Politics
MNDAA သေဒဏ်ချမှတ်မှုကို ဥရောပသမဂ္ဂက ပြင်းပြင်းထန်ထန် ရှုတ်ချ
လွန်ခဲ့သော ၉ လ က
ဧပြီ ၂၅။
ပြီးခဲ့သည့် ရက်ပိုင်းက ထွက်ပေါ်ခဲ့သည့် MNDAA က ပြစ်မှုကျူးလွန်သူ ၁၀ ဦးကို သေဒဏ်ချမှတ်ခဲ့မှုအပေါ် ဥရောပသမဂ္ဂက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်လာသည်။
ကိုးကန့်ဒေသ လောက်ကိုင်မြို့ တုန်ချိန်တွင် ဧပြီ ၂၄ ရက်က အဆိုပါ ပြစ်မှုကျူးလွန်သူ ၁၀ ဦးကို အများပြည်သူရှေ့တွင် MNDAA က သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
သေဒဏ်ချမှတ်ခံရသူများတွင် MNDAA တပ်သား ၇ ဦး ပါဝင်ပြီး ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ငွေကြေး အဓမ္မ တောင်းခံခြင်း၊ ပြန်ပေးဆွဲခြင်းအပြင် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြသည်ဟု ကိုးကန့်တပ်တော်- MNDAA က ထုတ်ပြန်ထားသည်။
ဥရောပသမဂ္ဂအနေဖြင့် မည်သည့်အခြေအနေမျိုးတွင်မဆို (သေဒဏ်ချသည့်) ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး အဆိုပါ လုပ်ရပ်သည် ‘လူ့ဂုဏ်သိက္ခာကို အဆုံးစွန်သော ငြင်းပယ်မှုကို ကိုယ်စားပြုသည်’ဟုလည်း ထောက်ပြထားသည်။
ယခုကဲ့သို့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး မျှော်မှန်းချက်တွင် အဓိကကျသော ကြိုးပမ်းမှုသည် မြင့်မားသော နိုင်ငံတကာစံနှုန်းများနှင့်အညီ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန် ဖြစ်သင့်သည်ဟုလည်း ဥရောပ သမဂ္ဂက သတိပေးထားသည်။
Top News
လွန်ခဲ့သော ၆ နာရီ က
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၆ ရက် က