bap-logo
Politics

မြန်မာစစ်အာဏာရှင်နှင့် အာဆီယံအစည်းအဝေးတွင် ပြန်လည်ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံဆန္ဒရှိနေ

X78q3vuug756kOv7cxl-L-image

လွန်ခဲ့သော တစ်နှစ် က

ဇွန် ၁၇။     

 

တနင်္ဂနွေနေ့တွင် ကျင်းပမည့် အလွတ်သဘောအစည်းအဝေးသို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို ဖိတ်ကြားထားပြီး မြန်မာစစ်အာဏာရှင်နှင့် အပြည့်အဝ ပြန်လည်ထိတွေ့ဆက်ဆံရန်၊ ရပ်တန့်နေသည့် ငြိမ်းချမ်းရေးအစီအစဉ်များကို ပြန်လည် အသက်သွင်းရန် ထိုင်းနိုင်ငံ၏ အိမ်စောင့်အစိုးက အဆိုပြု ထားကြောင်း ရိုက်တာမှ တွေ့မြင်ရသော စာတစ်စောင်နှင့် ဖိတ်ကြားမှုကို သိရှိသည့် ရင်းမြစ်များအရ သိရှိရသည်။

 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ထံမှ ဇွန်လ ၁၄ ရက် ရက်စွဲ စာတစ်စောင်ဖြင့် အဆိုပြုထားခြင်းဖြစ်သည်ကို ရိုက်တာမှ သောကြာနေ့က တွေ့မြင်ခဲ့ရပြီး စီစဉ်ထားသည့် အစည်းအဝေး အကြောင်း သိရှိသည့် အရင်းအမြစ် သုံးဦးမှလည်း အတည်ပြုခဲ့သည်။

 

အကြမ်းဖက်ရန်လိုမှုများ ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူများအားလုံး ညှိနှိုင်းဆွေးနွေးရန်နှင့် လူသားချင်းစာနာမှုအကူအညီများ အပြည့်အဝ ခွင့်ပြုပေးရန်တို့ ပါဝင်သည့် ဘုံသဘောတူညီချက် () ချက်ကို အလေးထားရန် ပျက်ကွက်သောကြောင့် အာဆီယံက မြန်မာဗိုလ်ချုပ်များကို အဆင့်မြင့် အစည်းအဝေးများတွင် တက်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။

 

အရင်းအမြစ်သုံးခုထံမှ သိရသည်မှာ အာဆီယံဥက္ကဌ အင်ဒိုနီးရှားက အစည်းအဝေးတက်ရောက်ရန် ငြင်းပယ်လိုက်သည်ဟု ဆိုသည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ မှတ်ချက်ပေးရန် တောင်းဆိုမှု

အပေါ် ချက်ချင်း မတုံ့ပြန်ခဲ့ပါ။

 

ဩဂုတ်လတွင် အစိုးရသစ်ပေါ်ပေါက်ရန် မျှော်လင့်ရသည့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှလည်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

 

အကြမ်းဖက် ဖြိုခွင်းမှုများကို တုံ့ပြန်သည့် ဒီမိုကရေစီလိုလားသူများ၏ လက်နက်ကိုင်ခုခံမှုကို ချေမှုန်းရန် မျက်နှာစာများစွာဖွင့်၍ တိုက်ခိုက်နေသော စစ်တပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုများကြောင့် မြန်မာကို စိတ်ပျက်ခဲ့ကြသည်။

 

ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးကျွမ်းကျင်သူ အချို့က စစ်တပ်ကို ကျယ်ပြန့်စွာ ကျူးလွန်နေသော ရက်စက်ကြမ်းကြုပ်မှုများအတွက် စွပ်စွဲပြစ်တင်ထားသည်။ စစ်အာဏာရှင်ကမူ တိုင်းပြည်ကို ဖျက်ဆီးရန် ရည်ရွယ်နေသော အကြမ်းဖက်သမားများကို တိုက်ခိုက်နေခြင်းသာဖြစ်သည် ဟူ၏။

 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ စာတွင် မြန်မာစစ်အာဏာရှင်မှ ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီးကို အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားထားသည်ဟု အတိအလင်း မဖော်ပြထားပါ။ သို့သော် အရင်းအမြစ်နှစ်ဦးကမူ မြန်မာဝန်ကြီးကို ဖိတ်ကြားထားသည်ဟု ပြောကြားသည်။

 

စာတွင် ဖော်ပြထားသည်မှာ အဆိုပါအစည်းအဝေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ကနဦးခြေလှမ်း တစ်စိတ်တစ်ဒေသ ဖြစ်လာမည်ဟု ဆိုသည်။

 

မြန်မာနှင့် ခေါင်းဆောင်ပိုင်းအဆင့် ပြန်လည်ထိတွေ့ဆက်ဆံမှု အပြည့်အဝ ပြုလုပ်သင့်သည်ဟု အဖွဲ့ဝင်နိုင်ငံတစ်ခုက ရှင်းလင်းပြတ်သားစွာ ဖော်ပြခဲ့သည့် အင်ဒိုနီးရှားတွင် ပြီးခဲ့သောလက ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးကို ဖိတ်ကြားစာတွင် ကိုးကားထားသည်။

 

ဒီလို တောင်းဆိုမှုကို အဖွဲ့ဝင်နိုင်ငံအချို့က ထောက်ခံခဲ့ပြီး အချို့က စဉ်းစားဖို့ ဆန္ဒရှိကြပါတယ်။ ပြတ်သားတဲ့ သဘောထားကွဲလွဲမှုအသံတော့ မရှိခဲ့ပါဘူးဟု Don က စာတွင် ဖော်ပြထားသည်။

 

ကိုးကား - ရိုက်တာ

 

ပုံ- ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai

 

Burma Associated Press

စစ်ကောင်စီ
အာဏာသိမ်း
ထိုင်းနိုင်ငံ
စစ်တပ်

Share With
bap-logo