bap-logo
Politics

ကြံ့ခိုင်ရေးအမတ်ဟောင်း ကိုးကန့်သူဌေး မြီရှောက်ချန်း မိမိကိုယ်ကို အဆုံးစီရင်

eqiGF3Ufg9Bi1e9-ho-Wg-image

လွန်ခဲ့သော တစ်နှစ် က

နိုဝင်ဘာ ၁၆။

 

ယနေ့ နိုဝင်ဘာလ ၁၆ ရက် မနက်ပိုင်းက ကိုးကန့်ဒေသ လောက်ကိုင်တွင် စစ်ကောင်စီ ဖမ်းဆီးရမိခဲ့ သည် ဆိုသော ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း မြီရှောက်ချန်းသည် သေနတ်ဖြင့် မိမိကိုယ်ကိုပစ်ကာ အဆုံးစီရင် သွားကြောင်း သိရသည်။

 

၎င်းကိုင်ဆောင်ထားသည့် ပစ္စတိုသေနတ်ဖြင့် မိမိကိုယ်ကိုပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူစဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

 

စစ်ကောင်စီ ထုတ်ပြန်ချက်အရ မြီရှောက်ချန်းသည် ဖမ်းဆီးစဉ် အဖမ်းမခံဘဲ မိမိကိုယ် မိမိပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ၎င်း၏ ရုပ်အလောင်းကို တရုတ်နိုင်ငံ ဘက်သို့ ယူဆောင်သွားခြင်းမရှိဟုလည်း သိရသည်။

 

ကိုးကန့်သူဌေး၏ မိသားစုများကို မြန်မာ - တရုတ်နယ်စပ်ရှိ ရန်လုံကျိုင်း နယ်စပ်ဂိတ်၌ စစ်ကောင်စီ ရဲတပ်ဖွဲ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

တရုတ်နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးနှင့် စစ်ကောင်စီအကြား သဘောတူညီမှုအရ လောက် ကိုင်မြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းရန် တရုတ်နိုင်ငံအထူးတပ်ဖွဲ့များ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့ ကြောင်း BBC က မကြာသေးမီက ဖော်ပြထားသည်။

 

ထို့နောက် စစ်ကောင်စီက Online လိမ်လည် မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ ခြောက်လှန့် တောင်းယူမှု များကိုအားပေး ကူညီခြင်းဖြင့် တရုတ်က အလိုရှိနေသည့် "မြီ" မိသားစုဝင် () ဦးအနက် () ဦးကို လောက်ကိုင်မြို့တွင် ယနေ့ ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။

 

တရုတ်က အလိုရှိနေသည့် မြီရှောက်ချန်း၊ မြီကော်ဖျင်း (ခေါ်) မြီရှောက်ဖျင်း၊ မြီကျွီလန်နှင့် မြီကျိန်းကျိန်းတို့ () ဦးအနက်မှ မြီရှောက်ချန်း၊ မြီကော်ဖျင်း (ခေါ်) မြီရှောက်ဖျင်းနှင့် မြီကျိန်းကျိန်းတို့ကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်မြို့၌ ဖမ်းဆီးရမိကာ တရုတ် အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်။

 

ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်ဟောင်းလည်းဖြစ် ကိုးကန့်ဒေသ၏ လူချမ်းသာစာရင်းဝင် လုပ်ငန်းရှင် တစ်ဦးလည်းဖြစ်သည့် မြီရှောက်ချန်းနှင့် ၎င်း၏ မိသားစုဝင် () ဦးကို တရုတ် - မြန်မာ နယ်စပ်ရှိ ကိုးကန့် ဒေသအ တွင်းရှိ အွန်လိုင်း လောင်းကစားများနှင့် ဆက်သွယ်ရေးနည်းပညာသုံး လိမ်လည်မှုများတွင် ဆက်စပ်ပါဝင်နေသည်ဆိုသည့် စွတ်စွဲချက်ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ (၁၂) ရက်က တရုတ်ပြည်သူ့ရေးရာ လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

 

လက်ရှိတွင် သမီးဖြစ်သူ မြီကျွီလန်မှ လွတ်မြောက်လျက်ရှိနေပြီး ဖမ်းဆီး ရမိခဲ့သူ () ဦးအား ဒေသ အာဏာပိုင်များက တရုတ်အာဏာပိုင်များထံ လွှဲပြောင်းပေးရန် စီစဥ်‌ ဆောင်ရွက်နေသည်ဟု ဆိုသည်။

 

Burma Associated Press

ကိုးကန့်
ပါတီ
ပြည်ခိုင်ဖြိုး ပါတီ
မြီရှောက်ချန်း
အဆုံးစီရင်

Share With
bap-logo