bap-logo
Article

သာသနာ့ဘောင်အတွင်းမှ အဓမ္မကို ဓမ္မဖြင့် တော်လှန်နေသူများ

nTNbkGQYFNSe3qxKvqLQR-image

လွန်ခဲ့သော ၃ နှစ် က

ရခိုင်ဆရာတော် ဦးဥတ္တမ၊ ထောင်တွင်းအစာငတ်ခံဆန္ဒပြခဲ့သည့် ဆရာတော် ဦးဝိစာရ ကိုယ်တော်များမှသည် သာသနာ့ဘောင်အတွင်းမှနေ၍ အဓမ္မကို ဓမ္မအားဖြင့် ဆန့်ကျင်ကြသည့် သံဃာတော်များသည့် မြန်မာ့နိုင်ငံရေး သမိုင်းတွင် ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့ကြသည်။

 

စစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားသည့် ရွှေဝါရောင် တော်လှန်ရေးသည် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု အတွင်း ပါဝင်ခဲ့သည့် သာသနာ့နွယ်ဝင်များ၏ ဂုဏ်သတင်းကို ပိုမို ထွန်းပြောင်စေခဲ့သည်။

 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စု၏ ဖေဖော်ဝါရီအာဏာသိမ်းမှုအပြီးတွင် အနယ်နယ် အရပ်ရပ်ရှိ ဘုန်းတော်ကြီးများထံသို့သွားကာ စစ်တပ်သည်သာ ဗုဒ္ဓသာသာနာကို စောင့်ရှောက်နိုင်သည်ဆိုသော မက်လုံးများ၊ လှူတန်းမှုများဖြင့် သံဃာတော်များကို စည်းရုံးခဲ့သည်။

 

ထေကြီးဝါကြီးသံဃာအချို့က စစ်အုပ်စု အလိုကျ နုတ်ဆိတ်နေခဲ့သော်လည်း ပျိုရွယ်သည့် ရဟန်းတော်များမှာ ယနေ့တိုင် လမ်းပေါ်ထွက်၍ စစ်ကောင်စီကို ဆန့်ကျင်နေဆဲဖြစ်သည်။

 

စစ်ကောင်စီကို အားပေးနေကတည်းက သံဃာမဟုတ်တော့ဘူး။ သံဃာတော်ဆိုတာ ဘုရားသားတော်၊ ဗုဒ္ဓရဲ့ အဆုံးအမအောက်မှာ စိတ်နှလုံးဖြူစင်စွာ ဓမ္မကို လက်ကိုင်ထားရမယ်။ ဓမ္မဆိုတာ လုယက်တာတွေ လူသတ်တာတွေကို အားပေးဖို့မဟုတ်ဘူးဟု မန္တလေးမြို့မှ ရဟန်းပျိုတစ်ပါးဖြစ်သူ အရှင်ဣန္ဒြောဘာသက မိန့်သည်။

 

 

စစ်ကောင်စီကို အားပေးနေကတည်းက သံဃာမဟုတ်တော့ဘူး။ သံဃာတော်ဆိုတာ ဘုရားသားတော်၊ ဗုဒ္ဓရဲ့ အဆုံးအမအောက်မှာ စိတ်နှလုံး ဖြူစင်စွာ ဓမ္မကို လက်ကိုင်ထားရမယ်။ ဓမ္မဆိုတာ လုယက်တာတွေ လူသတ်တာတွေကို အားပေးဖို့မဟုတ်ဘူးဟု မန္တလေးမြို့မှ ရဟန်းပျို တစ်ပါးဖြစ်သူ အရှင်ဣန္ဒြောဘာသက မိန့်သည်။

 

 

 

အမျိုးသားညီညွတ်ရေးအစိုးရက အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသည့် အာဏာသိမ်း စစ်တပ်သည် ၎င်းတို့အား ဆန့်ကျင်သူမှန်သမျှကို ရဟန်းရှင်လူ မရွေး ရက်စက်ပြင်းထန်စွာ နှိမ်နင်းခဲ့သည်။

 

ဘုန်းတော်ကြီးကျောင်းအပါအဝင် သာသနာ့နယ်မြေများအတွင်း အကြမ်းဖက် ဝင်ရောက်စီးနင်းခြင်း၊ တပ်စွဲ စခန်းချခြင်း၊ ကိုဗစ်ကပ်ရောဂါအကြောင်းပြကာ သံဃာများအား နေရပ်ပြန်လွှတ်ခြင်း၊ ဧည့်စာရင်း မဖြစ်မနေ တိုင်စေခြင်း၊ ရဟန်းတော်များအား နိုင်ငံရေးတွင်မပါဝင်ဘဲ သာသနာရေး အလုပ်များကိုသာ လုပ်ဆောင်ရန် ဖိအားပေးခြင်း စသည့် နည်းလမ်းများဖြင့် ဆန္ဒပြမှုတွင် ပါဝင်နေသည့် သံဃာတော်များအားလျော့လာစေရန် အာဏာသိမ်း စစ်အုပ်စုက ပြုမူခဲ့သည်။

 

ထိုသို့ အကြမ်းဖက်မှုများရှိနေသည့်တိုင် သံဃာများပါဝင်သည့် သံဃာသမဂ္ဂ သပိတ်စစ်ကြောင်းမှာ ယနေ့တိုင် လမ်းပေါ်ထွက်၍ ပျောက်ကြားသပိတ်ဖြင့် စစ်အာဏာရှင်ကို ရဲရဲတောက် အံတုနေဆဲ ဖြစ်သည်။

 

ဦးဇင်းတို့က လူငယ်ဗျ။ ငယ်ဖြူလို့တော့ ပြောလို့မရသေးပေမဲ့ ခုနစ်နှစ်သားကတည်းက လူ့ဘောင်ကို စွန့်ခွာ ခဲ့တာ။ တောထွက်တာမှမဟုတ်ဘဲ လူ့လောကနဲ့တော့ ဘယ်မှာကင်းဦးမလဲ။ ဒါကြောင့် မြင်နေ ကြားနေရတယ်။ မကြိုက်ဘူး။ သူတို့လုပ်နေတာတွေလည်း မမှန်ဘူး ဒါကြောင့်တော်လှန်တယ်ဟု မန္တလေး သံဃာသပိတ် စစ်ကြောင်းတွင် နေ့စဉ်ပါဝင်နေသည့် သံဃာတော်တစ်ပါးက မိန့်သည်။

 

စစ်အာဏာရှင်ကို ရသည့်နည်းလမ်းဖြင့် ဆန့်ကျင်နေသည့် ရဟန်းပျိုများက စစ်တပ်အလိုကျ နုတ်ဆိတ်နေသည့် ထေကြီးဝါကြီး သံဃာများကို နှစ်ခြိုက်ခြင်းမရှိပေ။

 

ဘုန်းကြီးတွေ နိုင်ငံရေးမလုပ်သင့်ဘူး၊ ကျုပ်တို့နဲ့ လည်း မဆိုင်ဘူးလို့ အရင်ကထင်တယ်။ အခုကျုပ်ကို မဆိုင်လို့ မတော်လှန်ရဘူးပြောရင် တစ်သက်လုံးမြဲခဲ့တဲ့ သင်္ကန်းကို စွန့်မယ် ခပ်ရှင်းရှင်းပဲ။ စစ်ကောင်စီကို အားပေးနေတဲ့ ဂတုံးတွေ၊ အားနာရဲ့ဗျ ကျုပ်စိတ်တိုလို့။ အဲဂတုံးအိုကြီးတွေက လူငယ်တွေကို မတိုးတက်စေချင် ဘူးလေ။ လူငယ်တွေတိုးတက်လာရင် မေးခွန်းတွေများလာမှာ၊ သူတို့မှ မဖြေရှင်း နိုင်တာဗျ။ မြန်မာနိုင်ငံက ဘာသာတရားကို အကြောက်တရားထည့်ထားတာလေ။ ကလေးတွေက စစ်စစ်ပေါက်ပေါက်မေးလာတဲ့အခါ သူတို့က မဖြေရှင်းနိုင်ရင် သူတို့ကို ဘယ်ကိုးကွယ်တော့မလဲဗျ။ သံဃာက ဘာသာတရားကို မသိမှတော့ စဉ်းစားကြည့်။ အဲဒါကြောင့် သူတို့က လူငယ်တွေကို ချောက်ထဲမှာပဲထားချင်တယ်။ တစ်ခုခုဆို ပြန်မပြောနဲ့ ငရဲကြီးမယ်ဆိုပြီး ခြောက်လို့ရတဲ့ခေတ်ကိုပဲ လိုချင်လို့လေဟု ရဟန်းပျိုတစ်ပါးဖြစ်သူ အရှင်သာသနက မိန့်သည်။

 

မြန်မာ့နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီကို ရဲရဲတောက်တော်လှန်နေသူများတွင် ရဟန်းတော်များ သာမက သီလရှင်များလည်းပါဝင်နေသည်။

 

သီလရှင်ကျောင်းအုပ်က တော်လှန်ရေးမှာ ပါဝင်တာမကြိုက်တာကြောင့် ကျောင်းတိုက်ကနေ ခိုးထွက်ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြတာဟု ဆရာလေး ဒေါ်ရူပမာလာနှင့် ဒေါ်ကေသရီတို့က တစ်ညီတစ်ညွတ်ထဲ ပြောသည်။

 

၎င်းတို့ နှစ်ပါးစလုံးသည် နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်ထိ တစ်ရက်မပျက် အာဏာရှင်ကို ဖီဆန် ကြသူများလည်း ဖြစ်သည်။

 

စစ်ကောင်စီက သီလရှင်အချို့ကို လူဝတ်လဲစေကာ မတရားဖမ်းဆီးတရားစွဲဆိုမှုများရှိခဲ့သည်။

 

မြို့ပေါ်ဆန္ဒပြပွဲများမှနေ၍ စစ်ကောင်စီ၏ အကြမ်းမှုများကို ရှောင်ရှားလိုသည့် ရဟန်းတော်နှင့် သီလရှင် အချို့က တိုင်းရင်းသားနယ်မြေများသို့ထွက်ခွာခဲ့ကြသည်။

 

ဦးဇင်းဘဝနဲ့ တော်လှန်ရေးလုပ်တော့ ကျောင်းထိုင်က သိပ်စိတ်မချဘူး။ သူကစိတ်ပူတာပါ။ အဲဒါနဲ့ လူထွက် လိုက်တယ်။ မယ်တော်ကြီးကတော့ စိတ်ဆိုးတာပေါ့။ ဒါပေမဲ့လည်း လူထွက်ပြီး ကာမဂုဏ် ခံစားဖို့မှ မဟုတ်တာပဲ။ အရာအားလုံးပြီးသွားရင်တော့ သင်္ကန်းပဲ။ အခုလို စိတ်ထဲတနုံ့နုံ့ဖြစ်နေတော့ တရားလည်း အာရုံ မရပါဘူး၊ ခဏတိုင်း အာပတ်ဖြေနေရမဲ့အတူတူ ပုတီးကိုင်တဲ့လက်ကနေ သေနတ်ပဲ ကိုင်တော့တယ်ဟု ရဟန်းဘဝမှ လူဝတ်လဲကာ တောခိုသွားခဲ့သည့် သံဃာတစ်ပါး (တော်လှန်ရေးနာမည် ရဲဘော် ထူးထူး ) က ဆိုသည်။

 

တော်လှန်ရေးနယ်မြေသို့ထွက်ခွာနိုင်ရန်အတွက်လည်း ၎င်း၏ မိတ်ဆွေ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ဦးက အကူအညီပေးခဲ့ခြင်းဖြစ်သည်ဟု သူကဆိုသည်။

 

ဘာသာရေးမှိုင်းတိုက်ပြီး နိုင်ငံရေးကစားချင်လည်း မရတော့ဘူး။ ဘုန်းကြီးတွေကို နယ်ရုပ်အဖြစ် မခံချင်ဘူး။ ဗုဒ္ဓရဲ့ ထေရဝါဒဆိုတာ မွန်မြတ်တဲ့လမ်းစဉ်တစ်ခုပဲလေ။ အောက်ကလူတွေကသာ ဘာသာရေး မှိုင်းတိုက်ခံနေရ တာ သူတို့က ငရဲတွေ နောက်ဘဝတွေ မယုံလို့ဖြစ်စေ၊ မကြောက်လို့ဖြစ်စေ ဒါတွေလုပ်နေတာပဲမလား။ ခုနေ အဓိကရုဏ်းတွေ ဖန်တီးလာလည်း ကျုပ်ကရယ်လိုက်မယ် တောထဲ ရောက်ဖို့အရေး သင်းအုပ်ဆရာ တစ်ယောက်က ပို့ပေးတာ၊ အစ္စလာမ်ဘာသာဝင်တစ်ဦးက ငွေကြေး ထောက်ပံ့ပေးတာဗျဟု ၎င်းက ဆက်ပြော သည်။

 

ဘာသာရေးမှိုင်းတိုက်ပြီး နိုင်ငံရေးကစားချင်လည်း မရတော့ဘူး။ ဘုန်းကြီးတွေကို နယ်ရုပ်အဖြစ် မခံချင်ဘူး။ ဗုဒ္ဓရဲ့ ထေရဝါဒ ဆိုတာ မွန်မြတ်တဲ့လမ်းစဉ်တစ်ခုပဲလေ။ အောက်ကလူတွေကသာ ဘာသာရေး မှိုင်းတိုက်ခံနေရတာ သူတို့က ငရဲတွေ နောက်ဘဝတွေ မယုံလို့ဖြစ်စေ၊ မကြောက်လို့ဖြစ်စေ ဒါတွေလုပ်နေတာပဲမလား။ ခုနေ အဓိကရုဏ်းတွေ ဖန်တီးလာလည်း ကျုပ်ကရယ်လိုက်မယ် တောထဲ ရောက်ဖို့အရေး သင်းအုပ်ဆရာ တစ်ယောက်က ပို့ပေးတာ၊ အစ္စလာမ်ဘာသာဝင်တစ်ဦးက ငွေကြေး ထောက်ပံ့ပေးတာဗျဟု ၎င်းက ဆက်ပြော သည်။

 

စစ်ကောင်စီနှင့် နီးစပ်ပြီး အကြမ်းဖက်မှုများကို လျစ်လျူရှုနေသည့် နာမည်ကြီး သံဃာတော်များ ရှိနေသော် လည်း အနည်းငယ်မျှသော ထေရ်ကြီးဝါကြီး သံဃာအချို့က စစ်အုပ်စု၏ လုပ်ရပ်များကို နှစ်ခြိုက်ခြင်းမရှိပေ။

 

ဘုန်းကြီးတို့ကတော့ သာသနာပျောက်မှာစိုးပေမဲ့ နိုင်ငံဆင်းရဲမှာ ပိုစိုးပါတယ်။ ကိုရင်ငယ်လေးတွေဆိုရင် အများစုက မိဘက ဆင်းရဲလို့၊ အိမ်ကမတတ်နိုင်လို့ မကောင်းကျောင်းပို့ဆိုတဲ့ပုံစံနဲ့ ရောက်လာကြ တာပဲလေ။ သာသနာစောင့်ရှောက်ဖို့ ရောက်လာတာဆိုတာက မရှိသလောက်ပဲဟု သက်တော် ၆၀ ဝန်းကျင်ရှိ အမည်မဖော်လိုသူ ဆရာတော်တစ်ပါးက မိန့်ကြားခဲ့သည်။

 

၎င်းကပင်သံဃာအရေအတွက်များလာလို့လည်း ဘုန်းကြီးတို့မပျော်ဘူးဗျ၊ ကိုယ့်ဝမ်းနာ ကိုယ်သာ သိကိုး။ ဆင်းရဲသထက် ဆင်းရဲလို့ တောရွာက မိဘတွေက ဘုန်းကြီးကျောင်းတွေပို့လို့ ကလေးတွေ အများကြီး သာသနာ့ဘောင်ထဲ ရောက်လာတာလည်း မလိုလားဘူးဗျ။ အဲဒါကကျ သင်္ကန်းကြောင့် စားဝတ်နေရေး ဖူလုံတယ်ဆိုတဲ့စိတ်မျိုးတွေဖြစ်ကုန်လို့ဟု ဆက်လက်ပြောဆိုခဲ့သည်။

 

အာဏာသိမ်းစစ်မှု ကြာသည်အထိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စစ်တပ်ကမှု ရဟန်းရှင် လူများအပေါ် အကြမ်းဖက်ဖမ်းဆီးမှုများ၊ သတ်ဖြတ်မှုများ၊ ရမ်းကားပစ်ခတ်မှုများ ရပ်တန့် မသွားသေးပေ။

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ရက်နေ့မှ ယနေ့ နိုဝင်ဘာလ ၁၁ ရက်အထိ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ၁,၂၅၃ ဦး ရှိပြီဖြစ်သည်။

 

ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၇,၁၄၄ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၈၇ ဦးမှာ ထောင်ဒဏ် ချမှတ်ခြင်းခံထားရသည်။

 
အသက် ၁၈ နှစ်အောက် ကလေး () ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ထောင်နီးပါးအနက် ၃၉ ဦး မှာ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ဦးရှိလာနေပြီ ဖြစ်သည်။

 

စစ်တပ်၏ မည်သို့သော အကြမ်းဖက်မှုများ ရှိနေသည့်တိုင် ဖေဖော်ဝါရီတွင် စတင်ခဲ့သော မြန်မာ့နွေဦးသည် ရဟန်းရှင်လူ လူတန်းစားပေါင်းစုံဖြင့် အရှိန်အဟုန် ကောင်းစွာ ရှေ့ဆက်နေဆဲဖြစ်သည်။

 

Burma Associated Press

 

ဘုန်းကြီး
သီလရှင်များ
အာဏာသိမ်း
ဆန္ဒပြ

Share With
bap-logo