bap-logo
Data

ကရင်နီတွင် ၂၀၂၂ အတွင်းတိုက်ပွဲပေါင်း ၃၄၁ ကြိမ်ဖြစ် ပွား၊ စစ်သုံ့ပန်း ၁၁ ဦးဖမ်းမိခဲ့

eec2MYvT375zsEDG1AE6i-image

လွန်ခဲ့သော ၂ နှစ် က

ဇန်နဝါရီ

 

ကရင်နီပြည်တွင် ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသခံကာကွယ်ရေးတပ်ကြား ထိတွေ့ တိုက်ပွဲပေါင်း ၃၄၁ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ စစ်သုံ့ပန်း (၁၁) ဦးဖမ်းမိကာ၊ စစ်သား ဦး CDM ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ်အတွင်း KNDF သည် ကရင်နီတပ်မတော် (KA) အပါအဝင် အခြားပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် အတူ စစ်ကောင်စီတပ်များကို အရှိန်အဟုန်မြှင့် တော်လှန်တိုက်ခိုက်ခဲ့ကာ၊ တော်လှန်ရေး ကာလအတွင်း ကြုံတွေ့ရသော အခက်အခဲများ၊ စိန်ခေါ်မှုများကိုလည်းအားလုံးနှင့်အတူတကွ ရင်ဆိုင်ကျော်လွှားခဲ့သည်ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ပြောကြားထားသည်။

 

"KNDF သည် ၂၀၂၃ ခုနှစ်တွင်ကရင်နီပြည်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၊ တော်လှန်ရေး အင်အားစုများ ညီညွတ်မှုဖြင့် ကရင်နီပြည်တွင်းတော်လှန်ရေးမှသည် တနိုင်ငံလုံးအသွင် သဏ္ဌာန်ဆောင်သော တော်လှန်ရေး တစ်ရပ်ကို တက်လှမ်းနိုင်ရန် ရည်မှန်းပါသည်" ဟု ယင်းအဖွဲ့ကဆိုသည်။

 

၂၀၂၂ ခုနှစ်အတွင်း KNDF မှ ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲပေါင်း ၃၄၁ ကြိမ် ဖော်ဆောင်ခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့များ၏ ရှေ့တန်းတပ်စခန်းအချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင်အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၉၇ ဦး သေဆုံးခဲ့ပြီး၊ ၉၃ဦး ထိခိုက်ဒဏ်ရာ ရခဲ့ ကြောင်း၊ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၅၀ ကျော် ပြုလုပ်ခဲ့ကာ၊ လက်နက်ကြီးဖြင့် လည်း အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၃ ဦး သေဆုံးခဲ့ပြီး၊ ၆၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ ပြည်သူပိုင်နေအိမ် ၆၇ လုံးအပါအဝင် ဘာသာရေး အဆောက်အဦ လုံးနှင့် စေတီ ဆူထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

 

တိုက်ပွဲများအတွင်း KNDF မှ လက်နက်ငယ်၃၃လက်နှင့် လက်နက်ကြီး ၇ လက် အပြင် ခဲယမ်း အမြောက်အများ ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ KNDF မှ ရဲဘော် ၆၅ ဦးသည်လည်း ရဲရင့်စွာ ကျဆုံးခဲ့ရကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။

 

Burma Associated Press

 

တိုက်ပွဲ
ကယား
KNDF
တစ်နှစ်အတွင်း သတင်း အနှစ်ချုပ်

Share With
bap-logo