bap-logo
Article

တော်လှန်သောကျောင်းဆရာ

zESM3dLXrUH4mLu-sLd9f-image

လွန်ခဲ့သော ၂ နှစ် က

စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ကျောင်းဆရာ၊ ဆရာမများသည် တပ်ဦးမှ ဦးဆောင်ပါဝင်ခဲ့ကြသည်။

 

ရွေးကောက်ပွဲကာလ မဲရုံစောင့်တာဝန်ကို သိက္ခာသမာဓိရှိစွာ ဆောင်ရွက်ခဲ့ကြသော်လည်း မဲမသမာမှု ခေါင်းစဉ် တပ်၍ စစ်မှန်သောရလဒ်ကို ဖျက်ဆီးခြင်း ခံရသောအခါ အမှန်တရားအတွက် သူတို့၏ ရဲရင့်မှုများသည် လမ်းမထက်ဆီသို့ ရောက်ခဲ့ကြသည်။

 

ထိုအထဲတွင် အစိုးရကျောင်းမှ ဆရာ၊ ဆရာမများနည်းတူ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းဆရာများအဖွဲ့မှ ကိုထူးလည်း ပါဝင်ပေသည်။

 

အာဏာသိမ်းပြီဆိုတော့ ဘာလုပ်ကြမလဲ တိုင်ပင်ကြတယ်။ ပထမတော့ ကန့်ကွက်စာထုတ်၊ ကမ်ပိန်း လုပ်ရုံလောက်ပဲ။ ပြီးတော့ ဆရာအဖွဲ့နဲ့အတူ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တယ်။ နောက်ပိုင်း အဖမ်းအဆီးတွေ ဖြစ်လာတော့ အိမ်မှာနေလို့ မရတော့ဘူး။ ဟိုရှောင် ဒီရှောင်နဲ့ တောထဲရောက်လာတော့တာပဲဟု လွတ်မြောက် နယ်မြေသို့ ရောက်ရှိခဲ့ပုံအား ကိုထူးက ပြန်ပြောပြသည်။

 

စာသင်ခန်းတွင်သာ နေ့စဉ်ဘဝကို ဖြတ်သန်းကုန်လွန်ခဲ့သည့် ဆရာတစ်ယောက်အတွက် တောတွင်း သင်ခန်းစာ သည် ခက်ခဲပင်ပန်းလှသည်။ အဆောက်အဦးဆို၍ တစ်စုံတစ်ခုမျှ မရှိသော ဝါးတောကြီးအတွင်း ကိုယ် နေထိုင်ရန် နေရာအတွက် ကိုယ်တိုင်ဆောက်လုပ်ရသည်။ တင်းကြပ်သည့် စစ်စည်းကမ်းများအောက် တာဝန်နှင့် ပြစ်ဒဏ် ဒွန်တွဲလျက် နေ့ရက်တိုင်းကို ကျော်ဖြတ်ခဲ့ရသည်။

 

မိုးတွင်းဆိုတော့ တဲမပြီးခင် လေးငါးရက်က မိုးရေထဲ ကြုံသလိုနေရတာ။ တဲတွေပြီးတော့ လေ့ကျင့်ကွင်း ဖော်ရတယ်။ မိုးသည်းတဲ့ အချိန်ဆိုတော့ စမ်းချောင်းက သဲ၊ ကျောက်ထမ်းပြီး လမ်းခင်းရတယ်။ တစ်လလောက် တည်ဆောက်ရေးလုပ်ပြီးမှ သင်တန်းစဖြစ်တယ်’’ ဟု စစ်သင်တန်းတွင် နေထိုင်ရေးအတွက် ကိုယ်တိုင် စီမံဆောင်ရွက်ခဲ့ရပုံအား ကိုထူးက ရှင်းပြသည်။

 

လေ့ကျင့်ချိန်က မနက် () နာရီကနေ (၁၁)နာရီအထိ တစ်ကြိမ်၊ နေ့လယ်()နာရီကနေ ()နာရီ အထိ တစ်ကြိမ်ပေါ့။ ညပိုင်းတော့ ()နာရီကနေ ()နာရီအထိ စာသင်တယ်။ တန်းစီကွင်းကို အချိန်မီ မရောက်ရင်တော့ ဒိုက်ထိုးပဲ။ ဒိုက်ထိုး၊ လေထီးခုန်၊ ဖားခုန် ဘယ်သူမှ လွတ်တယ်မရှိပါဘူးဟု သင်တန်း ကာလ အတွေ့အကြုံ များကို ၎င်းက ရယ်ရယ်မောမော ပြန်ပြောပြသည်။

 

ကိုထူးတို့ စစ်သင်တန်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ သင်တန်းအပတ်စဉ် (၁၀) ဖြစ်သည်။ သင်တန်းကာလ()လအတွင်း မပြည့်စုံမှုများ ကြား၌ ဖြစ်အောင်စီစဉ်ရသည့် စစ်သင်တန်းမို့ အစားအသောက်ဟူသည် လောက်ငှရုံမျှသာ ရှိသည်။ ကိုယ့်ရိက္ခာ ကိုယ့်ထမ်း၍ ကိုယ့်ထမင်း ကိုယ်ချက်ကြရသည်။

 

နေအိမ်တွင် ဇိမ်ဖြင့် နေခဲ့ကြသော်လည်း သင်တန်းတွင် ကိုယ်စီတာဝန်ယူရင်း အားလုံး တသားတည်း နေထိုင် ဖြတ်ကျော်ကြရသည်။ အသွားအပြန် နာရီခန့် ကြာမြင့်သည့် ခရီးကို ရိက္ခာဝယ်ယူရန် နှစ်ပတ် တစ်ခါ အလှည့်ကျ သွားကြရသည်။ မီးဖိုဆောင်တာဝန်ကို အလှည့်ကျ တာဝန်ယူရပြီး ရှိတာနှင့်ဖြစ်အောင် စီမံကြရသည်။

 

ထမင်းဟင်းကတော့ အလှည့်ကျချက်ပေါ့။ ရှိတာနဲ့ ဖြစ်သလိုစီမံရတာပဲ။ မနက်စာ ဆန်ပြုတ်ရယ်၊ ပဲဟင်းနဲ့ မျှစ်ရယ်ကတော့ ပုံမှန်ဟင်းလျာပေါ့။ သင်တန်း()လမှာ အသားဟင်းတော့ ()နပ် စားခဲ့ရတယ်’’ ဟု သင်တန်း ကာလ တာဝန်မျှယူရင်း စားသောက်ရေးအတွက် ဖြစ်သလို စီမံ ဆောင်ရွက်ရပုံကို ကိုထူးက ပြောပြသည်။

 

ထမင်းဟင်းကတော့ အလှည့်ကျချက်ပေါ့။ ရှိတာနဲ့ ဖြစ်သလိုစီမံရတာပဲ။ မနက်စာ ဆန်ပြုတ်ရယ်၊ ပဲဟင်းနဲ့ မျှစ်ရယ်ကတော့ ပုံမှန်ဟင်းလျာပေါ့။ သင်တန်း()လမှာ အသားဟင်းတော့ ()နပ် စားခဲ့ရတယ်’’ ဟု သင်တန်း ကာလ တာဝန်မျှယူရင်း စားသောက်ရေးအတွက် ဖြစ်သလို စီမံဆောင်ရွက်ရပုံကို ကိုထူးက ပြောပြသည်။

 

ခက်ခဲမှုများ၊ အဆင်မပြေမှုများကို သည်းခံ၍ () လတာ သင်တန်းကာလ ပြီးဆုံးချိန်တွင် ဝမ်းသာခြင်း ဝမ်းနည်းခြင်း ရသနှစ်မျိုးကို ကိုထူး ဒွေးရောယှက်တင် ခံစားခဲ့ရသည်။

 

အထူးသဖြင့် ဒေသစုံက တော်လှန်ရေးညီအစ်ကိုများ ဆုံတွေ့ကြရင်း အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး ဦးတည်ချက်တွင် တစ်ဦးနှင့်တစ်ဦး ရဲဘော်ရဲဘက်စိတ် အပြည့်ဖြင့် ဖေးမခဲ့ကြခြင်းတွေ၊ မရှိအတူ၊ ရှိအတူ ဖြတ်ကျော်ခဲ့ကြသော နေ့ရက်များ ကုန်လွန်၍ တာဝန်ကိုယ်စီ ဖြင့် ခရီးဆက်ရတော့မည့်အချိန် အချင်းချင်း ဂရုတစိုက်ရှိဖို့ တဖွဖွမှာပြီး တချိန်မှာ ပြန်ဆုံဖို့ ကတိစကားတွေ အထပ်ထပ် ပြုခဲ့ကြခြင်းတို့က ကိုထူးအတွက် မေ့မရသည့် ခံစားရမှုများပင်ဖြစ်သည်။

 

ကျွန်တော်တို့ မရှိအတူ ဖြတ်သန်းခဲ့ကြရတယ်။ ငါးယောက်မျှသောက်ရတဲ့ ကော်ဖီနဲ့ ငြင်းခုန်ခဲ့ကြတဲ့ ညတွေကို ပြန်တမ်းတမိတယ်။ ဒါပေမယ့် ပြန်ရဖို့ မလွယ်တော့ပါဘူး။ ရမယ်ဆိုရင်တောင် အရင်လို လူမဆုံနိုင်ကြတော့ဘူး။ ပြန်ဆုံမယ် ကတိပေးပြီး ထားခဲ့သူတွေက ထားခဲ့ကြပြီလေဟု သင်တန်းကာလ အတူဖြတ်သန်းခဲ့ကြပြီး တော်လှန်ရေး ခရီးမဆုံးမီ ကျဆုံးသွားခဲ့သည့် ရဲဘော်သူငယ်ချင်းတချို့ကို လွမ်းဆွတ်တမ်းတစွာဖြင့် ကိုထူးက စကားဆိုသည်။

 

သင်တန်းပြီးချိန်တွင် ကိုထူးနှင့် ရဲဘော်ညီအစ်ကို () ယောက်သည် ရှေ့တန်းတစ်နေရာသို့ အတူထွက်ခဲ့ ကြသည်။ စစ်မြေပြင်တွင် ရန်သူကို သတိပြုရသလို ရန်သူလာနိုင်သည့် လမ်းကြောင်းများ၊ ထောင်ထားသည့် နင်းမိုင်း၊ တိုက်မိုင်းများကိုလည်း သတိပြုကြရသည်။ သတိထားသည့်ကြားမှ အမှားအယွင်း ဖြစ်သည်များလည်း ရှိကြသည်။

 

ရန်သူ့စခန်းကို သွားပစ်တုန်းက လူစုကွဲပြီး မိုင်းထောင် ထားတဲ့လမ်းကို ရောက်သွားသေးတယ်။ ရန်သူကလည်း တရစပ် ပြန်ပစ်နေချိန် လူကလည်း ပြာနေတော့ ဘယ်နားမိုင်းရှိလဲ ဆိုတာတောင် မသိတော့ဘူး။ တက်မနင်းမိတာ တော်တော်ကံကောင်းတယ်။ မဟုတ်ရင် ကိုယ့်မိုင်း ကိုယ်နင်းမိပြီး သေမှာ’’ ဟု သူ၏ ပထမဆုံး တိုက်ပွဲအတွေ့ အကြုံအား ကိုထူးက ပြန်ပြောပြသည်။

 

ရှေ့တန်းတွင် ()လကြာ တာဝန်ထမ်းဆောင်ပြီးချိန် ၂၀၂၂ ဇန်နဝါရီလတွင် နောက်တန်းစခန်းကို ကိုထူး ပြန်ရောက်ခဲ့သည်။ ရှေ့တန်းစစ်မြေပြင်တွင် ထိခိုက်ဒဏ်ရာရှိမှုမရှိခဲ့သော်လည်း နောက်တန်းကို ပြန်ရောက်သောအခါ ထုတ်လုပ်ရေးပိုင်းတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ရင်း သူတို့အဖွဲ့မှ ရဲဘော် တစ်ယောက် ဗုံးမတော်တဆဖြစ်၍ ညာဘက်လက် ထိခိုက်ဆုံးရှုံးခဲ့ရသည်။

 

ကျွန်တော်တို့ အဖွဲ့ထဲမှာ သူကအငယ်ဆုံးပေါ့။ ဖြစ်တုံးက ကိုယ့်ရှေ့တင်ဆိုတော့ တော်တော်လေး ပြိုလဲသွားတာ။ သူကတော့ အေးဆေးပါပဲ။ လက်တစ်ဘက်ပဲ ဆုံးရှုံးတာ၊ သေတာမှမဟုတ်ဘဲ။ လုပ်နိုင်တာ ဆက်လုပ်မယ်တဲ့။ ဒီလိုပဲ တော်လှန်ရေးမှာ ပေးဆပ်လိုက်ရတဲ့လူတွေ မနည်းတော့ဘူး။ ဒီအရာတွေရပ်ဖို့ ကျွန်တော်တို့ နိုင်အောင် မြန်မြန်တိုက်မှရမယ်။ အသက်တွေက စျေးမပေါဘူးလေ' ဟု ဆို့နင့်တိမ်ဝင်သွားသည့် အသံကို ချောင်းတစ်ချက် ဟန့်ထိန်းပြီး သူ့ရဲဘော်၏ စိတ်ဓာတ်နှင့် ခံယူချက်ကို ကျေနပ်စွာဖြင့် ကိုထူးက ပြောပြသည်။

 

မျိုးဆက်သစ်များ၏ အနာဂတ်အတွက် ပညာဖြင့်ကြွယ်ဝသော ခရီးကို လျှောက်လှမ်းနိုင်ရန် ကျောင်းဆရာ တစ်ဦးအဖြစ် မျှဝေသင်ကြားခြင်းမှသည် အာဏာရှင်စနစ်ဆိုးကြောင့် သေနတ်ကို ကိုင်စွဲပြီး မျိုးဆက်သစ်များ၏ အနာဂတ်လမ်းအတွက် ရွေးချယ်ခဲ့ရမှုအပေါ် ဘယ်တုန်းကမှ နောင်တမရကြောင်း ကိုထူးက ဆိုသည်။

 

မျိုးဆက်သစ်များ၏ အနာဂတ်အတွက် ပညာဖြင့်ကြွယ်ဝသော ခရီးကို လျှောက်လှမ်းနိုင်ရန် ကျောင်းဆရာ တစ်ဦးအဖြစ် မျှဝေသင်ကြားခြင်း မှသည် အာဏာရှင်စနစ်ဆိုးကြောင့် သေနတ်ကို ကိုင်စွဲပြီး မျိုးဆက်သစ် များ၏ အနာဂတ်လမ်းအတွက် ရွေးချယ်ခဲ့ရမှုအပေါ် ဘယ်တုန်းကမှ နောင်တမရကြောင်း ကိုထူးက ဆိုသည်။

 

လက်ရှိတွင် ၎င်းသည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် တပ်ခွဲမှူး တာဝန် ထမ်းဆောင်လျက်ရှိပြီး ရဲဘော်(၇၀)ကျော်ကို ကွပ်ကဲနေရပြီဖြစ်သည်။

 

ဒီအချိန်က အရေးကြီးဆုံးအချိန်ပဲ။ စစ်ကောင်စီက အဘက်ဘက်က ကျဆုံးနေပြီ။ ကျွန်တော်တို့ ညီညီညွတ်ညွတ်နဲ့ တိုက်ရမယ်။ ရန်သူက ရန်သူပီသချိန်မှာ ကျွန်တော်တို့က မီးစာတစ်ဖက် ရေမှုတ် တစ်ဖက် လုပ်နေလို့တော့ မရဘူးလေ။ ဒီတိုင်းပြီးသွားရအောင် ဆုံးရှုံးသွားတဲ့ အသက်တွေက ပြန်ရှင်လာမှာမှ မဟုတ်တာဟု မပြီးဆုံးသေးသည့် တော်လှန်ရေးခရီး အဆုံးထိ ဆက်လျှော်မည့် သူ၏ ယုံကြည်ချက်အပေါ် ကိုထူးက ခိုင်မာစွာ စကားဆိုသည်။

 

မည်သို့ဆိုစေ တော်လှန်ရေးကြီး အောင်မြင်ပြီးဆုံးချိန်တိုင်သည့်အခါ သေနတ်အစား ဝှိုက်ဘုတ်မာကာ (Whiteboard Marker) ကို အမြတ်တနိုး ပြန်လည်ကိုင်စွဲရန် ကိုထူး ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။

 

မျိုးဆက်များအတွက် ထွန်းလင်းတောက်ပသော အနာဂတ်အခင်းအကျင်းသည် သေနတ်သံ၊ ကျည်ဆံ၊ အမြောက်သံများအစား ပညာဖြင့်တင့်တယ်သော အခြေအနေတစ်ရပ်ကိုသာ ကိုထူး မျှော်လင့်ဖြစ်တည် စေချင်မိသည်။ ဤအရာသည် လက်ရှိအာဏာရှင်အား လက်နက်စွဲကိုင် အံတုတော်လှန်ရခြင်း အကြောင်းလည်း ဖြစ်ပေသည်။

 

တော်လှန်ရေးပြီးရင် အိမ်ပြန်မယ်။ စာသင်ခန်းကို ပြန်သွားမယ်။ ကလေးတွေကို စာပြန်သင်မယ်။ ဒီလောက်ပါပဲ။ ကျန်တာဘာမှ မလိုချင်ဘူးဟု ဟိုးအဝေးဆီ ငေးမျှော်ရီရင်း ကိုထူးက ပြောသည်။

 

Burma Associated Press

 

ကျောင်းဆရာ/မ
နွေဦးတော်လှန်ရေး
ဆန္ဒပြ
အာဏာသိမ်း

Share With
bap-logo