bap-logo
International

မြောက်ကိုရီးယား နျူဓာတ်ပေါင်းဖိုရပ်တန့်မှု ဗုံးလောင်စာ ထုတ်လုပ်ရန် ဖြစ်ဖွယ်ရှိ

_ZmfFoYzf5DQAlumBpRh8-image

လွန်ခဲ့သော တစ်နှစ် က

မြောက်ကိုရီးယားက ၎င်း၏ အနုမြူဆိုင်ရာစက်ရုံများမှ နျူကလီးယားဓာတ်ပေါင်းဖိုကို ရပ်တန့်လိုက်ခြင်းသည် လောင်စာချောင်းများကို ပြန်လည်သန့်စင်ခြင်းဖြင့် လက်နက်များတွင် အသုံးပြုနိုင်သည့် ပလူတိုနီယမ် ထုတ်ယူရန် ဖြစ်နိုင်ကြောင်း တောင်ကိုရီးယား သတင်းများတွင် အစိုးရသတင်းအရင်းအမြစ်များကို ကိုးကား ဖော်ပြထားကြသည်။

 

Yongbyon ရှိ နျူကလီးယားစက်ရုံမှ ၅ မီဂါဝပ် နျူကလီးယားဓာတ်ပေါင်းဖိုကို စက်တင်ဘာလနှောင်းပိုင်းမှ စတင်ရပ်တန့်ထားကြောင်း အမေရိကန်နှင့် တောင်ကိုရီးယား အာဏာပိုင်များ၏ ထောက်လှမ်းအကဲဖြတ်ချက် များအရ သိရကြောင်း သတင်းများတွင် ဖော်ပြထားကြသည်။

 

လက်နက်အဆင့် ပလူတိုနီယံရရှိဖို့ ပြန်လည်သန့်စင်တဲ့ လုပ်ငန်းလုပ်ဆောင်တဲ့ လက္ခဏာ ဖြစ်နိုင် တယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်က ယုံကြည်ပါတယ်။ဟု အစိုးရသတင်းအရင်းအမြစ် ကို ကိုးကားကာ Dongal Ilbo သတင်းစာက ဖော်ပြသည်။

 

နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုမှ အသုံးပြုပြီးသား လောင်စာချောင်းများကို ပြန်လည်သန့်စင်ခြင်းသည် ပလူတိုနီယမ် မထုတ်ယူမီ လုပ်ဆောင်ရသည့် အဆင့်တစ်ခုဖြစ်သည်။ Yongbyon နျူကလီးယားစက်ရုံသည် မြောက်ကိုရီးယား၏ ပလူတိုနီယံ အဓိက အရင်းအမြစ်ဖြစ်ပြီး နျူကလီးယားလက်နက်များ တည်ဆောက် ထုတ်လုပ်ရန် အသုံးပြုနေဖွယ်ရှိသည်။

 

မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်များအတွက် အသုံးပြုနိုင်သော သီးခြားအရင်းအမြစ်ဖြစ်သည့် ယူရေနီယံ အဆင့်မြှင့်စက်ရုံများကိုလည်း လည်ပတ်လုပ်ဆောင်နေသည်။

 

မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုဖြစ်နိုင်ချေက ရပ်တန့်မသွားပါဘူး။” ဟု အကြီးတန်းအစိုးရ အရာရှိတစ်ဦးကို ကိုးကား၍ Donga Ilbo က ဖော်ပြထားသည်။ သို့သော် ၎င်းကဲ့သို့ အကဲဖြတ်မှုမှာ မည်သည့် ခွဲခြမ်းစိတ်ဖြာမှုအရ  နျူကလီးယားစမ်းသပ်မှုနှင့် ဆက်စပ်နေနိုင်သည်ဟု ထောက်ပြထားကြောင်း အသေးစိတ် မဖော်ပြထားပါ။

 

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Jeon Ha-gyu က သတင်းများနှင့်ပတ်သတ်၍ အသေးစိတ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း အမေရိကန်နှင့် တောင်ကိုရီးယား ထောက်လှမ်းရေး အာဏာပိုင်များက ဆက်စပ်မှုရှိသည့် တိုးတက်ဖြစ်ပေါ်မှုများကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။

 

မြောက်ကိုရီးယားသည် ဓာတ်ပေါင်းဖိုလည်ပတ်မှုကို ပြန်လည် မစတင်မီ ယခင်ကလည်း ရပ်တန့်ခဲ့ဖူးသည်။ ၎င်းကဲ့သို့ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်သည် ပြင်ဆင်ထိန်းသိမ်းရန်အတွက် ရပ်တန့်ခြင်းလား သို့မဟုတ် လောင်စာ ထုတ်ယူရန် ရပ်တန့်ခြင်းလား ဆိုသည်ကိုမူ အများအားဖြင့် မသိရှိရပေ။

 

မြောက်ကိုရီးယားသည် နျူကလီးယားနိုင်ငံဖြစ်ကြောင်း ကိုယ်တိုင် ကြေငြာထားသော်လည်း နျူကလီးယား လက်နက် မည်မျှ တည်ဆောက်ထားကြောင်း သို့မဟုတ် လျှို့ဝှက်နေရာချထားကြောင်း ဖော်ထုတ်ပြောဆိုခြင်း မရှိပေ

 

မြောက်ကိုရီးယားသည် နျူကလီးယားနိုင်ငံဖြစ်ကြောင်း ကိုယ်တိုင် ကြေငြာထားသော်လည်း နျူကလီးယားလက်နက် မည်မျှ တည်ဆောက်ထားကြောင်း သို့မဟုတ် လျှို့ဝှက်နေရာချထားကြောင်း ဖော်ထုတ်ပြောဆိုခြင်း မရှိပေ။ မြောက်ကိုရီးယား၏ ပလူတိုနီယမ် အတိုင်းအတာ သည် လက်နက် ၂၀ သို့မဟုတ် ၎င်းထက်ပိုမိုများပြားသည့် လက်နက်များ တည်ဆောက်ရန် လုံလောက်သည့် ၇၀ ကီလိုဂရမ်ခန့် ရှိနိုင်သည်ဟု ခန့်မှန်းကြသည်။

 

၂၀၁၀ ခုနှစ်တွင် Yongbyon စက်ရုံသို့ သွားရောက်ခဲ့သည့် အမေရိကန် နျူကလီးယားသိပ္ပံပညာရှင် Siegfried Hecker က မြောက်ကိုရီးယားသည် စီမံကိန်းအပေါ် အချိန်ယူမြှုပ်နှံမှုရှိသော်လည်း ၎င်း၏ ပလူတိုနီယံ ထုတ်လုပ်နိုင်စွမ်းနှင့် နျူကလီးယားစွမ်းအင်ထုတ်လုပ်ရန် ခွဲခြားထုတ်ယူသည့် Fissile material ပမာဏမှာ အကန့်အသတ်ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

 

မကြာသေးမီက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကို ကြိုဆိုလက်ခံခဲ့ပြီး ပိုမိုနီးကပ်သော စစ်ရေးပူးပေါင်းမှု လုပ်ဆောင်ရန် ကတိပြုခဲ့သည့် ရုရှားသမ္မတ ပူတင်သည် မြောက်ကိုရီးယားအတွက် အပူတပြင်းလိုအပ်နေသည့် နျူကလီးယားအစီအစဉ်အတွက် အကူအညီများ ပေးအပ်ကောင်း ပေးအပ်နိုင်သည်ဟု Hecker က ပြောကြားသည်။

 

ကျွန်တော် အစိုးရိမ်ဆုံးက ရေတိုအတွက် ရုရှားက တိတ်တဆိတ် ပလူတိုနီယံ တိုက်ရိုက်ထောက်ပံ့တာကိုပဲ။” ဟု Los Alamos အမျိုးသားဓာတ်ခွဲခန်းမှ ညွှန်ကြားရေးမှူးဟောင်း Hecker က 38 North project (မြောက်ကိုရီးယား လေ့လာဆန်းစစ်ချက်) ဝက်ဘ်ဆိုက်တွင် မှတ်ချက်ပြု ပြောကြားခဲ့သည်။

 

မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်မှ ယခုအချိန်ထိ မြေအောက် နျူကလီးယားစမ်းသပ်မှု ခြောက်ကြိမ် ပြုလုပ်ခဲ့ပြီး အသေးစား နျူကလီးယားထိပ်ဖူး ထုတ်လုပ်ရန် အားထုတ်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် နောက်ထပ် စမ်းသပ်မှုတစ်ခု ပြုလုပ်ဖွယ်ရှိသည်။

 

မြောက်ကိုရီးယား လွှတ်တော်က ၎င်း၏ နျူကလီးယားအင်အားမူဝါဒနှင့် ပတ်သတ်သည့် အခြေခံဥပဒေ ပြင်ဆင်မှုတစ်ခုကို ပြီးခဲ့သည့်အပတ်က အတည်ပြုခဲ့သည်။ ကင်မ်ကလည်း နျူကလီးယားလက်နက် ထုတ်လုပ်မှု "အရှိန်အဟုန်မြှင့်တင်ရန်နှင့် နျူကလီးယား လုပ်ဆောင်နိုင်စွမ်း အမျိုးအစား စုံလင်စေရန် အမိန့်ပေးခဲ့သည်။

 

ကိုးကား - Reuters

ပုံစာ - ၂၀၀၈ ခုနှစ် ဂျွန်လ ၂၇ ရက်နေ့တွင် ရိုက်ကူးခဲ့ပြီး ကျိုဒိုမှ ထုတ်ပြန်ခဲ့သည့် မြောက်ကိုရီးယား နျူကလီးယားစက်ရုံတစ်ရုံ။ (Photo: REUTERS/Kyodo)

 

နူကလီးယား ဓာတ်ပေါင်းဖို
ဗုံးလောင်စာ
အမေရိကန်
ရုရှား
တောင်ကိုရီးယား
ပူတင်
မြောက်ကိုရီးယား

Share With
bap-logo