bap-logo
Politics

ဒေါ်​အောင်ဆန်းစုကြည်​မွေး​နေ့ ဆု​​တောင်းခဲ့သည့် သရုပ်​ဆောင် ပိုးကြာဖြူခင်ပါဝင်သည့် ဇာတ်ကားပြသခွင့် ပိတ်ပင်ခံရ

sOmIfg-2XnHH0xvGCG1Me-image

လွန်ခဲ့သော တစ်နှစ် က

ဇွန်၂၂

ရုပ်ရှင်သရုပ်ဆောင် ပိုးကြာဖြူခင် အဖမ်းစီးခံထားရတယ်လို့သတင်းထွက်ပေါ်ခဲ့ပြီးနောက် ယခုလ ၂၃ ရက်မှာ ရုံတင်ပြသမယ့် သူကိုယ်တိုင်ဦးဆောင်ပါဝင်ထားတဲ့ ဇာတ်ကားပြသခွင့်ပိတ်ပင်ခံရပြီး အခြားဇာတ်ကားနဲ့ အစားထိုးပြသမယ်လို့ သိရပါတယ်။

 

ဇာတ်ကားထုတ်လုပ်ရေး ကုမ္ပဏီဘက်ကတော့ အကြောင်းကိစ္စ အချို့ကြောင့် ဇာတ်ကား ရုံမတင်ဖြစ်တော့တဲ့ အကြောင်း အသိပေးတာင်းပန်းစာကို ဒီနေ့ ထုတ်ပြန်ထားပါတယ်။

 

ပိုးကြာဖြူခင် ပါဝင်ထားတဲ့ဇာတ်ကား( ကကြီး ခခွေးရုပ်ရှင်ဇာတ်ကား) နေရာမှာ နေခြည်မှာရွှေရည်လောင်း ဇာတ်ကားကို အစားထိုးပြသမှာဖြစ်ပါတယ်။

 

" ပြမယ့်ဇာတ်ကားရက်ရွှေ့တယ်။ဘာအကြောင်းပြချက်မှမရှိဘူးဆိုတော့ အဖမ်းခံထားရတာသေချာပြီ ၁၈ ရက်ကမှ သူ့ဇာတ်ကားအကြိုပွဲတက်ရောက်ပြီး မန္တလေးကိုပြန်ပြီးမှ အဖမ်းခံလိုက်ရတာ"လို့ ရုပ်ရှင်အသိုင်းဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် သူ့ရဲ့ Tiktok အကောင့်မှာ မွေးနေ့ ဆုတောင်း "ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) ခေါင်းဆောင်စစ်စစ်ဆိုတဲ့ ရုပ်သံ တင်ခဲ့ရာကနေစတင်ပြီး ဒီလ ၂၀ ရက်က အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။

 

ပိုးကြာဖြူခင်အပြင် သရုပ်ဆောင် မိုးပြည့်ပြည့်မောင်၊ ခင်ဝင့်ဝါနဲ့ သရုပ်ဆောင်ကျော်ဇင်ထွဋ်တို့ကိုပါ စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်တပ်က လေကြောင်းလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ ဝမ်းနည်းကြောင်းရေးသားတာ၊ ပရိုဖိုင်အနက်ရောင်ချိန်းခဲ့တာတွေကြောင့် သရုပ်ဆောင်မေပန်းချီ၊ အဆိုတော် မေလသံစဉ်၊ အဆိုတော် ရွှေရည်သိန်းတန်၊ MRTV4 ဇာတ်လမ်းတွဲသရုပ်ဆောင် မြတ်သူသူနဲ့ The Voice ဂျာနယ်အယ်ဒီတာချုပ်ဦးကျော်မင်းဆွေတို့ကို ပုဒ်မ ၅၀၅-က နဲ့ အင်းစိန်ထောင်အတွင်း ဖမ်းဆီးခံထားရပါတယ်။

 

Burma Associated Press

စစ်တပ်
မြန်မာ
အနုပညာသမား

Share With
bap-logo