bap-logo
Data

ကျောက်မဲတိုက်ပွဲ ၃ ရက် အတွင်း အရပ်သား ၂၀ ​ကျော်သေဆုံး

nK8KtcP_YeIRptGOxd9Os-image

လွန်ခဲ့သော ၃ လ က

ဇွန် ၂၇။

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ မှာ နှစ်ဖက်တိုက်ပွဲအတွင်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိပြီး ပြည်သူ ၂၃ ဦး သေဆုံးခဲ့တယ်လို့ ကူညီပေးခဲ့တဲ့လူမူကူညီရေးအသင်းတွေဆီက သိရပါတယ်။

 

"တိုက်ပွဲရက် ()ရက် အတွင်းက အလောင်းတွေပါ၊ မြို့ပေါ်အချို့နေရာတွေလည်း ဒဏ်ရာရသေဆုံးသူတွေ မကောက်နိုင်တဲ့ အလောင်းတွေရှိနေကြသေးတယ်၊ တနေ့လုံးတိုက်ပွဲပြင်းထန်နေတယ်၊ ပြေးနေရင်းလက်နက်ကြီး ထိသူတွေလည်းရှိနေတယ်"လို့ ကျောက်မဲမြို့ခံတဦးက ပြောပါတယ်။

 

သေဆုံးသူတွေဟာ လက်နက်ကြီးမှန်လို့ရရှိတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေကြတာဖြစ်ပြီး သေဆုံးနေတဲ့ ၂၃ ဦးရုပ်အလောင်းကို နမ့်ခုံး ရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲနဲ့ နာရေးကူညီမှုအသင်း - ကျောက်မဲ တို့ပူးပေါင်းကာ အေးချမ်းသာသုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ် ကူညီပေးခဲ့ကြတာလို့ ဆိုပါတယ်။

 

ကျောက်မဲမြို့တွင်းမှာ စစ်ကောင်စီတပ်နဲ့ တအောဝ်းပလောင်အမျိုးသားတပ်မတော်နဲ့ ပူးပေါင်း တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ပြည်သူတွေရှောင်ပြေးနေကြရတာဖြစ်ပါတယ်။

 

"ကျည်ဆန် ထိမှန်သေတာတွေပါ၊ လမ်းမတွေပေါ်မှာ တွေ့တဲ့အလောင်းကို ကောက်ယူပြီး တစ်ခါတည်း သင်္ဂြိုလ် ပေးခဲ့လိုက်တာ။ ဘယ်သူတွေလည်းမသိရဘူး အချို့ကလဲအိမ်စောင့်အဖြစ်ကျန်နေရင်းနဲ့ထိမှန်သေဆုံးကြတာ"လို့ပရဟိတအသင်းတခုက ပြောပါတယ်။

 

ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့စစ်ကောင်စီတို့အကြား၊ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်က တရုတ်အစိုးရရဲ့ စီစဥ်ပေးမူနဲ့ အပစ်ရပ် သဘောတူညီခဲ့ပါတယ်။

 

အဲဒီနောက် လနီးပါး အပစ်အခတ် ရပ်စဲခဲ့ပြီး ဇွန်လ ၂၅ ရက်မှာ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်

 

ဇွန်လ ၂၅ ရက်နေ့ကစပြီး တိုက်ပွဲစတင်နေတာဖြစ်ကာ စစ်တပ်ရဲ့အခြေချနေရာတွေအများအပြားကို TNLA နဲ့ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ- လူမှုကွန်ရက်

 

Burma Associated Press

ကျောက်မဲ
ပျက်ကျ
လက်နက်ကြီး
အရပ်သား

Share With
bap-logo