bap-logo
Politics

ကော့ကရိတ်အနီးတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေထိုင်ရာများကို စစ်ကောင်စီ လေယာဉ်ဗုံးကြဲ

dxiixL62jqsnpRVcyYs2t-image

လွန်ခဲ့သော တစ်နှစ် က

 ဇွန် ၆။

ကေအဲန်ယူ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ နယ်မြေ၊ ကော့ကရိတ်အနီးရှိ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေထိုင်ရာများကို ယနေ့ နံနက် နာရီခွဲခန့်တွင် စစ်ကောင်စီက ဗုံးကြဲလေယာဉ်ဖြင့် လာရောက် တိုက်ခိုက်ခဲ့သည်။

 

ကော့ကရိတ်အနီး ဆံဖလားကျေးရွာတွင်းသို့ ဗုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် လုံးနှင် စာသင်ဆောင် တစ်လုံး ထိမှန်ပျက်စီးခဲ့သည်။

 

ကံကောင်းလို့ ညက အိမ်မှာပြန်မအိပ်တာ၊ ဘုရားစင်လည်း ပျက်စီး၊ သစ်ပင်တွေလည်းကျိုး၊ အများကြီး ကျလာတာ၊ အမှုန့်ခြေဖို့ထိ ရည်ရွယ်ပြီးလုပ်တာလားမသိဘူးဟု နေအိမ် ထိမှန်ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

 

အရပ်သားနှင့် အိမ်မွေးတိရစ္ဆာန်များ ထိခိုက်မှု မရှိခဲ့သော်လည်း ရွာအနီးတဝိုက်တွင် မပေါက်ကွဲသေးဘဲ မြေကြီးထဲသို့ စိုက်ဝင်နေသည့် ဗုံးများလည်း ရှိနေသဖြင့် ရွာသားများက စိုးရိမ်တုန်လှုပ်လျက်ရှိသည်။

 

လုံးတွဲတွေနဲ့ ပစ်ချတာထင်တယ်၊ စုစုပေါင်း ၁၈ လုံးလောက်ရှိမယ်၊ မပေါက်သေးတာတော့ တစ်လုံး ရှိတယ်၊ ကျန်တဲ့ တစ်လုံးက စစ်နေတုန်းပဲ၊ အောက်ကို မရောက်ဘဲ လေပေါ်မှာပဲ ပေါက်သွားတဲ့ အလုံးတွေ ရှိမယ်လို့ ခန့်မှန်းရတယ်ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

 

ဓာတ်ပုံ- လေယာဉ်ဗုံးထိမှန်ခဲ့သည့် နေရာများနှင့် မပေါက်ကွဲသေးသည့် ဗုံးနေရာမြင်ကွင်းများ

 

Burma Associated Press

စစ်တပ်
ကရင်
air strike

Share With
bap-logo