bap-logo
Data

Free Burma Rangers အဖွဲ့ဝင်တစ်ဦး တောင်ငူတွင် ကျဆုံးခဲ့

PaVG0Vd1v4OtXu9JTWL0x-image

လွန်ခဲ့သော ၆ လ က

BAP၊ မတ် ၂၃။

 

 

Free Burma Ranger-FBR အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် ကရင်ပြည်နယ်မြောက်ပိုင်း၊ တောင်ငူခရိုင် အတွင်း ထပ်မံ ကျဆုံးခဲ့ကြောင်း အဖွဲ့က ထုတ်ပြန်သည်။

 

FBR အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကျော်ကြီးသည် ပြီးခဲ့သည် ယခုလ ၂၀ ရက်က ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

BAP က စုစည်းထားသည့် အချက်အလက်များအရ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စစ်တပ်၏ တိုက်ခိုက် မှုများကြောင့် ကျဆုံးခဲ့ရသည့် Free Burma Ranger အဖွဲ့ဝင် စုစုပေါင်း ၁၄ ဦး ရှိလာပြီ ဖြစ်သည်။

 

၂၀၂၁ ခုနှစ်တွင် ၂ ဦးနှင့် ၂၀၂၂ ခုနှစ်တွင် ၆ ဦး၊ ၂၀၂၃ တွင် ၅ ဦး၊ ၂၀၂၄ ခုနှစ်တွင် ၁ ဦး တို့ဖြစ်သည်။

 

ကျဆုံးသူများတွင် အမျိုးသမီးတပ်ဖွဲ့ဝင်တစ်ဦးလည်းပါဝင်သည်။

 

FBR တပ်ဖွဲ့ဝင်တို့သည် ကရင်နီတွင် ၇ ဦး၊ ကရင်တွင် ၆ ဦးနှင့် ရှမ်းတွင် ၁ ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။

 

Free Burma Ranger အဖွဲ့သည် စစ်ပွဲဖြစ်ပွားရာဒေသများရှိ ဒေသခံပြည်သူ များအား ကယ်ဆယ်ခြင်း၊ ဆေးကုသမှုပေးခြင်း၊ စိတ်ခွန်အားပေးခြင်းနှင့် အခြားသော လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးနေသည့် အဖွဲ့ ဖြစ်သည်။

 

တိုက်ပွဲအတွင်း အရပ်သားများကို ကယ်ဆယ်/ဆေးကုသစဥ် စစ်ကောင်စီ တပ်၏ လက်နက်ကြီး ထိမှန်ခြင်း၊ လေကြောင်းတိုက်ခိုက်ခံရခြင်းနှင့် ဖမ်းဆီး သတ်ဖြတ်ခံရခြင်းစသည့် အကြောင်းအရင်းများ ကြောင့် Ragner များ ကျဆုံး ခဲ့ရသည်။

 

ဓာတ်ပုံ - Free Burma Rangers

 

Burma Associated Press

 

ကရင်
Free Burma Rangers
အသတ်ခံရ

Share With
bap-logo