bap-logo
Editorial

နှစ်ဆသော အင်အားကို စိုက်ထုတ်နိုင်မှ

hxkO3ew4DvQHE7QA86hs1-image

လွန်ခဲ့သော ၂ နှစ် က

နွေဦးတော်လှန်ရေးသည် နှစ်တာကာလကို ကျော်လွန်လာခဲ့သည်။ ခုခံစစ်ဟူ၍ ကြေညာခဲ့သော ကာလသည် လည်း နှစ်ပြည့်တော့မည့် အပိုင်းအခြားသို့ ဝင်ရောက်နေပြီဖြစ်သည်။ ၂၀၂၃ ခုနှစ်ကို တော်လှန်ရေး အဆုံးအ ဖြတ်နှစ်ဟုလည်း ဆိုခဲ့ကြပြီးဖြစ်သည်။ ထိုသို့ဖြင့် တော်လှန်ရေးကာလသည် နှစ်ဆီသို့ ရောက်ရှိရန် အချိန်များ များ မလိုတော့ပါ။

 

နှစ်ကျော်ကာလကို ပြန်လည်ကြည့်ရှုပါက အာဏာရှင်စနစ်ကို ဆန့်ကျင်ကြသော ပြည်သူလူထု၏ တောင့်တင်း ခိုင်မာသော စိတ်ဓာတ်ကို မေးခွန်ထုတ်ရန်မလိုအောင် တွေ့မြင်ရပါမည်။ စစ်ကောင်စီဘက်မှ ပြင်းထန်စွာ တုံ့ပြန် လာနိုင်သည်ကို သိပါလျက်နှင့် အာဏာရှင်အား အံတုကြောင်းပြသသော သတ္တိသမိုင်းတို့သည် နိစ္စဓူဝမှတ်တမ်း တင်နေရဆဲဖြစ်သည်။

 

မိမိတို့၏ ဘဝရပ်တည်မှုများကို စွန့်လွှတ်၍ အာဏာဖီဆန်ကြသူများ၊ လွတ်လပ်ပေါ့ပါးသော ဘဝကိုစွန့်လွှတ်ခဲ့ သောလူငယ်များ၊ ခြေပြတ်လက်ပြတ် ဘဝရောက်သွားသည့်တိုင် အသက်ခန္ခာစွန့် တိုက်ပွဲဝင်နေသူများ၊ မိဘဆွေ မျိုးဘိုးဘွားမောင်နှမတို့၏ မျက်ကွယ်အဝေးတွင်နေထိုင်၍ ပေးဆပ်ရင်းနှီးနေသူများသည် နှစ်ကျော်ကာလ မြန် မာ့ဖက်ဒရယ်ဒီမိုကရေစီအရေးတိုက်ပွဲတွင် များပြားသော အရေအတွက်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ ယင်းတို့သည် တော်လှန်ရေးအတွက် မြှုပ်နှံမှုတစ်ခုဖြစ်သော်လည်း နိုင်ငံအတွက် ဆုံးရှုံးလိုက်ရသော လူသား အရင်းအမြစ်များ ဖြစ်သည်။

 

ထို့အတူ စစ်ရေးပဋိပက္ခပြင်းထန်နေသောဒေသများတွင် အသက်များ၊ ဘဝများ၊ စည်းစိမ်ဥစ္စာများ ဆုံးရှုံးရသကဲ့သို့ ကလေးသူများ၏ ပညာသင်ကြားခွင့်၊ လွတ်လပ်လုံခြုံစွာ နေထိုင်သွားလာခွင့်နှင့် အနာဂတ် ရပ်တည်ရှင်သန်ခွင့်များအတွက်ပါ မျှော်လင့်ချက်မဲ့နေကြပြီဖြစ်သည်။

 

လက်နက်ကိုင်တိုက်ပွဲဝင်နေကြသည့် အင်အားစုများအကြားတွင်လည်း စိတ်ဓာတ်ရေးရာအရ သာလွန်သော ဆင့်တွင် ရှိနေပြီး လက်နက်အင်အားနှင့် အခြားသော စစ်ရေးအရ လိုအပ်ချက်များတွင် ပြည့်စုံခြင်းအား လျော့လျက် ရှိသည်။

 

တော်လှန်ရေးတစ်ရပ်သည် ကာလကြာရှည်လာသည်နှင့် အားပျော့လာတတ်သည်မှာ သဘာဝဖြစ်သည်။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အားပျော့လာသည်ကို အခွင့်ကောင်းယူ၍ ရန်သူအင်အားစုကလည်း ဆတိုးတိုက်ခိုက်လာနိုင် သည်ကို သတိပြုသင့်သည်။

 

ဤနေရာတွင် တော်လှန်ရေးဦးဆောင်သူများ၏ အခန်းကဏ္ဍသည် အရေးပါလာ၏။ တော်လှန်ရေးအရှိန် အဟုန်ကို နည်းမှန်၊ လမ်းမှန် ထိန်းသိမ်းထားရန်လိုအပ်မည်။ ဦးဆောင်သူများက တာဝန်ယူမည်ဆိုသောကိစ္စများ၊ ဆောင်ရွက်ပေးမည်ဟုဆိုထားသော အရေးကိစ္စများနှင့် ပေးထားသော ကတိကဝတ်များကိုလည်း အလေးထား ရန် လိုအပ်မည် ဖြစ်သည်။

 

အထူးသဖြင့် ပြည်သူလူထုက ယုံကြည်စွာ အပ်နှံထားခြင်းခံရသော၊ အများပြည်သူ၏ကိုယ်စားပြုမှုကို ရယူထားကြသူများသည် ပြည်သူလူထု၏ ယုံကြည်မှုများကို လျော့ကြမသွားအောင် ထိန်းသိမ်းထားနိုင်ရမည် ဖြစ်သည်။ ယင်းအတွက် ဦးဆောင်သူများသည် နှစ်ဆသော အင်အားကို စိုက်ထုတ်နိုင်မှ တန်ကာကျမည်ဟု တိုက်တွန်းလိုက်ရပါသည်။

 

Burma Associated Press

မြန်မာ
အာဏာသိမ်း

Share With
bap-logo