bap-logo
Crime

မြန်မာနိုင်ငံသားများ၏ ကျောက်ကပ်များ တရားမဝင် ရောင်းဝယ်အစားထိုးပေးသည်ဟု စွပ်စွဲခံရသည့် Apollo ဆေးရုံကို အိန္ဒိယစစ်ဆေး

vDZom5VLKsbFYeoT5egdd-image

လွန်ခဲ့သော တစ်နှစ် က

 

မြန်မာနိုင်ငံသားများ၏ ကျောက်ကပ်များကို အစားထိုးလွှဲပြောင်းရန် တရားမဝင်ရောင်းချမှုနှင့် ဆက်စပ်သည်ဟု မီဒီယာတင်ပြချက်တစ်ခု ထွက်ပေါ်လာင်္ပြးနောက် နယူးဒေလီမြို့တော်အစိုးရက အိန္ဒိယ၏ အကြီးဆုံး ပုဂ္ဂလိက ဆေးရုံလုပ်ငန်းစု၏ အစိတ်အပိုင်းဖြစ်သည့် Apollo ဆေးရုံကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

 

ဗြိတိန် Telegraph မှ Appollo ဆေးရုံကို မြန်မာနိုင်ငံမှ ကျေးလက်နေသူများပါဝင်နေသည့် "ကျောက်ကပ်အတွက် ငွေကြေး" အရှုပ်တော်ပုံတစ်ခုတွင် ပါဝင်နေသည်ဟု စွပ်စွဲတင်ပြပြီးနောက် ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှ အမျိုးသား ခန္ဓာအစိတ်အပိုင်းနှင့် တစ်ရှုး အစားထိုးမှုဆိုင်ရာ အဖွဲ့အစည်း The National Organ and Tissue Transplant Organisation (NOTTO) သည် ဒေလီအာဏာပိုင်များထံသို့ စာရေးသားခဲ့သည်။

 

မီဒီယာတင်ပြမှုတွင် မြန်မာနိုင်ငံမှ ငယ်ရွယ်သော ကျေးလက်နေသူများသည် ဒေလီရှိ ဆေးရုံသို့ လေယာဉ်ဖြင့်လာရောက်၍ ၎င်းတို့၏ကျောက်ကပ်များကို ချမ်းသာသည့် ဗမာလူနာများကို ရောင်းချရန် သွေးဆောင်ခံရသည်ဟု ဖော်ပြထားသည်။

 

Apollo ဆေးရုံက Reuters မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း မတုန့်ပြန်ခဲ့ပါ။

 

မီဒီယာတင်ပြမှုတွင် အသွင်ယူထားသော သတင်းထောက်က ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံမှ Apollo တာဝန်ရှိသူများနှင့် ပြောကြားချက်ပေါ် အခြေခံ၍ Apollo ဆေးရုံက သတင်းစာမှ တွေ့ရှိချက်များကြောင့် "လုံးဝ တုန်လှုပ်မိကြောင်း ရုံးတွင်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောသည်။

 

ကျွန်ုပ်တို့၏ တရားမဝင်လုပ်ငန်းတွင် သိလျက်နှင့် ပါဝင်မှု သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးမှုနှင့် ဆက်စပ်သည့် တရားမဝင်လုပ်ဆောင်မှု တစုံတရာကို သွယ်ဝိုက်၍ ခွင့်ပြုခဲ့မှု လုံးဝငြင်းဆိုသည်။ဟု Apollo က ပြောသည်ဟု တင်ပြထားသည်။

 

ဒီပြဿနာက အရေးယူလုပ်ဆောင်မှုနောက်တစ်ဆင့်ကို မဆုံးဖြတ်ခင်မှာ နက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးဖို့နဲ့ ခိုင်မာတဲ့ သက်သေအထောက်အထား လိုအပ်ပါတယ်။”NOTTO ညွှန်ကြားရေးမှူး Anil Kumar က ဗုဒ္ဓဟူးနေ့တွင် Reuters ကို ပြောသည်။

 

ဖက်ဒရယ်အစိုးရထံမှ အမိန့်ဖြင့် စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဟု ဒေလီကျန်းမာရေးအတွင်းရေးမှူး S B Deepak Kumar က Reuters ကို ပြောသည်။

 

Apollo နှင့် တွဲဖက်လုပ်ကိုင်ပြီး ဒေလီမြို့တော်ဒေသရှိ ၎င်း၏ ဆေးရုံနှစ်ရုံကို စီမံခန့်ခွဲပေးရသည့် Indraprastha Medical Corp ကလည်း ထိုကိစ္စကို စုံစမ်းမှုများ ပြုလုပ်နေကြောင်းနှင့် စွပ်စွဲများကို "လုံးဝမှားယွင်းပြီး မှားယွင်းသတင်းပေးပို့မှု၊ အထင်အမြင်လွဲမှားစေခြင်းဖြစ်သည်ဟု ပြောဆိုလိုက်သည်။

 

Indraprastha Medical သည် အာဏာပိုင်များကို အထောက်အကူပြုသွားမည်ဖြစ်ပြီး တောင်းဆိုလာပါက သက်ဆိုင်သည့် သတင်းနှင့် အချက်အလက်အားလုံး ပေးအပ်သွားမည်ဖြစ်ကြောင်းပြောသော်လည်း အာဏာပိုင် များက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ညွှန်ကြားချက်တစုံတရာ မရရှိသေးကြောင်း ထိုကိစ္စကို တိုက်ရိုက်သိရှိသူ အရင်းအမြစ်တစ်ဦးက ပြောသည်။

 

မြန်မာစစ်အစိုးရက မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုန့်ပြန်ခြင်း မရှိခဲ့ပါ။

 

Chennai မြို့အခြေစိုက် Apollo သည် အိန္ဒိယနိုင်ငံတစ်ဝှမ်း ဆေးရုံပေါင်း ၇၀ ခန့် လည်ပတ်လုပ်ဆောင်နေကြာ ၂၀၂၂ ခုနှစ်တွင် အောင်မြင်သော ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးမှု ၁၆၄၁ ခု ပြုလုပ်ခဲ့သည်ဟု ကုမ္ပဏီအချက်အလက်များအရ သိရသည်။ ၎င်းဆေးရုံသည် နိုင်ငံခြားမှ လာရောက်ကုသသူများကိုလည်း လက်ခံကုသပေးသည်။

 

Telegraph သတင်းတွင် ဖော်ပြခဲ့သည့် နယူးဒေလီ အရှေ့တောင်ဘက် Sarita Vihar အရပ်ရှိ The Indraprastha Apollo ဆေးရုံသည် နယူးဒေလီတွင် ထင်ရှား လူသိများမှု အကြီးဆုံး ပုဂ္ဂလိက ဆေးရုံများအနက် တစ်ခုဖြစ်သည်။

 

ကိုးကား - Reuters

ပုံစာ - ဒီဇင်ဘာ ၆ ရက် ၂၀၂၃ ခုနှစ် အိန္ဒိယနိုင်ငံ နယူးဒေလီရှိ Apollo ဆေးရုံအဆောက်အအုံရှေ့ တံတားမှ ဖြတ်သန်းသွားလာသူတစ်ဦး။ (Photo: REUTERS/Adnan Abidi)

 

 Burma Associated Press

 

မြန်မာ
အိန္ဒိယ
ဆေးရုံ

Share With
bap-logo