bap-logo
Politics

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို Power bank/ Power station တွေပို့မရအောင် စစ်တပ်က တင်းကြပ်လာ

k7m5AhxBcdS9dbfRVeH2K-image

လွန်ခဲ့သော ၂ ရက် က

 

BAP၊ ဇန်နဝါရီ ၂၁။

 

တော်လှန်ရေးတပ်တွေအားကောင်းနေတဲ့နေရာ‌​တွေကို ပို့မယ့်ပစ္စည်း‌​တွေကို စစ်ကောင်စီက အကြီးအကျယ် ထိန်းချုပ်စစ်ဆေးနေပြီး power bank တွေကို တားမြစ်ထုတ်ကုန်အဖြစ်ကန့်သတ်လာတယ်လို့ ပစ္စည်းတင်ပို့​နေသူတွေက ပြောပါတယ်။

 

ခရီးသည်ဂိတ်‌​တွေက ရန်ကုန်က​နေ စစ်ကိုင်းတိုင်းနဲ့ပဲခူးအနောက်ခြမ်းတွေပို့မယ့်ပစ္စည်းတွေကို ပို့မရတော့ဘူးလို့ အွန်လိုင်း​စျေး​ရောင်းလုပ်ကိုင်သူတဦးက ပြောပါတယ်။

 

"စစ်ကောင်စီက စာထုတ်ထားလို့တဲ့ မနေ့ကပို့တာလက်မခံတော့ဘူး၊ ပါဝါစတေရှင်တွေပါထည့်မရတော့ဘူး၊ အရင်တပတ်ကရသေးတယ်ခုမရတော့ မရောင်းရတော့ဘူး" လို့ အွန်လိုင်း​စျေး​ရောင်းလုပ်ငန်းလုပ်သူ တဦးက ပြောပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ကားဂိတ်တွေထိ ပစ္စည်းထုတ်တွေကို လာရောက်ဖွင့်ဖောက် စစ်ဆေးနေတာတွေပြုလုပ်နေပြီး ဂိတ်ပို့ပစ္စည်းတွေကို သေချာစစ်ဆေးဖို့ မှာကြားနေတယ်လို့ ကားဂိတ် အသိုင်းဝိုင်းက သိရပါတယ်။

 

တော်လှန်ရေးအားကောင်းရာနေရာတွေကို စစ်ကောင်စီဟာ ဆေးဝါးနဲ့အစားသောက်တွေကို သယ်ယူဖို့ ပြင်းထန်စွာ ကန့်သတ်ထားပြီး သိမ်းယူနေတာတွေရှိနေတယ်လို့ ဒီရက်ပိုင်းအတွင်း ခရီးသွားခဲ့သူတွေက ပြောပါတယ်။

 

"အရင်ကဂိတ်ပို့ပစ္စည်းဆို ဘာပစ္စည်းလဲပဲမေးတာ၊ ခုဂိတ်တွေကဖွင့်ပြီးစစ်နေတယ်၊ ပါဝါဘန့်လည်း မရတော့ဘူး၊ပဲခူးအနောက်ခြမ်းပို့တာမရတော့ဘူးပြောလာတယ်" လို့ကိုယ်တိုင်ကြုံရသူတဦးက ပြောပါတယ်။

 

တောင်ကြီးမြို့က​နေ ကရင်နီပြည်နယ် လွိုင်ကော်မြို့ကိုပို့မယ့် ပစ္စည်းတွေမှာ စားသောက်ကုန်အပြင် လျှပ်စစ်ပစ္စည်းနဲ့ ဘိလပ်မြေတွေပါမပို့ဖို့ ကန့်သတ်ထားတယ်လို့ ယာဉ်လိုင်းဂိတ်တွေဆီက သိရပါတယ်။

 

Burma Associated Press

 

Power bank/ Power station
စစ်ကောင်စီ
တားမြစ်

Share With
bap-logo