bap-logo
Politics

မြန်မာတိုက်ပွဲများအတွင်းမှ နိုင်ငံသား ၁၆၂ ဦးကို ကယ်တင်ရန် ထိုင်း ကြိုးပမ်းနေ

k5-oarm5Lx6QeB_LUcIfu-image

လွန်ခဲ့သော တစ်နှစ် က

တရုတ်နယ်စပ်အနီး စစ်အာဏာရှင်တပ်ဖွဲ့များနှင့် တိုင်းရင်းသားတပ်ဖွဲ့များများအကြား တိုက်ပွဲများကြောင့် လူပေါင်း သောင်းချီကာ နေရပ်စွန့်ခွာခဲ့ကြရပြီး ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၁၆၂ ဦးကို ကယ်တင်ရန် ကြိုးပမ်းနေသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

 

ပြီးခဲ့သည့်အပတ်တွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်၌ တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့များက စစ်အာဏာရှင်တို့၏ စခန်းများကို အပြင်းအထန် ပူးပေါင်းတိုက်ခိုက်မှုများ စတင်ခဲ့သည်။

 

မြန်မာစစ်အာဏာပိုင်တို့က တရုတ်တိုင်ငံ ယူနန်ပြည်နယ်နှင့် ကပ်လျက် ချင်းရွှေဟော်မြို့အပါအဝင် နယ်စပ်တွင် မြို့အချို့ လက်လွှတ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

 

ကုလသမဂ္ဂက လူဦးရေ ၂၃,၀၀၀ အထက် နေရပ်ပြောင်းရွှေ့ခဲ့ရကြောင်း သောကြာနေ့က ပြောကြားခဲ့ပြီး မြန်မာမီဒီယာများက လူဦးရေ ထောင်ချီ၍ တရုတ်သို့ ထွက်ပြေးကြရကြောင်း ဖော်ပြကြသည်။

 

တရုတ်မီဒီယာများက ပြောင်းရွှေ့လာသည့် လူများသည် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ရှည်လျားစွာ တန်းစီနေကြကြောင်း၊ အနီးအနားရှိ တရုတ်မြို့များသည် ပဋိပက္ခ ပိုမိုကျယ်ပြန့်လာပါက ထွက်ခွာရန် အဆင်သင့် ပြင်ဆင်ထားကြကြောင်း ဖော်ပြသည်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်သူအားလုံးကို "အပစ်အခတ် ချက်ချင်းရပ်စဲရန်”၊ ပဋိပက္ခကို ဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန်၊ နယ်စပ်တည်ငြိမ်ရေး လုပ်ဆောင်ရန် ကြာသပတေးနေ့က တောင်းဆိုထားသည်။

 

ညီနောင်သုံးဦးမဟာမိတ်” က ပူးတွဲထုတ်ပြန်ချက်တစ်စောင်တွင် တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံတွင် "အာဏာရှင်အုပ်ချုပ်မှု” ဖြုတ်ချရန် ရည်ရွယ်ကြောင်းနှင့် စစ်အာဏာရှင်များက ကာကွယ်ပေးထားသည်ဟု ၎င်းတို့က ပြောကြားသည့် ဆက်သွယ်ရေး အလိမ်အညာဂိုဏ်းများကို ပစ်မှတ်ထားကြောင်း ဖော်ပြထားသည်။

 

၎င်းဒေသသည် မကြာသေးမီနှစ်များအတွင်း ဆက်သွယ်ရေးနှင့် အခြားအလိမ်အညာလုပ်ငန်းများ၏ ဆုံချက် ဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံက ရာဇဝတ်မှုများ တားမြစ်ရန် အားထုတ်မှု တိုးမြှင့်လာခဲ့ကာ သံသယ ရှိသူ ရာပေါင်း များစွာကို ထိန်းသိမ်းခဲ့သည်။

 

ထိုင်းဝန်ကြီးချုပ် Srettha Thavisin က မြန်မာနိုင်ငံမှ သံရုံးကို "ထိုင်း ၁၆၂ ဦးကို ကူညီရန်" လုံခြုံသည့် နေရာများတွင် အမိုးအကာများ စီစဉ်ရန်တို့အတွက် အာဏာပိုင်များနှင့် အတူတကွ လုပ်ဆောင်ရန် ပြောကြားခဲ့ ကြောင်း ဝန်ကြီးချုပ်ရုံးက လူမှုမီဒီယာတွင် ကြာသပတေးနေ့နှောင်းပိုင်းတွင် ပြောကြားခဲ့ပြီး ထိုင်းနှင့် အခြားနိုင်ငံ သားများ တိုက်ပွဲများကြောင့် "ညပ်နေကြောင်း”လည်း ပြောကြားခဲ့သည်။

 

ယခုအခါတွင် သံရုံးက ထိုင်းလူမျိုးအားလုံး နေရပ်လျင်မြန်စွာပြန်ရေး ကူညီရန် နည်းလမ်းများကို ဆွေးနွေး နေကြောင်းဝန်ကြီးချုပ်ရုံးက ဖော်ပြထားသည်။

 

သောကြာနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ထိုင်းလူမျိုးများ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဘာလုပ်နေကြသည်ကို ၎င်းမသိရှိပါ ကြောင်း၊ သို့သော် "အလုပ်မျိုးစုံ” အတွက် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

 

မြန်မာစစ်အာဏာရှင်တို့က မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းမတုံ့ပြန်ခဲ့ပါ။

ကိုးကား - Reuters

ပုံစာ - ထိုင်းဝန်ကြီးချုပ် Srettha Thavisin (Photo: REUTERS/Tingshu Wang/Pool)

 

Burma Associated Press

 

ထိုင်းနိုင်ငံ
၁၀၂၇ စစ်ဆင်ရေး
မြန်မာ
ရှမ်း
ပဋိပက္ခ

Share With
bap-logo