Local News
NUGက ကြားကာလပြည်နယ်/ဖက်ဒရယ် ယူနစ်များတွင် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူ
လွန်ခဲ့သော ၂ နှစ် က
ဖေဖော်ဝါရီ ၂၃
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကြားကာလ ပြည်နယ်/ ဖက်ဒရယ် ယူနစ်များ အတွင်းရှိ ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန် ကျန်းမာရေးဝန်ထမ်းများကို NUGက ဖေဖော်ဝါရီလ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်ဖိတ်ခေါ်လိုက်သည်။
လျှောက်ထားလိုသူများအနေဖြင့် ရာထူးနေရာများအလိုက် သတ်မှတ် ထားသောရက်များအတွင်း နေ့စဉ် ပိတ်ရက်မရှိ၊ နံနက် (၁၀) နာရီမှ ည (၈) နာရီအထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၏ Telegram Account - https://t.me/HR_MOHNUG သို့မဟုတ် Telegram Username - @HR_MOHNUG တွင် လျှောက်လွှာပုံစံများ ထုတ်ယူ၍ ပေးပို့လျှောက်ထားနိုင်သည်ဟု ဆိုသည်။
အထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်များ၊ သွားနှင့်ခံတွင်း ဆရာဝန်များ၊ အထူးကုဘွဲ့လွန်သင်တန်းသားများ၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလိုမာဘွဲ့ ရရှိသူများ၊ သူနာပြုများ၊ ဆေးဘက် ဆိုင်ရာ နည်းပညာတက္ကသိုလ်များမှ ဒီပလိုမာ/ ဘွဲ့ ရရှိသူများ၊ ဆေးဝါးတက္ကသိုလ်များမှ ဘွဲ့ရရှိသူများနှင့် တိုင်းရင်းဆေးပညာရှင်များအနေဖြင့် ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁၆ ရက်အတွင်း လျှောက်ထားနိုင် သည်ဟု ဖော်ပြထားသည်။
ဒါ့အပြင် ကျန်းမာရေးမှူးများ (HA)၊ အမျိုးသမီးကျန်းမာရေးဆရာမများ (LHV)၊ သားဖွားဆရာမများ (Midwife)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁ များ (PHS-1)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ များ (PHS-2) များအနေဖြင့် မတ်လ ၁၇ ရက်မှ ဧပြီလ ၇ ရက်အတွင်း လျှောက်ထားနိုင်သည်။
လျှောက်ထားသူများသည် မြန်မာနိုင်ငံဖွား ကျန်းမာရေးကောင်းသူ ဖြစ်ရမည်ဖြစ်ကာ စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူဖြစ်ရမည်ဖြစ်ပြီး နိုင်ငံဝန်ထမ်းဖြစ်ပါက CDMဝန်ထမ်း ဖြစ်ရမည့်အပြင် တာဝန်ချထားရာဒေသသို့ သွားရောက်တာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမည်ဟု အသိပေးထားသည်။
အတည်ပြုရွေးချယ်ခံရသူများသည် လိုအပ်သည့် သင်တန်းများကို သတ်မှတ်အစီအစဉ်များအတိုင်း တက်ရောက် ရမည်ဖြစ်ပြီး ဝန်ကြီးဌာနနှင့် ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ အစီအစဉ်ဖြင့် ဒေသအသီးသီးသို့ တာဝန်ချထားမည်ဟု ဆိုသည်။
ကျန်းမာရေးဝန်ထမ်းများအတွက် လက်ရှိကာလအတွင်း လူမှုဘဝနှင့် လုပ်ငန်းခွင်လုံခြုံမှုများ ပေးအပ်နိုင်ရန် စီစဉ်များထားပြီး တော်လှန်ရေး အလွန်ကာလတွင်လည်း ဘဝအာမခံချက်များနှင့် အထူးအခွင့် အရေးများကို ဖက်ဒရယ်ဒီမိုကရေစီမူဝါဒများနှင့်အညီ ပေးအပ်သွားမည်ဟု NUGက ကတိပေးထားသည်။
စစ်အာဏာသိမ်းပြီးနောက်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်သည့် ကျန်းမာရေး ဝန်ထမ်းပေါင်း လေးသောင်းကျော် (၄၇,၂၅၄ ဦး) ရှိသည်ဟု စစ်ကောင်စီဘက်က ထုတ်ဖော် ပြောထားသည်။
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၁ ရက် က