bap-logo
Data

စစ်ကောင်စီက ၈ လအတွင်း လေယာဉ် ၆ စီး ဆုံးရှုံးထား

GqWf4c_nDxUGw0EdazHN9-image

လွန်ခဲ့သော ၄ လ က

မေ ၈။

 

ကရင်နီပြည်နယ်၊ ဖားဆောင်းနဲ့ ဘော်လခဲအနီးမှာ ပျက်ကျခဲ့တဲ့ Mi-17 အမျိုးအစား ရဟတ်ယာဉ်နဲ့ဆိုရင် စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ အခုနှစ် မေလအထိ ၈ လအတွင်း လေယာဉ် ၆ စီး ဆုံးရှုံးထားပါတယ်။

 

အခုပျက်ကျခဲ့တဲ့ Mi-17 အမျိုးအစား ရဟတ်ယာဉ်နဲ့ဆိုရင် စစ်ကောင်စီဟာ ကရင်နီပြည်တစ်ခုတည်းမှာပဲ လေယာဉ် နှစ်စီး ဆုံးရှုံးထားတာ ဖြစ်ပါတယ်။

 

K-8W အမျိုးအစား တိုက်လေယာဉ်ကို ကရင်နီ၊ Mi-17 အမျိုးအစား ရဟတ်ယာဉ်ကို ကချင်၊ FTC-2000G အမျိုးအစား တိုက်လေယာဉ်ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ Y-8 အမျိုးအစား သယ်ယူ ပို့ဆောင်ရေးယာဉ်ကို အိန္ဒိယနိုင်ငံ၊ Eurocopter AS365 Dolphin အမျိုးအစား ရဟတ်ယာဉ်ကို ကရင်ပြည်နယ်နဲ့ လက်ရှိမှာ နောက်ထပ် Mi-17 အမျိုးအစား ရဟတ်ယာဉ်ကို ကရင်နီမှာ ဆုံးရှုံးထားတာ ဖြစ်ပါတယ်။

 

ပုံစာ- မေလ ၆ ရက် ကရင်နီတွင် ပျက်ကျခဲ့သည့် Mi-17 အမျိုးအစား ရဟတ်ယာဉ်

 

ဓာတ်ပုံ- Tactical Raptor 2.0

 

Burma Associated Press

စစ်တပ်
ဂျက်လေယာဉ်
ကယား(ကရင်နီ)

Share With
bap-logo