bap-logo
Local News

မြန်မာကျပ်တန်ဖိုးဟာ ကန်ဒေါ်လာနဲ့ ယှဉ်ရင် ၃၁ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားတယ်လို့ ယာယီသမ္မတဆို

JYU71uK_Gc5xGT_mUM6W_-image

လွန်ခဲ့သော ၂ နှစ် က

ဧပြီ ၄

 

မြန်မာကျပ်ငွေတန်ဖိုးဟာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ၃၁ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ ပြုလုပ်တဲ့ အစိုးရ အဖွဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

 

မြန်မာနိုင်ငံရဲ့ ၂၀၂၁ စီးပွားရေးနှစ်တုန်းက ပြည်တွင်း အသားတင်ထုတ်လုပ်မှုဟာ ၁၈ ရာခိုင်နှုန်း အထိကို နိမ့်ဆင်းသွားခဲ့ပြီး အခုလို တိုင်းပြည်နဲ့ လူထုတရပ်လုံး စီးပွားပျက်ကပ်ကို ရင်ဆိုင်နေရတဲ့ အကြောင်းအရင်းရဲ့ အဓိက တရားခံဟာ စစ်အုပ်စုခေါင်းဆောင်နဲ့ ၎င်းရဲ့ နောက်လိုက်တွေကြောင့်လို့ ယာယီသမ္မတက ပြောပါတယ်။

 

တပ်တွင်းက အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်တွေက CDM လုပ်ပြီး တပ်ကိုစွန့်ခွာခဲ့ကြတဲ့ အရေ အတွက် အများကြီး ရှိနေပြီဖြစ်သလို တနေ့တခြား ပိုတိုးလာနေတဲ့အတွက် အခုအချိန်ဟာ စစ်တပ်ရဲ့ အင်အား အချိနဲ့ဆုံးအချိန်လို့ ပြောလို့ရနိုင်တယ်လို့ ယာယီသမ္မတက ထည့်သွင်းပြောကြားပါတယ်။

 

ဒါ့ကြောင့် စစ်အုပ်စုခေါင်းဆောင်ဟာ ဖုံးဖိမရတော့တဲ့ သူ့ရဲ့ ကြောက်စိတ်ကို ဖုံးကွယ်ဖို့ သွေးရူး သွေးတန်း လုပ်နေတာကို တွေ့နေရပြီး အဲဒီလုပ်ရပ်တွေဟာ နိုင်ငံတကာ တရားစီရင်ရေး မျက်နှာ စာကို ရောက်လာမဲ့ သက်သေအထောက်အထားတွေ ဖြစ်လာမယ်လို့လည်း ယာယီသမ္မတက ပြောပါတယ်။

 

Burma Associated Press

အမျိုးသားညီညွတ်ရေးအစိုးရ
စစ်တပ်
အာဏာသိမ်း

Share With
bap-logo