bap-logo
War

အစ္စရေးနှင့် ဟားမက်စ်တို့ ယာယီအပစ်ရပ်ရန်နှင့် ဓားစာခံအချို့လွှတ်ပေးရေး သဘောတူညီမှုရ

g27mma3iGDWSyppCo95fW-image

လွန်ခဲ့သော တစ်နှစ် က

ဟားမက်စ်တို့၏ စီးနင်းဝင်ရောက်မှုအတင်း ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသော ဓားစာခံအချို့ ပြန်လွှတ် ပေးရေးအတွက် ယာယီအပစ်ရပ်ရန် သဘောတူညီခခဲ့ကြသည်။

 

၎င်းသဘောတူညီချက်ကြောင့် စစ်ပွဲဒဏ်ခံနေရသည့် ဂါဇာမှ ပါလက်စတိုင်းများအတွက် ပထမဦးဆုံးအကြိမ် ခေတ္တခဏ သက်သာရာရခြင်း၊ အဖမ်းဆီးခံရသူများ၏ မိသားစုဝင်များအတွက် ဝိုးတဝါး မျှော်လင့်ချက် အလင်းရောင်တို့ သယ်ဆောင်လာမည်ဟု မျှော်လင့်ရသည်။

 

အစ္စရေးနှင့် ဟားမက်စ်တို့သည် လေးရက်ကြာ အပစ်ရပ်ရန် သဘောတူခဲ့ကြသည်ဟု ဗုဒ္ဓဟူးနေ့တွင် ကြေငြာခဲ့ကြပြီး အစ္စရေးမှ ထိန်းသိမ်းထားသော ပါလက်စတိုင်း အကျဉ်းသားများကိုလည်း လွှတ်ပေးမည် ဖြစ်သည်

 

အစ္စရေးနှင့် ဟားမက်စ်တို့သည် လေးရက်ကြာ အပစ်ရပ်ရန် သဘောတူခဲ့ကြသည်ဟု ဗုဒ္ဓဟူးနေ့တွင် ကြေငြာခဲ့ကြပြီး အစ္စရေးမှ ထိန်းသိမ်းထားသော ပါလက်စတိုင်း အကျဉ်းသားများကိုလည်း လွှတ်ပေးမည် ဖြစ်သည်။

 

ဂါဇာမြို့လယ်ရပ်ကွက်များတွင် တိုက်ခိုက်မှုများပြင်းထန်နေစဉ် ၎င်းသဘောတူညီမှုကို ကာတာ၊ အမေရိကန်နှင့် အီဂျစ်တို့က ကြားဝင်ဆောင်ရွက်၍ အများသိအောင် ကြေငြာခြင်းဖြစ်သည်။ အစ္စရေးအမျိုးသား လုံခြုံရေး အကြံပေး Tzachi Hanegbi က သဘောတူညီမှုသည် သောကြာနေ့မတိုင်ခင်အထိ အသက်မဝင်သေးကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ မျှော်မှန်းထားသည်ထက် တစ်ရက်နောက်ကျခြင်းဖြစ်ပြီး အဘယ်ကြောင့် နှောင့်နှေးရသည်ကို Hanegbi က မဖော်ပြပါ။

 

အောက်တိုဘာ ၇ ရက်နေ့တွင် ဟားမက်စ်တို့၏ ဝင်ရောက်စီးနင်းမှုမှ စတင်ခဲ့ပြီး ဟားမက်စ်နှင့် အခြားစစ်သွေး ကြွများမှ လူဦးရေ ၂၄၀ ခန့် ဖမ်းဆီးခဲ့ကာ အနည်းဆုံး ၁၂၀၀ ခန့် သတ်ဖြတ်ခဲ့သည်။ ပါလက်စတိုင်း ၁၁၀၀၀ ခန့်သေဆုံးခဲ့သည်ဟုလည်း ကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

 

အစ္စရေး၊ ဟားမက်စ်နှင့် ကာတာတို့သည် သဘောတူညီမှု၏ မတူညီသော အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့သော်လည်း ၎င်းအသေးစိတ်အချက်များမှာ တစ်ခုနှင့် တစ်ခု ဆန့်ကျင်မှု မရှိပါ။

 

သဘောတူညီမှုမှာ ပါဝင်သည့်အချက်များ

 

ဟားမက်စ်တို့သည် ဓားစာခံ ၅၀ ပြန်လွှတ်ပေးမည်ဖြစ်ကာ ဟားမက်စ်တို့အဆို အစ္စရေးတို့ ထိန်းသိမ်းထားသည့် ပါလက်စတိုင်းအကျဉ်းသား ၁၅၀ နှင့် လဲလှယ်ခြင်းဖြစ်သည်ဟု ကာတာက ဗုဒ္ဓဟူးနေ့တွင် ကြေငြာသည်။ နှစ်ဘက်လုံးမှ ပြန်လွှတ်ပေးသူများသည် အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်သည်။

 

အပစ်ရပ်ထားစဉ် ဓားစာခံများကို အသုတ်လိုက် လွှတ်ပေးမည်ဖြစ်သည်။ ဟားမက်စ်တို့မှ ပထမအသုတ် လွှတ်ပေးပြီးလျှင် အစ္စရေးတို့မှ ပါလက်စတိုင်းအကျဉ်းသား ပထမအသုတ်ကို လွှတ်ပေးမည်ဟု မျှော်မှန်းထား ကြသည်။

 

ဓားစာခံ ၁၀ ဦး ထပ်မံ လွှတ်ပေးသည့် အခါတိုင်း အပစ်ရပ်ရေးကို တစ်ရက် ထပ်တိုးသွားမည်ဟု အစ္စရေးက ပြောသည်။

 

လောင်စာဆီနှင့် လူသားချင်းစာနာမှု အကူအညီများ အစ္စရေးက ဂါဇာသို့ ပိုမိုခွင့်ပြုပေးမည်ဟု ကာတာက ပြောသော်လည်း အသေးစိတ်အချက်များ မဖော်ပြပါ။

 

လူသားချင်းစာနာမှုအကူအညီများနှင့် လောင်စာများ ထရပ်ကား ရာနှင့်ချီ၍ ဂါဇာသို့ နေ့စဉ်ဝင်ရောက်ခွင့် ပြုရမည်ဟု ဟားမက်စ်တို့က ပြောသည်။ အစ္စရေး မြေပြင်ထိုးစစ်၏ အဓိက အလေးပေးရာ ဂါဇာမြောက်ပိုင်းသို့ လည်း ထောက်ပံ့မှုများ ရောက်ရှိမည်ဟု ဟားမက်စ်တို့က ပြောသည်။

 

အစ္စရေးအစိုးရ၏ ထုတ်ပြန်ချက်တွင် အထောက်အပံ့နှင့် လောင်စာပေးပို့မှု တိုးမြှင့်ရန် ရည်ညွှန်းထားခြင်း မရှိပါ။ သဘောတူညီမှုအစိတ်အပိုင်းတစ်ခုအနေဖြင့် အစ္စရေးက လောင်စာနှင့် လူသားချင်းစာနာမှု အထောက်အပံ့များ "အရေးပါသော" ပမာဏအထိ ဂါဇာသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း အစ္စရေး ချန်နယ် ၁၂ တီဗီမှ ထုတ်လွှင့်ခဲ့သော်လည်း ပမာဏကို ဖော်ပြမထားပါ။ အစ္စရေးသည် စစ်ပွဲအတွင်း အထောက်အပံ့များ အထူးသဖြင့် လောင်စာဆီကို ဂါဇာသို့ ဝင်ရောက်ခြင်းမှ တင်းကျပ်စွာ ကန့်သတ်ခဲ့ပြီး ရေ၊ အစားအသောက်နှင့် မီးစက်များအတွက် လောင်စာဆီတို့ ကြောက်ခမန်းလိလိ ပြတ်တောက်ခဲ့သည်။

 

ယာယီအပစ်ရပ်မှုအတွင်း အစ္စရေး ဂျက်လေယာဉ်များနှင့် တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခြင်းများ ရပ်နားထား မည်ဖြစ်ပြီး စစ်သွေးကြွများကလည်း အစ္စရေးသို့ ဒုံးကျည်ပစ်ခတ်မှုများ ရပ်နားထားမည်ဟု မျှော်လင့်ရသည်။

 

ဟားမက်စ်တို့က အစ္စရေး စစ်လေယာဉ်များ ဂါဇာတောင်ပိုင်းသို့ လေးရက်တာ အပစ်ရပ်ထားစဉ်အတွင်း၊ မြောက်ပိုင်းသို့ နေ့စဉ် ၆ နာရီကြာ ပျံသန်းခြင်းမပြုရဟု ပြောသည်။ အစ္စရေးတို့က လေကြောင်းပျံသန်းမှု ရပ်တန့်ရန် ဖော်ပြထားခြင်းမရှိဘဲ ဂါဇာတွင် အမြဲပျံသန်းနေသည့် ခေတ်မီ အသိဉာဏ်မြင့် ဒရုန်းများ ပါဝင်ခြင်း ရှိ မရှိလည်း ရှင်းလင်းစွာ မသိရပါ။

 

သဘောတူညီမှုတွင် မပါဝင်သည့်အချက်များ

 

မိသားစုများစွာအတွက် ၎င်းတို့၏ ချစ်ခင်ရသူတို့ ပြန်လည်ရောက်ရှိလာမည့်အရေး စိတ်လှုပ်ရှားပျော်ရွှင်နေစဉ် မှာပင် အမျိုးသားများ၊ အမျိုးသမီးများ၊ အသက်အရွယ်ကြီးရင့်သူများနှင့် နိုင်ငံခြားသားများစွာ ဟားမက်စ်တို့၏ ချုပ်နှောင်ထိန်းသိမ်းမှုအောက်တွင် ကျန်ရှိနေဦးမည်ဖြစ်သည်။ ယခုသဘောတူညီမှုတွင် မပါဝင်သည့် မိသားစု များက နောင်သဘောတူညီချက်များတွင် ၎င်းတို့ ချစ်ခင်ရသူတို့ ပါဝင်လာစေရန် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟုကို ဆက်လက်ဖိအားပေးသွားဖွယ်ရှိသည်။ မိသားစုများ၏ အတိဒုက္ခသည် အစ္စရေးကို ချုပ်ကို င်ထားပြီး ၎င်းတို့ကို ကျယ်ပြန့်သည် ထောက်ခံမှုများလည်း ရရှိထားသည်။

 

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီသည် ကျန်ရှိနေသော ဓားစာခံများထံသို့ သွားရောက်၍ ၎င်းတို့လို အပ်သော ဆေးဝါးများ ထောက်ပံ့ပေးလိမ့်မည်ဟု နေတန်ရာဟုက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ ဟားမက်စ်နှင့် ကြက်ခြေနီကော်မတီတို့က ၎င်းအချက်အသေးစိတ်များကို အတည်မပြုပါ။

 

အပစ်ရပ်ခြင်းသည် ဂါဇာရှိ ပါလက်စတိုင်းတို့ကို ခေတ္တသက်သာရာရစေမည်ဖြစ်သော်လည်း တိုက်ပွဲနယ်မြေမှ တောင်ဘက်သို့ ဦးတည် ထွက်ပြေးသွားကြသည့် လူဦးရေ သိန်းဂဏန်းမှာမူ အိမ်ပြန်ရန် မျှော်လင့်၍ မရနိုင်ပေ။ အစ္စရေးတပ်ဖွဲ့များသည် ဂါဇာမြောက်ပိုင်းရှိ ၎င်းတို့၏ တည်နေရာများတွင် ဆက်လက်ရှိနေမည်ဖြစ်သည်။

 

ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများ

 

သဘောတူညီမှုသည် တိုက်ခိုက်မှုများကို ခေတ္တရပ်တန့်ရန်သာ ဖြစ်သည်။ အစ္စရေးသည် ဟားမက်စ်တို့ကို ချေမှုန်းရန်နှင့် ဖမ်းဆီးထားသူများကို ကယ်တင်ရန် ရည်မှန်းထားသည့်အတွက် လေးရက်တာ လုပ်ငန်းများ အပြီးသတ်သည့်အခါ ဆက်လက်တိုက်ခိုက်သွားမည်ဟု မျှော်လင့်ရသည်။

 

သဘောတူညီမှု၏ မခိုင်မာသည့်သဘောအရ ဓားစာခံများ ပိုမိုလွှတ်ပေးရေးအတွက် အစ္စရေးတို့က လိုက်လျော မှုများ ပိုမိုပြုလုပ်လာမည်ဟူသည့် ဟားမက်စ်တို့အတွက် မျှော်လင့်လာနိုင်သည်

 

အပစ်ရပ်ခြင်းသည် စစ်တပ်အတွက် ဆက်လက်တိုက်ခိုက်ရန် ပြင်ဆင်ခွင့်ရမည်ဖြစ်ကြောင်းနှင့် စစ်ရေးအား ထုတ်မှုကို ထိခိုက်မည်မဟုတ်ကြောင်း နေတန်ရာဟုက အင်္ဂါနေ့တွင် ပြောသည်။ အပစ်ရပ်ကာလ ပြီးဆုံး သည်နှင့် ၎င်းတို့ မျှော်မှန်းထားသော တောင်ပိုင်းသို့ အချိန်မသိရသေးသည့် ရုတ်တရက်တိုက်ခိုက်မှုမပြုလုပ်မီ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ဖွယ်ရှိပြီး တပ်ဖွဲ့များလည်း ဂါဇာမြောက်ပိုင်းသို့ ဆက်လက် တိုးဝင်လာဖွယ်ရှိသည်။ ဂါဇာတွင် နေထိုင်သူများအတွက် တိုက်ခိုက်မှုများ ပြန်လည်စတင်လာသည်ကို ရင်ဆိုင်ရမည်ဖြစ်သည်။

 

တိုက်ခိုက်မှု ခေတ္တရပ်တန့်ခြင်းသည် ဟားမက်စ်တို့အတွက်လည်း ဗျူဟာချရန်၊ စစ်သွေးကြွများ၏ နေရာ ပြောင်းရွှေ့ရန်၊ ပြန်လည်စုဖွဲ့ရန် အချိန်ရရှိစေမည်ဖြစ်သည်။ အစ္စရေးတို့က တိုက်ခိုက်ရေးသမားများစွာကို သတ်ဖြတ်နိုင်ခဲ့ကြောင်းနှင့် စစ်ရေးပိုင်ဆိုင်မှုအများအပြား ဖျက်ဆီးခဲ့ကြောင်း ပြောဆိုထားသည်။

 

သဘောတူညီမှု၏ မခိုင်မာသည့်သဘောအရ ဓားစာခံများ ပိုမိုလွှတ်ပေးရေးအတွက် အစ္စရေးတို့က လိုက်လျော မှုများ ပိုမိုပြုလုပ်လာမည်ဟူသည့် ဟားမက်စ်တို့အတွက် မျှော်လင့်လာနိုင်သည်။

 

အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု၏ အဓိကကြိုးကိုင်သူဟု ယူဆရသည့် ဂါဇာမှ ဟားမက်စ်ခေါင်းဆောင် Yehya Sinwar သည် ဓားစာခံများ ပိုမိုလွှတ်ပေးခြင်းဖြင့် လေးရက်တာတိုက်ခိုက်မှုရပ်တန့်ခြင်းကို ပိုမို ရှည်ကြာသည့် အပစ်ရပ်ခြင်းအဖြစ် ပြောင်းလဲရန် ကြိုးပမ်းနိုင်သည်။ ပိုမိုရှည်ကြာသည့် အပစ်ရပ်ခြင်းသည် အစ္စရေးအတွက် စစ်ရေးလှုပ်ရှားမှုသာမကာ ကမ္ဘာ့လူထုအမြင်အရပါ စစ်ပွဲ ပြန်လည်စတင်ရန် ခက်ခဲသွား စေမည်ဖြစ်သည်။

 

အစ္စရေးအစိုးရသည် ဓားစာခံများ ပိုမိုလွှတ်ပေးရေး သေချာစေရန် ပြည်တွင်းဖိအားများ တိုးတက်လာမှုနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ ပထမအသုတ် ဖမ်းဆီးခံရရာမှ လွတ်မြောက်လာသူတို့ကို မြင်သည်နှင့် လက်ရှိသဘော တူညီမှုတွင် ကျန်ရှိနေသေးသည့် မိသားစုများသည် ၎င်းတို့ ချစ်ခင်ရသူတို့ လွတ်မြောက်ရေး အခိုင်အမာဖြစ် အောင် ပိုမိုကြိုးပမ်းအားထုတ်ကြမည်ဖြစ်သည်။

 

ကိုးကား - AP

 

ပုံစာ - နိုဝင်ဘာ ၂၂ ရက် ၂၀၂၃ ခုနှစ် အစ္စရေးတောင်ပိုင်းမှ တွေ့မြင်ရသော ဂါဇာကမ်းမြှောင်သို့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုမှ ထွက်ပေါ်လာသည့် မီးခိုးများ။ (AP Photo: Leo Correa)

 

အစ္စရေး
ဟားမက်စ်

Share With
bap-logo