေက စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် ရာဇဝတ်မှုတွေကို ကူညီဆောင်ရွက်ပေးခြင်း မပြုဖို့ အရေးတကြီး လိုက်နာရမှာ ဖြစ်ပါတယ်။”

 

ကိုးကား - CNN AP Reuters

ပုံစာ - ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၂ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် မွေ့တုံကျေးရွာမှ မီးလောင်ပြာကျသွားသော အိမ်များ။ (AP Photo, File)

 

Burma Associated Press

မြန်မာ
ထိုင်း
ဘဏ်
စစ်တပ်

Share With
bap-logo