bap-logo
Editorial

လက်တွေ့ကျင့်သုံးရမည့်အကြောင်း

lBq0OlKuQPjbso1pYR72i-image

လွန်ခဲ့သော တစ်နှစ် က

 

မြန်မာနိုင်ငံအနှံ့အပြား၌ တိုက်ပွဲများလွန်စွာ ပြင်းထန်နေပြီး ဗုံးကြဲတိုက်ခိုက်ခံရခြင်းများ၊ လမ်းတံတားပျက်စီးခြင်း များနှင့် စစ်ဘေးရှောင်ရသည့် ဖြစ်စဉ်များ အမြောက်အမြားဖြစ်နေသည်။

 

မြို့ကြီးများတွင် ပြင်းထန်လွန်းသော တိုက်ပွဲများမရှိသည့်တိုင်အောင် စစ်ကောင်စီ၏ဖိနှိပ်ခြင်းနှင့် လူမှုရေး၊ စီးပွား ရေးအရ အထွေထွေကျပ်တည်းခြင်းများကို အများပြည်သူက ရင်ဆိုင်နေကြရသည်။ ဆန်၊ ဆီ စီတန်းတိုးနေကြ သည့် ဆန်တိုး၊ ဆီတိုး လူတန်းစားများ ပေါ်ပေါက်လာရသလို နေ့စဉ်စားဝတ်နေရေးပြေလည်ရေးအတွက် ကြံဖန် လုပ်ကိုင်ကြရသော ရွှေတိုးလူတန်းစားများလည်း ပေါ်ပေါက်လာကြသည်။ ထိုအခြေအနေများသည် မြန်မာနိုင်ငံ၏ အဖက်ဖက်မှ ကျရှုံးလာနေသော ပျက်စီးခြင်းအကြောင်းတရားများကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။

 

ရှမ်းမြောက်တိုက်ပွဲများနှင့် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲများအကြားတွင် တရုတ်နိုင်ငံ၏ ကြားဝင်ကစား ကွက်များရှိသည်ဟု တိတိပပပြောဆိုနေကြသည်တွင် သမ္မတဟောင်း ဦးသိန်းစိန် "ငြိမ်းချမ်းစွာအတူယှဉ်တွဲနေ ထိုင်ရေး မူကြီး()ရပ် ချမှတ်ခဲ့သော နှစ်(၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနား" ကို တရုတ်နိုင်ငံ၌ တက်ရောက်ခဲ့ ခြင်းသည် မြန်မာ့နိုင်ငံရေးမျက်နှာစာတွင် မေးခွန်းပေါင်းများစွာဖြင့် ရှေ့တန်းသို့ ရောက်ခဲ့ရသည်။

 

ဒီမတိုင်ခင်ကာလများက ရှိခဲ့၊ ဖြစ်ခဲ့သော တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် သံတမန်အခင်းအကျင်းနှင့် အခြား ဆက်စပ်ဖြစ်ရပ်များက ဦးသိန်းစိန်၏ ခရီးစဉ်အပေါ် စိတ်ဝင်စားချက် ပိုမိုမြင့်တက်စေခဲ့သည်။

 

နေပြည်တော်စစ်ဗိုလ်ချုပ်များ၏ မြန်မာ့နိုင်ငံရေးကျားကွက်ရွေ့ခြင်းတွင် သမ္မတဟောင်း ဦးသိန်းစိန်ပါဝင်ပြီး ရုတ်နိုင်ငံဖြင့် လက်ဝါးရိုက်ပြီလားဟု သံသယမေးခွန်းများရှိလာခဲ့သည်။ နေပြည်တော်အခင်းအကျင်းတွင်လည်း ဗိုလ်ချုပ်၊ ဗိုလ်မှူးများ စစ်ကြောခံရခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခံရခြင်း အဖြစ်အပျက်တို့ရှိနေခဲ့ပြီး အာဏာသိမ်းစစ် ခေါင်းဆောင်းမင်းအောင်လှိုင်ဖြုတ်ချရေး အသံများလည်း ဟိန်းနေအောင် ထွက်နေခဲ့ပြီဖြစ်၏။ ထိုသို့သော အခြေ အနေများသည် အကျပ်အတည်းဖြင့် ရင်ဆိုင်တွေ့နေသည့် မြန်မာ့နိုင်ငံရေးကို သမ္မတဟောင်းဦးသိန်းစိန် ထွက် ပေါက်ဖြင့်ရှာရန် နည်းလမ်းတင်ကြိုခန့်မှန်းရနိုင်ပါသည်။

 

နွေဦးတော်လှန်ရေးလေးနှစ်တာကာလအတွင်း အပြောင်းအလဲများစွာဖြင့် လိပ်ခဲတည်းလည်းဖြစ်နေသော နိုင်ငံ ရေးအကျပ်အတည်းကို စစ်အုပ်စုနှင့် အာရှနိုင်ငံများ အထူးသဖြင့် တရုတ်နိုင်ငံက အဖြေရှာလာပုံပေါ်ပါသည်။ ၂၀၁၀ မြန်မာ့နိုင်ငံရေးအခင်းအကျင်းအရ အသင့်အတင့်လက်ခံနိုင်ဖွယ်ရှိသော ဦးသိန်းစိန်ကို ထုတ်သုံးခြင်းဖြင့် နိုင်ငံတကာမျက်နှာစာနှင့် ပြည်တွင်းမျက်နှာစာတွင် အထိုက်အလျောက်သက်သာစေလိုပုံရပါသည်။

 

တနည်းအားဖြင့် ပြောရမည်ဆိုပါက အများက ထင်ကြေးပေးထားကြသည့် ဒေါ်အောင်ဆန်းစုကြည် ကတ်အစား ဦး သိန်းစိန်ကတ် ထုတ်သုံးမည့်အခြေအနေဖြစ်နေပါသည်။ သူ့ဘက်ကိုယ်ဘက်ဟူ၍ တင်းမာနေကြသော တင်းမာနေ မှုကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် ကတ်နှစ်ကတ်လုံးထုတ်သုံး၍ ပွဲသိမ်းရန် ကြံစည်နေကြသည်လည်း ဖြစ်တန်ကောင်းပါသည်။

 

ထိုသို့အခြေအနေတွင် စဉ်းစားရမည်မှာ နွေဦးတော်လှန်ရေး၏ လိုလားချက်ဖြစ်သည်။ နွေဦးတော်လှန်ရေးသည် အနီနှင့် အစိမ်းတွင် အနီဘက်နှင့် အစိမ်းဘက် အာဏာပါဝါ လုနေကြခြင်း မဟုတ်ပါ။ စစ်တပ်အုပ်စု အာဏာလု သွားသဖြင့် ဒီချုပ်အုပ်စု အာဏာပြန်ရရန် အားထုတ်နေခြင်း မဟုတ်ပါ။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာအမြစ် တွယ်နေခဲ့သော အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်များအား တိုက်ထုတ်နိုင်ရေး၊ အမြစ်ဖြတ်နိုင်ရေးသာ ဖြစ်ပါ သည်။

 

အာဏာရှင်စနစ်အမြစ်ပြတ်၍ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ထွန်းကားနိုင်ရေးသည် အဓိကကျသော လို လားချက်ဖြစ်ပါသည်။ ထိုလိုလားချက်များတွင် နှစ်ပေါင်းများစွာဆုံးရှုံးနေခဲ့ရသော လူ့အခွင့်အရေး လေးစားလိုက် နာရေးအချက်များလည်း ပါဝင်နေပါသည်။ မြန်မာနိုင်ငံအတွင်း နေထိုင်နေသူအသီးသီး၏ အနှစ်နှစ်အလလ ဆုံးရှုံး နေခဲ့သော အခြေခံလူ့အခွင့်အရေးများကို ရရှိရန် ပြန်လည်တည်ဆောက်နိုင်ရေးဖြစ်ပါသည်။ ယင်းကြောင့် ထို အချက်ကို မမေ့မလျောမမေ့သင့်ပါဘဲ ဦးတည်လုပ်ကိုင်ထားသင့်ပါသည်။

 

အချုပ်အားဖြင့်ဆိုရသော် မြန်မာ့အရေးသည် နိုင်ငံရေးအင်အားစုနှင့် အာဏာလိုလားသူများကြားက အုပ်စုဖွဲ့ တိုက်ခိုက်ပြိုင်ဆိုင်ကြခြင်း မဟုတ်ပါဘဲ ဖက်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လေးစားလိုက်နာရေး တည် ဆောက်ရန် ကြိုးစားအားထုတ်နေခြင်းဖြစ်ပါသည်။ ထိုအချက်အား မမေ့မလျော့ သတိရှိသင့်ပြီး လက်တွေ့လေး စားလိုက်နာ ကျင့်သုံးနေရန် လိုအပ်လှပါသည်။

 

Burma Associated Press

နိုင်ငံရေး
မြန်မာ့နွေဦးတော်လှန်ရေး

Share With
bap-logo