Crime
အောင်မင်္ဂလာ အဝေးပြေးဝင်း ကားဂိတ် ၇ ခုထက်မနည်း မီးလောင်
လွန်ခဲ့သော ၁၀ လ က
ရန်ကုန်၊ ဖေဖော်ဝါရီ ၅။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ "အောင်မင်္ဂလာအဝေးပြေးကွင်း(ပ) ဝင်း၊ တနင်္သာရီလမ်းထဲမှာ ဒီနေ့မနက်၅နာရီ အချိန်ခန့်က မီးလောင် မှုဖြစ်ပွားခဲ့ပြီး ကားဂိတ် ၇ ခုထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ အနီးအနားဝန်းကျင်ရှိနေသူတွေဆီက သိရပါတယ်။
"မီးကလောင်တာတအားပြင်းတယ်၊ ပိတ်ထားတဲ့အခန်းထဲကလောင်တာ၊ ဂိတ်တွေပိတ်ထားတဲ့ အချိန်ဆိုတော့ သတိမထားမိသလိုဖြစ်သွားတာ၊ ဂိတ်ဆယ်ခုလောက်ပါသွားတယ်လို့ပဲ သိရသေးတယ်" လို့ကားဂိတ်ဝန်းအနီးနားမှာရှိနေသူတဦးက ပြောပါတယ်။
မီးဟာ မိနစ်၄၀နီးပါးလောင်ကျွမ်းခဲ့တာပါ။
ကုန်ပစ္စည်းတွေ အများအပြားမီးလောင်ကျွမ်းခဲ့ပေမယ့် မီးသတ်ဦးစီးဌာနက မီးလောင်တယ်ဆိုတာပဲ အသိပေးထားပြီး၊အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
မီးလောင်မူကြောင့်၊ ဝင်းကားဂိတ် ၊ ရာဇာမင်းကားဂိတ်၊ အောင်ကျော်ဇောကားဂိတ်၊ ကားလက်မှတ် အရောင်းဂိတ်တွေ ပါသွားတယ်လို့ ကားဝင်းအတွင်းဂိတ်ကဝန်ထမ်းအချို့ဆီက သိရပါတယ်။
"ဒီမနက်ဝင်လာမယ့်ခရီးသည်ကားတွေဂိတ်ထဲပေးမဝင်သေးဘူး၊ အချို့ဂိတ်တွေက မီးကူးမှာစိုးရိမ်လို့ ပစ္စည်းတွေရွှေ့တာ မီးကူးမှာစိုးလို့ကားတွေနဲ့ရွှေ့လို့ ကားတွေပိတ်နေကြတယ်" လို့ ကားဝင်းအနီး နေထိုင်သူတဦးက ပြောပါတယ်။
မီးလောင်ရာနေရာကို မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်၊ အင်းစိန်မြို့နယ်မီးသတ်စခန်း မီးငြှိမ်းသတ်ယာဥ်၊ မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်း မီးငြှိမ်းသတ်ယာဉ်၊ ဝေဘာဂီနယ်မြေ မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးတွေအပြင် လူမူကူညီရေးအသင်းက သွားရောက်ကူညီငြိမ်းသတ် ခဲ့ရတယ်လို့ သိရပါတယ်။
ဓါတ်ပုံ-လူမှုကွန်ရက်