bap-logo
Politics

Su-30 ဂျက်တိုက်လေယာဉ်များ ပထမအသုတ်အဖြစ် မြန်မာရရှိဟု ရုရှားသတင်းဌာနဖော်ပြ

cYkmejS1Qy41NPN9URCwC-image

လွန်ခဲ့သော တစ်နှစ် က

ရုရှား Su-30 ဂျက်တိုက်လေယာဉ် နှစ်စီးကို ပထမအသုတ်အဖြစ် မြန်မာနိုင်ငံမှ လက်ခံရရှိကြောင်း စစ်ကောင်စီခန့် ဝန်ကြီး ချာလီသန်းမှ ရုရှား သတင်းဌာန RIA ကို ပြောကြားကြောင်း တနင်္ဂနွေက ဖော်ပြထားသည်။

 

လေယာဉ်နှစ်စီး လွှဲပြောင်းပြီးစီးပါပြီဟု ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တည်ထောင်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွန်းအားပေးရေး ရည်ရွယ်သည့် ရုရှား၏ နှစ်ပတ်လည် ဖိုရမ်ဖြစ်သော အရှေ့ဒေသစီးပွားရေးဖိုရမ်(Eastern Economic Forum)မှ ပူးတွဲအစည်းအဝေးတွင် RIA ကို ချာလီသန်းမှ ပြောကြားသည်။

 

ရုရှားနှင့် မြန်မာသည် စက်တင်ဘာလ ၂၀၂၂ ခုနှစ်တွင် Su-30SME ဂျက်တိုက်လေယာဉ် ၆ စီး လွှဲပြောင်းပေးအပ်ရန် စာချုပ် လက်မှတ်ရေးထိုးခဲ့သည်ဟု RIA က ဖော်ပြထားသည်။

 

Sukhoi Su-20SME ဘက်စုံသုံး ဂျက်တိုက်လေယာဉ်သည် ရန်သူ၏ လေကြောင်းပစ်မှတ် ရင်ဆိုင်ထိတွေ့မှု၊ လေကြောင်း ကင်းထောက်မှု၊ တိုက်ပွဲ တာဝန်နှင့် လေယာဉ်မှူး လေ့ကျင့်ရေးများအတွက် ပုံစံထွင်ထားခြင်းဖြစ်ကြောင်း ရုရှား နိုင်ငံထိန်းချုပ်မှုအောက်မှ လက်နက်တင်ပို့သူ Rosoboronexport ဖော်ပြချက်အရ သိရသည်။

 

ရုရှား နိုင်ငံပိုင် သတင်းဌာန TASS ကို ချာလီသန်းက သီးသန့်ပြောကြားရာတွင် အရှေ့ဒေသ စီးပွားရေးဖိုရမ်တွင် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် နှစ်နိုင်ငံသဘောတူညီချက်အချို့ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ တုံ့ပြန်မှု ချက်ချင်း မရရှိခဲ့ပါ။

 

ရုရှား၏ မြန်မာစစ်တပ်အာဏာပိုင်များကို ပဋိပက္ခ ပိုမိုဆိုးရွားစေရန် လက်နက်များ အကူအညီပေးပို့ခြင်းဖြင့် နိုင်ငံအတွက် ကပ်ဘေးဒုက္ခဖြစ်လာစေသော လက်ခံနိုင်ဖွယ်မရှိသည့် မတည်မငြိမ်ဖြစ်စေသော ထောက်ခံ အားပေးမှုများအတွက် အမေရိကန်နိုင်ငံက သတိပေးပြောကြားခဲ့သည်။

 

၂၀၂၁ ခုနှစ်နောက်ပိုင်း ရုရှား ကာကွယ်ရေးဝန်ကြီးနှင့် ထိပ်တန်း သံတမန်များသည် မြန်မာသို့ သွားရောက်ခဲ့ပြီး စစ်အာဏာရှင်မင်းအောင်လှိုင်သည်လည်း ရုရှားသို့ အကြိမ်ကြိမ် သွားရောက်ခဲ့ကာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ရရှိခဲ့သည်။

 

ကိုးကား - Reuters

 

ပုံစာ - ဂျွန်လ ၂၃ ရက် ၂၀၁၉ ခုနှစ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့အနီး Le Bourget လေဆိပ် ၅၃ ကြိမ်မြောက် နိုင်ငံတာကာ ပဲရစ် လေကြောင်းပြပွဲတွင် ပြသထားသော Sukhoi Su-30SME ပုံစံငယ်တစ်ခု။ (Photo: REUTERS/Pascal Rossignol/file photo)

 

စစ်တပ်
Su-30
ရုရှား
မြန်မာ

Share With
bap-logo