Politics
ဘဏ်မှငွေသားထုတ်ယူမှု ကန့်သတ်မထားဟု စစ်ကောင်စီဗဟိုဘဏ်ဆို
လွန်ခဲ့သော တစ်နှစ် က
နိုဝင်ဘာ ၁၆။
လူမှုကွန်ယက်စာမျက်နှာများတွင် ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ် နေကြောင်း ထုတ်ပြန်ချက်သည် သတင်းအမှားဟု စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်သည်။
ဘဏ်များရှိ အပ်ငွေစာရင်းများမှငွေသားထုတ်ယူခြင်းများကို ကန့်သတ်ချက် မရှိထုတ်ယူနိုင်ပြီး ဘဏ်များ၏ ဘဏ်ခွဲအသီးသီးတွင် Core Banking System စနစ်အရ အများပြည်သူ အပ်နှံငွေစာရင်း အချက်အလက်များကို အဆင်ပြေ ချောမွေ့စွာသိရှိနိုင်သဖြင့် နိုင်ငံတစ်ဝန်းရှိမည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရယူနိုင်သည်ဟုဆိုသည်။
လူမှုကွန်ယက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် ဖြန့်ဝေ နေသော ဘဏ်များရှိ အပ်ငွေ စာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နေကြောင်း ထုတ်ပြန်ချက်များသည် မဟုတ်မမှန်သော သတင်းမှား များသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ အချို့ ပုဂ္ဂလိကဘဏ်များတွင်ဝန်ထမ်းများကို လစာများကြိုတင် ထုတ်ပေးကြောင်း သတင်းများသည် လည်း သတင်းမှားသာဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်လည်းဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ၊ ပေးချေမှုများကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပြီးဘဏ်များတွင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ပုံမှန်အတိုင်းဆောင်ရွက်လျက်ရှိ ကြောင်း အသိပေးထားသည်။
စစ်ကောင်စီက ဗဟိုဘဏ်ကယင်းသို့ ကြေညာချက်မထုတ်မီ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရိုးမဘဏ်က “လတ်တလောတွင် မြစ်ကြီးနားဘဏ်ခွဲအား နိုဝင်ဘာလ (၁၆)ရက်နေ့မှစတင်၍ ယာယီပိတ်ထားမည် ဖြစ်ပါ ကြောင်း အသိပေးကြေညာအပ်ပါတယ်။
အဆင်မပြေမှုများရှိပါက အနူးအညွတ် တောင်းပန်အပ်ပါတယ်။ ပြန်လည် ဖွင့်လှစ်မည့်နေ့ရက်အား ပြန်လည် အသိပေး ကြေညာပေးသွားပါမယ်ရှင့်” ဟု ယင်းတို့၏ လူမှုကွန်ရက်တွင် ရေးသားထားပြီးမှ ပြန်လည် ဖြုတ်ချခဲ့သည်။
ယင်းသို့ဖြုတ်ချပြီးနောက် “ရိုးမဘဏ်နှင့်ပတ်သက်၍ မဟုတ်မမှန်လုပ်ကြံ ပြောဆိုမှုများသည် လုံးဝ (လုံးဝ) မှန်ကန်မှုမရှိသော၊ အခြေအမြစ်မရှိသော ပြောဆိုမှုများသာဖြစ်ပါသည်” ဟု ထပ်မံထုတ်ပြန်ခဲ့သည်။
Related Articles
- ရခိုင်ရှိ အင်အားနည်းသည့် ရဲစခန်းများပေါင်းစည်းထားရန် စစ်ကောင်စီ လုပ်ဆောင်နေ
- ဂုတ်တွင်းတံတားအခြေအနေသွားကြည့်တဲ့ အင်ဂျင်နီယာနှစ်ဦး မိုင်းထိ
- အကျဉ်းထောင်အတွင်းမှ ခြောက်ခြားဖွယ်တို့ကို ပြန်ပြောခဲ့သည့် စီးပွားရေးပညာရှင် ရှောင်တာနယ်
- ကိုးကန့် ဒေသ ဦးစီးအဖွဲ့ ဥက္ကဌကို တာဝန်မှရပ်စဲကာ ဗိုလ်မှူးချုပ် တစ်ယောက်ကို စစ်ကောင်စီအစားထိုး
Top News
လွန်ခဲ့သော ၁၂ နာရီ က
လွန်ခဲ့သော ၅ ရက် က