bap-logo
Article

လှေဆွဲရွာက သေကွဲ ရှင်ကွဲ

0SWZHbxfjf-oQxeA1UVWX-image

လွန်ခဲ့သော ၃ နှစ် က

မြန်မာ့မြေပေါ်မှာ စစ်အာဏာရှင်စနစ် လုံးဝမရှိစေဘဲ ချုပ်ငြိမ်းသွားရမယ်။ စစ်အာဏာရှင်ဆိုတာ မထားသင့်၊ မရှိသင့်တဲ့အရာလို့ခံယူထားတယ်။ သေတဲ့အထိ ဆက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ ရှိုက်သံတဝက်နဲ့ ကြွေးကြော် လိုက်တဲ့ ဦးဝင်းရဲ့ မျက်ဝန်းထဲမှာတော့ မျက်ရည်တွေ ပြည့်နှက်နေမှာ အသေချာပါပဲ။


သားကြီးရေ"လို့ တဖွဖွအော်နေခဲ့ရတဲ့ သူ့ရဲ့ ရင်နှစ်သည်းချာ၊ ပထမဆုံးရင်သွေး၊ အသက်နှစ်ဆယ် အရွယ် သားတစ်ယောက်ကို ဦးဝင်း ဆုံးရှုံးလိုက်ရတာ ပူပူနွေးနွေးပင်ရှိပါသေးတယ်။

 

ဦးဝင်းက ဇွန်လ ရက်မှာ စစ်ကောင်စီလုံခြုံရေးတပ်တွေ ဝင်ရောက်ပစ်ခတ်သွားတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ လှေဆွဲရွာ၊ ရွာသားတစ်ဦးဖြစ်ပါတယ်။ သူ့မှာ သားကြီး မောင်သန့်နဲ့ သားငယ် မောင်ဟိန်းဆိုတဲ့ အမွှာသားနှစ်ယောက် ရှိပါတယ်။ သားကြီးက ရွာသားတွေနဲ့အတူ ဇွန်လ ရက်က စစ်ကောင်စီ လုံခြုံရေးတပ် တွေကို ပြန်လည်ခုံခံရင်း အသက်ပေးလိုက်ရတာပါ။

 

၉၆ ပါး ရောဂါတစ်ခုခုနဲ့ ဆုံးရှုံးလိုက်ရရင်တောင် ဝမ်းနည်းမဆုံးဖြစ်ရမယ့် အရွယ်နုနု သားကလေးကို အခုလိုမျိုး စစ်ကောင်စီလက်ချက်ကြောင့် မတရားဆုံးရှုံးလိုက်ရတာက ဖခင်ဖြစ်သူ ဦးဝင်းကို ဝမ်းနည်း ဒေါသဖြစ်စေခဲ့ ပါတယ်။

 

"ကျွန်တော်က သူ့ကို သားကြီးပဲခေါ်တယ်။ သားကို ထိတော့ ကျွန်တော် ဘယ်လိုမှ ပြန်မကောက်နိုင်ဘူး။ အဲဒါလည်း ကျွန်တော့်အမှားပေါ့"လို့ ပြောရင်း ဦးဝင်းက ယူကြုံးမရဖြစ်နေပါတယ်။ လှေဆွဲရွာကို စစ်ကောင်စီ လုံခြုံရေးတပ်တွေ ဝင်လာတုန်းက မနက်လင်းအာရုံသာ ရှိသေးပါတယ်။

 

"ကျွန်တော်က သူ့ကို သားကြီးပဲခေါ်တယ်။ သားကို ထိတော့ ကျွန်တော် ဘယ်လိုမှ ပြန်မကောက်နိုင်ဘူး။ အဲဒါလည်း ကျွန်တော့် အမှားပေါ့"လို့ ပြောရင်း ဦးဝင်းက ယူကြုံးမရ ဖြစ်နေပါတယ်။ လှေဆွဲရွာကို စစ်ကောင်စီ လုံခြုံရေးတပ်တွေ ဝင်လာတုန်းက မနက်လင်းအာရုံသာ ရှိသေးပါတယ်။

 

 

ရပ်မိရပ်ဖတွေနဲ့လူငယ်တွေက ရွာလုံခြုံရေးအတွက် ရွာတံခါးတွေ ပြုလုပ်ထားကြတာဖြစ်ပါတယ်။ ရွာတံခါး ဖွင့်ထားချိန်မှာ ပုံမှန်သွားလာလှုပ်ရှားသူတွေနဲ့ရှိနေပြီး၊ နာရီကနေ မနက် နာရီထိ ရွာတံခါးကို ပိတ်ထားပါတယ်။ ရွာထဲမှာ လုံခြုံရေးအတွက် အလှည့်ကျကင်းစောင့်မယ့်အဖွဲ့တွေကိုလည်း ဖွဲ့ထားပါသေးတယ်။

 

ဒါပေမယ့် ဇွန်လ ၅ရက်နေ့ နံနက် နာရီလောက်ကစပြီး ရွာထဲမှာ လှုပ်လှုပ်ရှားရှားဖြစ်နေပါပြီ၊ ဦးဝင်းဆီ ကိုလည်း စစ်ကားတွေရွာထဲဝင်သွားကြောင်း အသိပေးတဲ့ ဖုန်းတစ်လုံး ဝင်လာခဲ့ပါတယ်။ အဲဒါကြောင့် သူတို့ မိသားစုလည်း အခြားရွာသားတွေလိုပဲ ဘေးလွှတ်ရာသို့ ရှောင်ပုန်းခဲ့ကြရပါတယ်။

 

"မနက်တံခါးအဖွင့်မှာ အဲ့ကောင်တွေရောက်လာတယ်။ အဲဒါနဲ့ ကပျာကယာရှောင်ကြတာပေါ့နော်။ တစ်အိမ်တက် ဆင်းနဲ့ အနုကြမ်းစီးသလို ဝင်ပြီးတော့ရှာကြတယ်"လို့ သူကပြောပါတယ်။ အဲဒီအချိန်မှာ သူနဲ့ သားကြီးက အတူတူရှိနေခဲ့ပါတယ်။ စစ်ကောင်စီကို ပြန်လည်ခုခံခဲ့တဲ့  မွန်းလွဲချိန်ထိလည်း အတူ ရှိနေခဲ့ကြပါသေးတယ်။ ရရာလက်နက်စွဲကိုင်ပြီး အဖေနဲ့သားအတူတကွ စစ်ကောင်စီကို ပြန်လည်ခုခံ တိုက်ခိုက်ကြရင်း၊ ပြန်ဆုတ်ကြစဉ် မှာပဲ သားကို ကျည်ထိမှန်ခဲ့ပါတယ်။

 

"ကျွန်တော်တို့သားအဖက ကင်းလှည့်လူငယ်အဖွဲ့ရှိတဲ့နေရာနဲ့ ချိတ်ပြီးရှောင်ကြတယ်။ အဲဒီမှာ ရွာသား နှစ်ဦးကို သူတို့ဖမ်းခေါ်သွားတယ်လို့ ဖုန်းရတယ်။ အဲဒီသတင်းကြားတော့ ကလေးတွေက မခံမရပ်နိုင် ဖြစ်တာပေါ့။ အဲဒီ အကြောင်းကို မတ်တပ်ရပ်ပြီးပြောနေရင်း ဒီကောင်တွေလာပြီး ပေတစ်ရာကျော်လောက်ကနေ မပြေးနဲ့ ဆိုပြီးတော့ ဝိုင်းတယ်။ ပြေးတဲ့ကောင်ပြေးပြီး ဝပ်တဲ့ကောင် ဝပ်တော့ သူပစ်ကိုယ်ပစ်တွေ ဖြစ်ကြတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်တာပေါ့နော်"လို့ ဦးဝင်းက သူကြုံခဲ့ရသမျှကို ပြောပါတယ်။

 

အင်အားများတဲ့ စစ်ကောင်စီလုံခြုံရေးတပ်တွေက အကာအကွယ်ရှိတဲ့ဘက်ကနေပြီး၊ အကွာအကွယ် မဲ့ပြီး လက်နက်မဲ့နေတဲ့ပြည်သူတွေကို တရစပ်ပစ်သတ်ခဲ့တယ်လို့ သူကပြောပါတယ်။

 

အဲဒီလို ရက်ရက်စက်စက် ပစ်ခတ်တာကြောင့် ဦးဝင်းတို့အဖွဲ့ မဆုတ်ခွာခင်မှာပဲ အတူတိုက်ပွဲဝင်နေတဲ့ တစ်ရွာတည်းနေ သားဖနှစ်ဦး ကျဆုံးခဲ့ပြီး၊ ဆုတ်နေရင်းမှာ သူ့သားကြီးလည်း ကျဆုံးခဲ့ပါတယ်။

 

"အကာအကွယ်ရော ဘာလက်နက်မှအကောင်းစားမှမရှိတာ ဒုက္ခရောက်တာပေါ့။ လာဝိုင်းတုန်းက ယောက်ထဲ။ သေနတ်သံကြားလို့ ရှေ့ရောက်နေရာက နောက်ကြောင်းပြန်လာပြီး ဘေးတိုက်ပစ်တော့ ဆုတ်ခဲ့ရတာပေါ့။ ဘေးတွေကပါ ပလူပျံအောင်ပစ်နေတော့ ကျွန်တော့်နားမှာပဲ သားကလည်း ဆုတ်ရင်းနဲ့ထိတာ။ ပြန်မကောက် နိုင်ခဲ့ဘူးဆိုတာ သူ့ကို ဆွဲဖို့မရအောင်ထိ မနည်းရုန်းကန်ပြီး ဆုတ်ခဲ့ရတယ်။ ထိတဲ့သူတွေကို ဘယ်သူ့မှ မဆွဲလာနိုင်ဘူး။ ထိပြီဆိုကတည်းက သေဖို့များတယ်။ ဘုရားစောင့်ရှောက်လို့သာ ကျန်တဲ့သူတွေလည်း လွှတ်လာတာ"လို့ပြောရင်း ဦးဝင်းရဲ့ အသံ တစ်ချက် တိမ်ဝင်သွားပါတယ်။

 

သူ့သားနဲ့အတူ တိုက်ပွဲမှာကျဆုံးခဲ့တဲ့ သားဖနှစ်ဦးကိုလည်း လှေဆွဲရွာသားတွေခမျာ ပြန်မကောက်နိုင်ခဲ့ဘဲ ကိုယ်စီအသက်ဘေးလွှတ်ရာ ဆုတ်ခဲ့ကြရပါတယ်။ ကျဆုံးသူတွေကိုတော့ စစ်ကောင်စီ လုံခြုံရေးအဖွဲ့တွေက ကောက်သွားခဲ့တာဖြစ်ပါတယ်။ သူအနေနဲ့ ပလူပျံနေတဲ့ကျည်ဆံတွေကြား ကျဆုံးသွားတဲ့ သားဖြစ်သူကို မဆွဲခေါ်နိုင်ခဲ့တဲ့အပြင်၊ သားကြီးရဲ့ နောက်ဆုံးခရီးကိုပင် စီစဉ်ပို့ဆောင်ခွင့် မရခဲ့ပါဘူး။ ဖုန်းထဲကရောက်လာတဲ့ မရေရာမသေချာတဲ့  တဆင့်စကားနဲ့သာ သားကြီးရဲ့ နောက်ဆုံးခရီး ကို မှန်းမျှော်ကြည့်ရင်း ပူဆွေးနေခဲ့ပါတယ်။  

 

"ဒီနေ့ ကျုံပျော်သုသာန်မှာပဲ သဂြိုလ်သလားမသိဘူး။ လုပ်ပေးနေတဲ့တူကို ဖုန်းဆက်တော့ ဆေးရုံကနေ လက်မှတ်ထိုးပြီးတော့ အဲဒီမှာပဲ သဂြိုလ်ခိုင်းလိုက်တဲ့ ပုံစံရှိတယ်တဲ့။ ရွာကိုပြန်မယူခဲ့ဘူးတဲ့လို့ ဦးဝင်းက ပြောပါတယ်။

 

မောင်သန့်က ပြီးခဲ့တဲ့နှစ်က ဆယ်တန်းအောင်မြင်ခဲ့ပြီး၊ တက္ကသိုလ်တက်ခွင့်ကို စောင့်စားနေခဲ့ပါတယ်။ တက်ကြွတဲ့လူငယ်တစ်ဦးပီပီ ပရဟိတစိတ်အားထက်သန်သူ ဖြစ်တာကြောင့် လူတကာနဲ့ ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်ခဲ့တယ်လို့ ဦးဝင်းကပြောရင်း သားဖြစ်သူကို ပြန်ပြောင်း အမှတ်ရနေပါတယ်။

 

ဒီအပြင် နွေဦးတော်လှန်ရေးကာလထဲ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပွဲတွေမှာလည်း တက်ကြွစွာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ လှေဆွဲရွာမှာ စစ်ကောင်စီလက်ချက်ကြောင့် ကျဆုံးသူ ဦးရှိခဲ့ပြီး၊ မောင်သန့် အပြင် အသက် ၄၀ အရွယ်နဲ့ အသက်နှစ်ဆယ်အရွယ် နှစ်ဦးလည်း  ကျဆုံးခဲ့ပါတယ်။ ကျန်တစ်ဦးကိုလည်း ဆိုင်ကယ်နဲ့ သွားလာနေစဉ် စစ်ကောင်စီက ပစ်သတ်ခဲ့ပြီး၊ ဘယ်သူဘယ်ဝါဆိုတာ မသိသေးဘူးလို့ သူကပြောပါတယ်။

 

ဒီဖြစ်စဉ်အားလုံးရဲ့တရားခံက လှေဆွဲရွာကဒလန်တွေလို့ ဦးဝင်းက ယုံကြည်ထားပါတယ်။ ရပ်မိရပ်ဖ တစ်ဦးရဲ့ ကားပေါ်မှာ လက်နက်တွေတင်လာတယ်ဆိုတဲ့ အမှားသတင်းပေးကြောင့် အခုလိုမျိုး ရွာနဲ့အတူ ရွာသူရွာသား အားလုံး ဒုက္ခရာက်ကြရတယ်လို့သူကဆိုပါတယ်။

 

ရွာကဒလန်ရဲ့ စွပ်စွဲမှုကြောင့် ဒုက္ခရောက်တာ။ ဦးကြီးဆိုရင် ရပ်ရေးရွာရေး အကုန်ကောင်းပြီး၊ အားလုံးနဲ့ အဆင်ပြေအောင်နေတယ်။ ရွာသုံးပုံတစ်ပုံက ဒလန်ချည်းပဲ။ ဒီဒေသရပ်ရွာမှာနေလာတာ၊ ကိုယ့်ဒေသရပ်ရွာကို အတတ်နိုင်ဆုံးကောင်းအောင် လုပ်လာခဲ့တဲ့သူတွေပါဗျ။ အဲတော့ ဒလန်တွေက ကျွန်တော်တို့အပေါ် ကောင်းအောင် မလုပ်ရင်တောင် ရွာကိုမဖျက်စီးပါနဲ့လို့ပဲပြောချင်ပါတယ်"လို့ သူကပြောပါတယ်။

 

ရွာကဒလန်ရဲ့ စွပ်စွဲမှုကြောင့် ဒုက္ခရောက်တာ။ ဦးကြီးဆိုရင် ရပ်ရေးရွာရေး အကုန်ကောင်းပြီး၊ အားလုံးနဲ့ အဆင်ပြေအောင်နေတယ်။ ရွာသုံးပုံ တစ်ပုံက ဒလန်ချည်းပဲ။ ဒီဒေသရပ်ရွာမှာနေလာတာ၊ ကိုယ့်ဒေသရပ်ရွာကို အတတ်နိုင်ဆုံးကောင်းအောင် လုပ်လာခဲ့တဲ့သူတွေပါဗျ။ အဲတော့ ဒလန် တွေက ကျွန်တော်တို့အပေါ် ကောင်းအောင် မလုပ်ရင်တောင် ရွာကို မဖျက်စီးပါနဲ့လို့ပဲပြောချင်ပါတယ်"လို့ သူကပြောပါတယ်။

 

 

ခုတော့ဦးဝင်းတို့မိသားစုမှာ သေကွဲ၊ ရှင်ကွဲ နှစ်မျိုးလုံးကို တစ်ချိန်တည်း ရင်ဆိုင်နေကြရပါတယ်။ ဦးဝင်းကိုယ်တိုင်လည်း ဘေးလွှတ်ရာရှောင်ပုန်းနေရသလို မိသားစုဝင်အားလုံးလည်း အသီးသီး ရှောင်ပုန်းနေရင်း တကွဲတပြားစီဖြစ်နေကြရတယ်လို့ဆိုပါတယ်။

 

သားကြီးဖြစ်သူ နွေဦးတော်လှန်ရေးသူရဲကောင်း မောင်သန့်ကိုလည်း မိုးအုံ့နေတဲ့ တစ်ရက်မှာ မိသားစု ဆွေမျိုးအသိုင်းအဝိုင်းမပါပဲ ကျုံပျော်သချိုင်းထဲမှာ သဂြိုလ်ခဲ့ကြပါတယ်။

 

ဦးဝင်းရင်ထဲမှာတော့ မပြီးသေးတဲ့ တော်လှန်ရေးနဲ့အတူ သားကြီးအတွက် ဖြေမဆည်းနိုင်ဘဲ ဆို့နင့်နေပါတယ်။ ဒါပေမယ့် ဒီမြေမှာ စစ်အာဏာရှင်မရှိစေဘဲ အဆုံးထိတိုက်ပွဲဝင်မယ်လို့ သူက ဆုံးဖြတ်ထားပါတယ်။

 

(ကာယကံရှင်များ၏ နာမည်များကို လွှဲပြောင်းထားပါသည်။)

Burma Associated Press

စစ်တပ်
အသတ်ခံရ
အရပ်သား
ဧရာဝတီ

Share With
bap-logo