bap-logo
Data

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက် သေဆုံးသူ ပြီးခဲ့သည့်နှစ်တွင် ၁၀၀၀ ကျော် ပိုများလာဟု UNICEF ပြော

9WYMBs44t2lEdJ0zpuPdu-image

လွန်ခဲ့သော ၆ လ က

မြေမြှုပ်မိုင်းများနှင့် ဖောက်ခွဲရေးလက်နက်များကြောင့် ကလေးသူငယ်များအပါအဝင် အရပ်သားသေဆုံးသူများနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသူ အရေအတွက် ပြီးခဲ့သည့်နှစ်တွင် နှစ်ဆကျော် တိုးလာခဲ့ကာ ၁၀၅၂ ဦးရှိခဲ့ကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က ကြာသပတေးနေ့တွင် ပြောသည်။

 

စစ်ပွဲမှ မြေမြှုပ်မိုင်းများနှင့် ဖောက်ခွဲရေးလက်နက် အကြွင်းအကျန်များသည် ၂၀၂၃ ခုနှစ်တွင် ၁၈၈ ဦး သေဆုံးစေခဲ့ပြီး ၈၆၄ ဦး ဒဏ်ရာရရှိခဲ့ကာ ထိခိုက်သေဆုံးမှု ၂၇၀% မြင့်တက်လာစေခဲ့၍ ၂၀၂၂ ခုနှစ် ထိခိုက်သေဆုံးမှုအရေအတွက် ၃၉၀ ဦးမှ မြင့်တက်လာခြင်းဖြစ်သည်ဟု UNICEF က ပြောသည်။ ပြီးခဲ့သည့်နှစ်တွင် ကလေးသူငယ်များသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူများအားလုံး၏ ၂၀% ကျော် ရှိသည်ဟုလည်း ပြောသည်။

 

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပဋိပက္ခများဖြစ်ပွားမှုများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းအများဆုံး မြှုပ်နှံထားသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာခဲ့သည်။

 

မြေမြှုပ်မိုင်းများနှင့် အခြားသော ဖောက်ခွဲရေးလက်နက်များသည် တိုးမြင့်လာသော ပဋိပက္ခအတွင်း အဖွဲ့ဘက်ပေါင်းစုံမှ (စစ်ရေးပစ်မှတ် စသည်)ခွဲခြားမှု မရှိဘဲ အသုံးပြုနေကြသည်ဟု UNICEF က ပြောသည်။

 

စစ်အာဏာရှင်ပြောခွင့်ရသူကို Reuters မှ မှတ်ချက်တောင်းဆိုရန် ခေါ်ဆိုရာ တုန့်ပြန်ခြင်း မရှိခဲ့ပါ။

 

မြေမြှုပ်မိုင်း အသုံးပြုမှုဟာ ပြစ်တင်ရှုတ်ချစရာ တစ်ခုသာ မဟုတ်ပါဘူး။ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအရလည်း တရားမဝင်ပါဘူး။” ဟု UNICEF အရှေ့ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Debora Comini က ပြောသည်။

 

စိုက်ပျိုးရေး ဗဟိုချက် စစ်ကိုင်းဒေသကြီးသည် ၂၀၂၃ ခုနှစ်တွင် မြေမြှုပ်မိုင်းနှင့် ဆက်စပ်သော ထိခိုက်သေဆုံးသူအရေအတွက် အားလုံး၏ ၃၅% ကျော် ရှိသည်ဟု UNICEF အချက်အလက်များအရ သိရသည်။

 

ကိုးကား - Reuters

 

ပုံစာ - ဇန်နဝါရီလ ၃၀ ရက် ၂၀၁၇ ခုနှစ် ဆွစ်ဇာလန်ုနိုင်ငံ ဂျနီဗာမြို့ရှိ UNICEF ရုံးခန်းပြင်ပမှ တွေ့မြင်ရသော ၎င်းအဖွဲ့အစည်း အမှတ်တံဆိပ်။ (REUTERS/Denis Balibouse/File Photo)

 

မြေမြှပ်မိုင်း
UNICEF
သေဆုံးခဲ့
မြန်မာ

Share With
bap-logo