War
ယူကရိန်းက အနောက်နိုင်ငံများမှ ဒုံးကျည်များ အသုံးပြုတိုက်ခိုက်လျှင် နျူကလီးယားဖြင့် တုန့်ပြန်ခံရနိုင်ဟု ရုရှားပြော
လွန်ခဲ့သော ၂ လ က
BAP၊ ဘာသာပြန်။
အနောက်နိုင်ငံများထံမှ နျူကလီးယားမဟုတ်သည့် ဒုံးကျည်များဖြင့် ယူကရိန်းက ရုရှားကို တိုက်ခိုက်လာလျှင် နျူကလီးယား ဖြင့် တုန့်ပြန်ခံရနိုင်သည်ဟု ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov က ပြောသည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရုရှား နျူကလီးယား မူဝါဒပြင်ဆင်ဖြည့်စွက်ချက်ကို အင်္ဂါနေ့တွင် ခွင့်ပြုလိုက်ပြီးနောက် ၎င်းမူဝါဒအသစ်အရ နျူကလီးယားဖြင့် တုန့်ပြန်နိုင်ခြင်းဖြစ်သည်။
Peskov ၏ ပုံမှန် နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ၎င်းက နျူကလီးယား မူဝါဒအသစ်ကို နိုင်ငံတွင်းနှင့် ပြည်ပတွင်ပါ အလေးအနက် ဆန်းစစ်အကဲဖြတ်သင့်သည်ဟု ပြောကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာန Tass က တင်ပြခဲ့သည်။
Peskov က ရုရှားဖက်ဒရယ်ပြည်ထောင်စုသည် နျူကလီးယားလက်နက်များ အသုံးပြုခြင်းကို အဆုံးစွန်သော လုပ်ဆောင်မှုအဖြစ် မှတ်ယူကြောင်း၊ သို့သော် မူဝါဒ ပြုပြင်ပြောင်းလဲမှုက လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ကိုက်ညီရန် လိုအပ်ကြောင်းပြောသည်။
ရုရှားအစိုးရ၏ အခေါ်အရ ယူကရိန်းနိုင်ငံကို “အထူးစစ်ဆင်ရေး” ပြုလုပ်ခြင်းသည် အနောက်နိုင်ငံများ၏ ရုရှားအပေါ် စစ်ပွဲဖြစ်ပွားစေရန် ဆက်စပ်လုပ်ဆောင်မှုကြောင့်ဖြစ်ကြောင်း၊ တာဝေးပစ် အမေရိကန် ဒုံးကျည်များ ရုရှားနိုင်ငံ Kursk ဒေသသို့ ပစ်ခတ် အသုံးပြုမည့် အစီအစဉ်များကို ရုရှားစစ်တပ်က အနီးကပ် စောင့်ကြည့်နေကြောင်း Peskov က ပြောသည်။
ကိုးကား - The Guardian
ပုံစာ - Donetsk ဒေသတွင် ရုရှားတပ်ဖွဲ့များနှင့် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ပွားနေသည့် ရှေ့တန်းစစ်မျက်နှာ Pokrovsk မြို့တွင် တပ်ဖွဲ့ဝင်များကို ဆုချီးမြှင့်နေသည့် ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်စကီး Photo: AP