bap-logo
Crime

တောင်သာမြို့တွင် NLD ပါတီရုံးကို စစ်အုပ်စုက ညအချိန်ဝင်ရောက်ဖျက်ဆီး

lSofgJUn_hDKXgtmNp90J-image

လွန်ခဲ့သော ၂ နှစ် က

ဧပြီ - ၈

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးကို စစ်ကောင်စီတပ်များက ယမန်နေ့ ညအချိန်တွင် ဝင်ရောက်ဖျက်ဆီးသွားကြောင်း ဒေသခံများကပြောသည်။

 

ဧပြီလ ၇ ရက်နေ့ ည ၉ နာရီခန့်တွင် တောင်သာမြို့ပေါ်ရပ်ကွက်ရှိ NLD ပါတီရုံးကို စစ်ကောင်စီတပ် ဝင်ရောက်ခဲ့ကြောင်း၊ ပါတီဆိုင်းဘုတ်အပါအဝင် ရုံးရှိမှန်တံခါးများကို ဖျက်ဆီးသွားကြောင်း သိရသည်။

 

" ရုံးကပိတ်ထားတာဆိုတော့ အထဲမှာဘယ်လိုတွေလုပ်သွားတယ်ဆိုတာ ဘယ်သူမှ ဝင်မကြည့်ရဲကြဘူး အပြင်မှာ မြင်ရတာပဲ ပြောကြတာပေါ့။ အရပ်ဝတ်တွေနဲ့ လာဖျက်သွားကြတာပါ " ဟုဒေသခံ တစ်ဦးကပြောသည်။

 

စစ်အုပ်စုက ပါတီရုံးကို ဝင်ရောက်ဖျက်ဆီးချိန်တွင် မြို့တွင်း၌ လျှပ်စစ်မီး ဖြတ်တောက်ထားကြောင်း၊ ယင်းတို့ ဖျက်ဆီးပြီးပြန်ချိန်တွင် လျှပ်စစ်မီးကိုပြန်ပေးခဲ့ကြောင်း ဒေသခံများကပြောသည်။

 

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် တောင်သာဒီချုပ်ရုံးကို ပထမအကြိမ်ဖျက်ဆီးခဲ့ပြီး ရုံးအတွင်းရှိ ပစ္စည်းများကိုလည်း စစ်အုပ်စုက ယူဆောင်သွားကြောင်း ဒေသခံများကပြောသည်။

 

စစ်ကောင်စီ​ ရွေးကောက်ပွဲကော်မရှင်က NLD အပါအဝင် ပါတီပေါင်း ၄၀ ခန့်ကို ပါတီမှတ်ပုံမတင်သည့် အကြောင်းပြချက်ဖြင့်  မတ်လ ၂၉ ရက်တွင် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းထားသည်။

 

ယင်းနောက်ပိုင်းတွင် ရန်ကုန်၊ မန္တလေးမြို့ရှိ NLD ပါတီရုံးခန်းများမှ ပါတီဆိုင်းဘုတ်များ ဖျက်ဆီးခံနေရခြင်း ဖြစ်ကြောင်းသိရသည်။

 

NLD ပါတီဗဟိုရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်အသီးသီးရှိ ပါတီရုံး ဝင်ရောက်ဖျက်ဆီးခံရမှု အကြိမ်ရေ ၁၂၀ ရှိသည်ဟု မတ်လ ၂၉ ရက်တွင် NLDက ထုတ်ပြန်ထားသည်

 

ပုံ- လူမှုကွန်ယက်

Burma Associated

အန်အယ်လ်ဒီ
စစ်တပ်
စစ်ကောင်စီ

Share With
bap-logo