bap-logo
Crime

မြန်မာတွင် ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်သည်ဟု သံသယရှိသူနှစ်ဦးကို တရုတ်သို့ ဖမ်းဆီး ပို့ဆောင်

UN9LsGqKsUAv-1_nGkSDH-image

လွန်ခဲ့သော တစ်နှစ် က

ဩဂုတ် ၂၃။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်သည်ဟု သံသယရှိသူ နှစ်ဦးကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က တရုတ်ရဲတပ်ဖွဲ့သို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေး၍ ဖမ်းဆီးပို့ဆောင်ခဲ့သည်ဟု မြန်မာရှိ တရုတ်သံရုံးကဆိုသည်။

 

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်သည်ဟု သံသယရှိသူ ဦးကို ယခုနှစ် ဇွန်လပိုင်းက တရုတ်ထံ ဖမ်းဆီးပို့ဆောင်ပြီးနောက် ဒုတိယ အကြိမ် ဖမ်းဆီးပို့ဆောင်ခြင်း ဖြစ်သည်။

 

ယခုတရုတ်သို့ ပို့ဆောင်ခံရသည့် နှစ်ဦးလုံးကို လိမ်လည်သည့် ပြစ်မှုကျူးလွန် သည်ဟု သံသယရှိပြီး ၎င်းတို့အနက် တစ်ဦးသည် လောင်းကစားနှင့် လိမ်လည်မှုအဖွဲ့၏ အမာခံခေါင်းဆောင်ဖြစ်သည်ဟု တရုတ်ကဆိုသည်။ ထို့အပြင် ၎င်းသည် ဆက်သွယ်ရေးလိမ်လည်မှု ပြစ်မှုကျူးလွန်မှု တိုက်ဖျက် နှိမ်နင်းရာတွင် အဓိကကျသူဖြစ်သည်ဟု တရုတ်သံရုံးကဆိုသည်။

 

မကြာသေးမီက တရုတ်-ထိုင်-မြန်မာ-လာအို လေးနိုင်ငံရဲတပ်ဖွဲ့များသည် လောင်းကစားနှင့် လိမ်လည်မှုအုပ်စုများကို ပူးပေါင်းတိုက်ဖျက်ရေးအတွက် အထူးပူးတွဲလှုပ်ရှားမှုစတင်ခဲ့သည်ဟု ဆိုသည်။

 

ဓာတ်ပုံ - တရုတ်သံရုံးလူမှုကွန်ရက်စာမျက်နှာ

 

Burma Associated Press

တရုတ်
မြန်မာ

Share With
bap-logo