Data
အသက် ၂၁ နှစ်အရွယ် Free Burma Rangers အဖွဲ့ဝင်တစ်ဦး ညောင်ရွှေတွင် ကျဆုံး
လွန်ခဲ့သော ၁၀ လ က
ဧပြီ ၁၄။
Free Burma Rangers-FBR အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက် ၂၁ နှစ်အရွယ် ကိုစိုင်းသွေးသည် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့တစ်နေရာတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ကြောင်း ယင်း၏ မိတ်ဆွေများထံမှသိရသည်။
BAP က စုစည်းထားသည့် အချက်အလက်များအရ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စစ်တပ်၏ တိုက်ခိုက် မှုများကြောင့် ကျဆုံးခဲ့ရသည့် Free Burma Ranger အဖွဲ့ဝင် စုစုပေါင်း ၁၅ ဦး ရှိလာပြီ ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် ၂ ဦးနှင့် ၂၀၂၂ ခုနှစ်တွင် ၆ ဦး၊ ၂၀၂၃ တွင် ၅ ဦး၊ ၂၀၂၄ ခုနှစ်တွင် ၂ ဦး တို့ဖြစ်သည်။
ကျဆုံးသူများတွင် အမျိုးသမီးတပ်ဖွဲ့ဝင်တစ်ဦးလည်းပါဝင်သည်။
FBR တပ်ဖွဲ့ဝင်တို့သည် ကရင်နီတွင် ၇ ဦး၊ ကရင်တွင် ၆ ဦးနှင့် ရှမ်းတွင် ၂ ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။
Free Burma Rangers အဖွဲ့သည် စစ်ပွဲဖြစ်ပွားရာဒေသများရှိ ဒေသခံပြည်သူ များအား ကယ်ဆယ်ခြင်း၊ ဆေးကုသမှုပေးခြင်း၊ စိတ်ခွန်အားပေးခြင်းနှင့် အခြားသော လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးနေသည့် အဖွဲ့ ဖြစ်သည်။
တိုက်ပွဲအတွင်း အရပ်သားများကို ကယ်ဆယ်/ဆေးကုသစဥ် စစ်ကောင်စီ တပ်၏ လက်နက်ကြီး ထိမှန်ခြင်း၊ လေကြောင်းတိုက်ခိုက်ခံရခြင်းနှင့် ဖမ်းဆီး သတ်ဖြတ်ခံရခြင်းစသည့် အကြောင်းအရင်းများ ကြောင့် FBR တပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ရသည်။
Related Articles
- (၁၁၁၁) စစ်ဆင်ရေးအတွင်း တပ်စခန်း ၆၅ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ကရင်နီဒေသ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်တား
- မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက် သေဆုံးသူ ပြီးခဲ့သည့်နှစ်တွင် ၁၀၀၀ ကျော် ပိုများလာဟု UNICEF ပြော
- Free Burma Rangers အဖွဲ့ဝင်တစ်ဦး တောင်ငူတွင် ကျဆုံးခဲ့
- တိုက်ပွဲများမတိုင်မီနှင့် လက်ရှိဆီဆိုင်မြို့အခြေအနေ
Top News
လွန်ခဲ့သော ၁၆ နာရီ က
လွန်ခဲ့သော ၅ ရက် က