bap-logo
Politics

ဘားအံမြို့တွင်းရှိ တက်တူးဆိုင်များ အကြောင်းပြချက်မရှိဘဲ ပိတ်သိမ်းခံရ

kJJtqxouBAKYlgWnUDHYk-image

လွန်ခဲ့သော တစ်နှစ် က

ဇွန် ၁၃။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်းရှိ တက်တူးဆိုင်များကို အကြောင်းပြချက်မရှိဘဲ ပိတ်သိမ်းရန် မြို့နယ် စည်ပင် သာယာရေးနှင့် ရဲတပ်ဖွဲ့က လိုက်လံသတိပေးနေသည်ဟု ဘားအံမြို့တွင်း တက်တူးဆိုင် ဖွင့်ထားသူများက ပြောသည်။

 

ဘားအံမြို့တွင်းရှိ တက်တူးဆိုင်များကို ဇွန်လ ၁၀ ရက်ကစပြီး ပိတ်သိမ်းသွားရန်နှင့် လိုက်နာခြင်းမရှိပါက ဥပဒေအရ အရေးယူမည်ဟုလည်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့က သတိပေးထားသည်။

 

တက်တူးဆိုင်တွေ ဖွင့်ခွင့်မရှိဘူး၊ လိုင်စင်လုပ်ရမလား၊ ဒါမှမဟုတ်ရင် လက်မှတ်ထိုးရမလား၊ နိုင်ငံရေး ကြောင့်ဆိုလည်း နိုင်ငံရေးပုံ မထိုးဘူးပေါ့နော်၊ လက်မှတ် ထိုးပြီးတော့ စာရွက်စာတမ်းနဲ့ လုပ်ပေးမယ်ပေါ့၊ အဲ့လိုလဲမရဘူး၊ ဒီတိုင်းကို ပိတ်ခိုင်းတာဟု ဘားအံမြို့တွင်းရှိ အမည်မဖော်လိုသူ တက်တူးဆိုင်ရှင် တစ်ဦးက ပြောသည်။

 

ဒီနှစ်ထဲမှာပဲ လေးခေါက်ရှိပြီ၊ ပိတ်ဖို့လာပြောတာ၊ ဆိုင်မဖွင့်နဲ့၊ ကိုယ့်ဟာကို လူမသိသူမသိထိုးပေါ့နော်၊ လမ်းမတန်းမှာ သေသေချာချာ စတူဒီယိုထောင်ပြီးဖွင့်တော့ သူတို့က ပိတ်ခိုင်းတယ်၊ ရပ်ကွက်ထဲက အိမ်ဆိုင် မျိုးတွေ ကျတော့ သူတို့ဖွင့်ခိုင်းထားတယ်လို့တော့ ထင်တာပဲဟု ၎င်းက ဆိုသည်။

 

တက်တူးဆိုင်များ ပြန်လည်ဖွင့်ရမည့်ရက်နှင့် မည်သည့်အချိန်ထိ ပိတ်သိမ်းထားရမည်ကို တာဝန်ရှိသူများက တိတိကျကျ ကြေညာထားခြင်းမရှိကြောင်းလည်း အခြား တက်တူးဆိုင်ပိုင်ရှင်တစ်ဦးထံက သိရသည်။

 

ဆိုင်ကိုမပေးဖွင့်ခိုင်းဘူး၊ ဖွင့်လို့ရမယ်ဆို အကြောင်းကြားပေးမယ်တဲ့၊ အခုက ဆိုင်ပိတ်ထားပြီး ဧည့်သည်ရှိရင် ထိုးပေးဖြစ်တယ်၊ ပေါ်တင်တော့ မဟုတ်ဘူးပေါ့၊ အရင်ကဆိုဘာမှလည်း မပြောဘူး၊ လွတ်လွတ်လပ်လပ်ပဲဟု ၎င်းက ထပ်မံပြောသည်။

 

ဘားအံမြို့တွင်းတွင် ပိတ်သိမ်းခံရသည့် တက်တူးဆိုင် ဆိုင် ရှိနေပြီး ယခုကဲ့သို့ ပိတ်သိမ်းခံလိုက်ရသည့် အတွက် တက်တူးထိုးလုပ်ငန်း လုပ်ကိုင်သူများ အခက်ခဲများနှင့် ကြုံနေရသည်ဟုလည်း သိရသည်။

 

ပုံစာ-၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် လူ့အခွင့်အရေး တက်တူးပွဲတွင် တက်တူး ထိုးနေကြ သူများကို တွေ့ရစဉ် (ပုံဟောင်း)

 

Burma Associated Press

ကရင်
စစ်တပ်
တက်တူး

Share With
bap-logo