bap-logo
Politics

ရုရှားကျောထောက်နောက်ခံပြု စစ်အာဏာ ရှင်တို့က အိမ်ပေါင်း ၇၅,၀၀၀ မီးရှို့ခဲ့

UxdF-KelJOMAJ8NGD4_G5-image

လွန်ခဲ့သော တစ်နှစ် က

ဩဂုတ် ၁၁။

ရုရှားနိုင်ငံ၏ မဟာမိတ်ဖြစ်ပြီး တရုတ်မှလည်း လက်နက်များရရှိနေသော စစ်အာဏာပိုင်တို့သည် အာဏာသိမ်းမှုကို ဆန့်ကျင့်သူတို့ကို ဦးတည်ပြီး မီးရှို့မှုအမြောက်အမြား ပြုလုပ်ခဲ့ရာ အိမ်ပေါင်း ၇၅,၀၀၀ နီးပါး မီးလောင်ကျွမ်းခဲ့သည်ဟု စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခု၏ နောက်ဆုံးရ အချက်အလက်များအရ သိရသည်။

 

အမေရိကန် ပိတ်ဆို့ဒဏ်ခတ်မှုအောက်မှ စစ်အာဏာပိုင်တို့သည် ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းယူခဲ့ပြီး ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခဲ့သည်။ ထို့အတွက် ဆယ်စုနှစ်များစွာ တိုင်းရင်း သားများနှင့် စစ်ပွဲဖြစ်ပွားနေရာမှ တစ်နိုင်ငံလုံးသို့ ပဋိပက္ခများ ပျံ့နှံ့သွားခဲ့သည်။ တိုက်ပွဲများကြောင့် လူဦးရေထောင်ဂဏန်းအထိ သေဆုံးခဲ့ပြီး ၁.၅ သန်းအထက် အိမ်မှစွန့်ခွာခဲ့ကြရသည်။

 

စစ်တပ်က မကြာခဏ ငြင်းဆိုနေသော်လည်း ၎င်းတို့၏ အုပ်ချုပ်မှုကို ဆန့်ကျင့်သူများအပေါ် ၎င်းတို့၏ တပ်ဖွဲ့များက အိမ်များနှင့် ရွာများကို မီးရှို့ခြင်းဖြင့် ပြင်းထန်စွာ စစ်ထိုးနေကြောင်း မျက်မြင်များနှင့် ပြည်တွင်းမီဒီယာများက စဉ်ဆက်မပြတ် အစီရင်ခံဖော်ပြနေခဲ့ကြသည်။ မေလ ၁ ရက် ၂၀၂၁ ခုနှစ်နှင့် ဂျူလိုင်လ ၃၁ ရက် ၂၀၂၃ ခုနှစ်အတွင်း အရပ်သားနေအိမ် ၇၄,၈၇၄ ကို စစ်တပ်နှင့် ၎င်းတို့ အပေါင်းပါများက မီးရှို့ခဲ့ကြောင်း မြန်မာနိုင်ငံအတွက် လွတ်လပ်သောအချက်အလက်အစုအဖွဲ့က မှတ်တမ်းတင်ထားခဲ့သည်။ ဂျူလိုင်လ တစ်လတည်းတွင်ပင် အိမ်ပေါင်း ၂,၀၈၆ အိမ် လောင်ကျွမ်းပျက်စီးခဲ့သည်။

 

သတင်းအချက်အလက်ဝန်ကြီးဌာနမှတဆင့် မြန်မာစစ်အာဏာပိုင်တို့ကို မှတ်ချက်တောင်းဆိုခဲ့သော်လည်း တုံ့ပြန်မှု မရှိခဲ့ပါ။

 

မြန်မာနိုင်ငံအထက်ပိုင်းဒေသအနှံ့အပြားနဲ့ တိုင်းရင်းသားပြည်နယ်တွေမှာ ကျေးရွာလုံးကျွတ်မီးရှို့မှုကို မြေလှန်မီးတိုက်စစ်ဆင်ရေးအနေနဲ့ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတာ ဖြစ်ပါတယ်။” ဟု ရှေ့ပြေးအသံအခွင့်အရေးနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့၏ အကြံပေးဘုတ်အဖွဲ့ ဥက္ကဌ မခင်ဥမ္မာ က Newsweek ကို ပြောကြားသည်။

 

မြန်မာနိုင်ငံအထက်ပိုင်းဒေသအနှံ့အပြားနဲ့ တိုင်းရင်းသားပြည်နယ်တွေမှာ ကျေးရွာလုံးကျွတ်မီးရှို့မှုကို မြေလှန်မီးတိုက်စစ်ဆင်ရေးအနေနဲ့ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတာ ဖြစ်ပါတယ်။

 

စစ်အာဏာပိုင်တွေရဲ့ စစ်ကြောင်းတွေဟာ အခြေအနေအတော်များများမှာ တစ်ရွာလုံး လုံးဝ မီးလောင်ပြာကျသွားတာသေချာ‌အောင် ရွာစုတွေကို နောက်ကြောင်းပြန် လာကြည့်ကြတယ်လို့ ထိခိုက်ခံစားရတဲ့ ဒေသခံရွာသားတွေက ကျွန်မကို ပြောပါတယ်။ ဒါက ဒီမိုကရေစီခုခံကာကွယ်ရေးလှုပ်ရှားမှုတွေကို ထောက်ပံ့အားပေးမှုတွေ မလုပ်နိုင်အောင် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုကို ဖျက်ဆီးပစ်တဲ့ တစ်ချိန်တည်းမှာပဲ စစ်အာဏာသိမ်းတာကို ငြင်းပယ်တဲ့ လူထုကို စုပေါင်းရောထွေးပြီး အပြစ်ပေးတဲ့ ပုံစံတစ်ခုဖြစ်ပါတယ်။ ဟု သူမက ပြောကြားသည်။

 

Myanmar Witness စောင့်ကြည့်လေ့လာရေးအဖွဲ့၏ မကြာသေးခင်က ပွင့်လင်း-အရင်းအမြစ် သတင်းအချက်အလက်များ အသုံးပြုထားသော ဆန်းစစ်အကဲဖြတ်မှုကို အသုံးပြုထားသည့် အစီရင်ခံစာတစ်ခုတွင် အဓိက မီးလောင်ကျွမ်းမှုများ မြင့်တက်လာကြောင်း အစီရင်ခံခဲ့သည့် စက်တင်ဘာ ၂၀၂၂ မှ ဇန်နဝါရီ ၂၀၂၃ အတွင်း မီးလောင်ကျွမ်းမှုများအပေါ် စစ်ဆေးချက်များကို အသေးစိတ် ဖော်ပြထားသည်။ သက်သေအထောက်အထားများက စစ်တပ်၏ မီးရှို့မှုကြောင့်ဖြစ်ကြောင်း ရှင်းလင်းစွာ ညွှန်ပြနေကြသည်။

 

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် မီးလောင်ကျွမ်းမှု သိသာစွာ မြင့်တက်လာခဲ့ပြီး Myanmar Witness ၏ အသေးစိတ်ဖော်ပြထားသည့် ဖျက်ဆီးခံရမှုရလဒ်များက စစ်တပ်သည် အိမ်များ၊ အခြေခံအဆောက်အအုံများနှင့် ဝတ်ပြုရာနေရာများကို မီးရှို့ခြင်းဖြင့် လက်နက်တစ်ခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ အသုံးပြုနေကြောင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

၎င်းအဖွဲ့သည် မြေပြင်မှ ဓာတ်ပုံများကို အသုံးပြု၍ ဓာတ်ပုံများကို ပထဝီဝင်နေရာချထားခြင်းနှင့် ဂြိုဟ်တုအချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းတို့ဖြင့် မီးလောင်မှုဖြစ်ပွားသည့်‌ အချိန်နှင့် နေရာတို့ကို အတည် ပြုရန် နက်ရှိုင်းသော ဆန်းစစ်အကဲဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။

 

နိုင်ငံတကာ ရာဇ၀တ်တရားရုံး၏ ရောမဥပဒေအရ "စစ်ရေး လိုအပ်ချက်အရမဟုတ်၊ ဥပဒေမဲ့၊ အကြောင်းမဲ့ အဆောက်အအုံပိုင်ဆိုင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုချက်မရှိ ဖျက်ဆီးခြင်း သည် စစ်ရာဇဝတ်မှုနှင့် ညီမျှသည်။

 

အနောက်နိုင်ငံများက မြန်မာစစ်တပ်ကို ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ထံမှ သိမ်းယူထားသော အာဏာကို လက်လွှတ်ရန်နှင့် အာဏာသိမ်းမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်နေသူတို့အပေါ် တိုက်ခိုက်နေသည့် စစ်ပွဲများ ရပ်တန့်ရန် တောင်းဆိုထားသည်။

 

ယင်းအချိန်တွင် စစ်အာဏာပိုင် မင်းအောင်လှိုင်၏ မော်စကိုခရီးစဉ်နှင့် ရုရှားအကြီးတန်းအရာရှိများ၏ အကြိမ်ကြိမ်လာရောက်ခဲ့သော မြန်မာခရီးစဉ်များနှင့်အတူ ရုရှားသည် မြန်မာ၏ အနီးကပ်ဆုံး မဟာမိတ်ဖြစ်လာခဲ့သည်။ အမေရိကန်နိုင်ငံက မြန်မာကို ရုရှား၏ ထောက်ပံ့အားပေးမှုသည် အရှေ့တောင်အာရှကို မတည်ငြိမ်အောင် ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

 

ရုရှားသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျေးရွာများကို အဆက်မပြတ် ထိုးနှက်တိုက်ခိုက်နေသော တိုက်ခိုက်ရေး ဂျက်လေယျာဉ်များနှင့် ဟယ်လီကော်ပတာများကဲ့သို့သော အဓိက လက်နက်များ၏ အရင်းအမြစ်ဖြစ်သည်။

 

စစ်အာဏာပိုင်တွေမှာ မိတ်ဆွေနွေ ရှိနေတာ သေချာပါတယ်။ ရုရှားနဲ့ တရုတ်က လက်နက်အမြောက်အများ ပေးပို့နေပါတယ်။ ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က Sky News သို့ ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။ "တစ်ဘက်က မြန်မာလူထုနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူတွေအနေနဲ့ ပိုမိုအရေးပါတဲ့ နည်းလမ်းတွေနဲ့ မိတ်ဆွေတွေ ရရှိဖို့ လိုအပ်ပါတယ်။ ဟု ၎င်းက ပြောသည်။

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အဆိုအရ အာဏာသိမ်းစဉ်ကစ၍ စစ်တပ်၏ ဖြိုခွင်းမှုကြောင့် လူပေါင်း ၃,၈၈၈ အနည်းဆုံး သေဆုံးခဲ့သည်ဟု သိရသည်။ ၎င်းရေတွက်မှုတွင် သေဆုံးသွားသည့် တိုက်ပွဲဝင်သူအားလုံး၏ အရေအတွက် မပါဝင်သေးပါ။

 

ကိုးကား - Newsweek

ပုံစာ မြန်မာစစ်တပ်၏ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များပြ မြေပုံ (Source: Data for Myanmar)

 

 Burma Associated Press

မြန်မာ
မီးရှို့ခံရ
စစ်တပ်
အိမ်

Share With
bap-logo