bap-logo
Crime

လူမိုက်ကျော်ဝင်းစိန်ကိုသတ်မှုမှ ဦးဆောင်သူဟု ယူဆရသူနှင့် အဖွဲ့ကို စစ်ကောင်စီဖမ်း

hHXiLJyfMgOGjACUK0CRq-image

လွန်ခဲ့သော ၉ လ က

BAP၊ မတ် ၇။

 

 

ရာဇဝင်လူဆိုးတစ်ဦးဖြစ်သည့် လူမိုက်ကျော်ဝင်းစိန်သတ်မှုတွင် အဓိကဦးဆောင်သူဟု ယူဆရသည့် ရဲမျိုးသိန်း(ခ) ငမျိုးနှင့်အဖွဲ့ ကို စစ်ကောင်စီရဲတပ်ဖွဲ့က စစ်ကိုင်းတွင် ဖမ်းဆီးခဲ့သည်။

 

 

ယမန်နေ့ မတ်လ ၆ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ သစ္စာစေတီဘုရားအနီးရှိ ပုဗ္ပာရုံကျောင်းအတွင်း၌ ဘုရားတည်ရန်ဟုဆိုကာ ရောက်နေစဉ် စစ်ကောင်စီတပ်ဖွဲ့က အင်အား (၄၀)ကျော် အသုံးပြုကာ ဖမ်းခဲ့သည်ဟုဆိုသည်။

 

 

ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့နယ်တွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် လူမိုက် ကျော်ဝင်းစိန် အသတ်ခံရမှုတွင် အဓိက ဦးဆောင်သူဟု ယူဆရသည့် ရဲမျိုးသိန်း (ခ) ငမျိုး အပါအဝင် (၉) ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

 

ဖမ်းဆီးခံရသူများတွင် ရဲမျိုးသိန်း (ခ) ငမျိုး၊ဟိန်း ထက်အောင် (ခ) ခေါင်းကြီး၊ အောင်မြတ်မင်း (ခ) အောင်ကြီး၊ အောင်ကျော်ကြား (ခ) ကျော်ကြီး၊ ဥက္ကာ၊ အောင်တင်မြင့်ထွေး (ခ) အောင်လေး၊ ကျော်ဆန်းလင်း (ခ) သံမဏိ၊ မျိုးမင်းနိုင် (ခ) အရှည်ကြီး နှင့် ဇော်မင်းဦး (ခ) တွတ်ပီတို့ပါဝင်ကြောင်းသိရသည်။

 

 

ဖမ်းဆီးရမိချိန်တွင် ၎င်းတို့ထံမှ ဓါးရှည် (၅) ချောင်း၊ ဓါးမြှောင် (၂) ချောင်း၊ လေးခွ (၁) လက်၊ သံကုန်းသီး (၄၂) လုံးနှင့် အခြားဆက်စပ်ပစ္စည်းများ အပြင် ကား(၂)စီးကိုလည်း သိမ်းဆည်းရရှိကြောင်း သိရသည်။

 

 

ဖမ်းဆီးရမိခဲ့သည့် (၉) ဦးကို ရန်ကုန်တိုင်း အလုံမြို့နယ်ရဲစခန်းတွင် (ပ) ၅၄ /၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၉၇ ဖြင့် အမှုဖွင့်ထားသည့်အတွက် လွှဲပြောင်းပေးအပ်ခဲ့သည်ဟု စစ်ကောင်စီမီဒီယာများတွင် ဖော်ပြထားသည်။

 

ဓာတ်ပုံ - လူမှုကွန်ရက်

 

သတ်ဖြတ်ခဲ့
လူသတ်
ရန်ကုန်

Share With
bap-logo