bap-logo
Data

၂၀၂၂ ခုနှစ်အတွင်းက ထူးခြားထင်ရှား ကိန်းဂဏန်းများ

JzqMyzyoaM3XbFjM6PVot-image

လွန်ခဲ့သော ၂ နှစ် က

ဒီဇင်ဘာ ၂၉

 

တော်လှန်ပုန်ကန်မှုတွေကြားကပဲ ၂၀၂၂ ခုနှစ်ဟာ ကုန်ဆုံးပါတော့မယ်။

 

ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ၊ ပြည်တွင်း၊ ပြည်ပ အဖွဲ့များရဲ့ စာတမ်းများနဲ့ BAP က စောင့်ကြည့်မှတ်တမ်း တင်ထားတဲ့ အချက်အလက်တွေထဲကမှ ပြီးခဲ့တဲ့ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို မီးမောင်း ထိုးပြနေတဲ့ ကိန်းဂဏန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

ပြင်ပရောက် ကလေး
ကျောင်းပြင်ပရောက်ကလေး ၇.၈ သန်း

မြန်မာနိုင်ငံမှာ ကိုဗစ်နဲ့ မလုံခြုံမှုတွေကြောင့် နှစ်နှစ်အတွင်း ကျောင်းအပ်နှံမှု ၈၀ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့ပြီး အနည်းဆုံး ကလေး . သန်း ကျောင်းပြင်ပကို ရောက်နေကြပါတယ်။ ကျောင်းပြင်ပရောက် ကလေး အရေအတွက် ယခင်ကထက် နှစ်ဆမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

 

 

ဒေါ်လာဈး နှစ်ကြိမ် ပြောင်းလဲ
ဒေါ်လာဈေး ၂ ကြိမ် ပြောင်းလဲ

၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီက ဒေါ်လာစျေးကို ကြိမ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ဧပြီလဆန်းမှာ တစ်ဒေါ်လာကို ,၈၅၀ ကျပ် သတ်မှတ်ခဲ့ပြီး နောက်ငါးလအကြာ ဩဂုတ်လဆန်းမှာ တစ်ဒေါ်လာကို ,၁၀၀ ကျပ် သတ်မှတ်ခဲ့ပြန်ပါတယ်။ ပြင်ပစျေးကွက်မှာတော့ တစ်ဒေါ်လာကို ,၃၀၀ ကျပ်ထိ စံချိန်တင် မြင့်တက်ခဲ့ပြီး စက်တင်ဘာလမှာ အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

 

 

လောင်စာဆီ
လောင်စာဆီဈေးနှုန်း ၇၀ % တက်

၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် လောင်စာဆီစျေးနှုန်း ၇၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဩဂုတ်လမှာတော့ စျေးနှုန်းတွေဟာ စံချိန်တင်လောက်တဲ့ အထိ မြင့်တက်ခဲ့ပြီး ၉၂ တစ်လီတာ ၂,၄၀၀ ကျပ်၊ ၉၅ တစ်လီတာ ၂,၄၉၀ ကျပ်ထိ မြင့်တက်ခဲ့ပါတယ်။

 

 

gold
ရွှေဈေး ၂၇ သိန်းနီးပါး မြင့်တက်

၂၀၂၂ ခုနှစ်အတွင်း မြန်မာ့ ရွှေစျေးသမိုင်းမှာ မှတ်တမ်းဝင်လောက်တဲ့အထိ စံချိန်တင် စျေးမြင့်တက်ခဲ့ပါတယ်။ သြဂုတ်လ ကုန်ပိုင်းမှာ စျေးနှုန်းမြင့်တက်လာခဲ့တာဖြစ်ပြီး တစ်ကျပ်သားကို ၂၇ သိန်းနီးပါးထိ မြင့်တက်ခဲ့ပါတယ်။

 

 

poor
လူဦးရေ၏ ၄၀% ဆင်းရဲမှုမျဉ်းအောက်ရောက်

၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းမှာ ဆင်းရဲမှု မျဥ်းအောက်ကို ကျရောက်ခဲ့ပါတယ်။ လက်ရှိ လူဦးရေ ၅၅. သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ ၂၂. သန်းကျော်သော လူဦးရေဟာ ဆင်းရဲမှု မျဥ်းအောက်ကို ရောက်နေတာဖြစ်ပါတယ်။

 

 

food
စားနပ်ရိက္ခာ မဖူလုံသူ ၁၅.၂ သန်း

မြန်မာနိုင်ငံရှိ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာမှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံ အခြေအနေ အစီရင်ခံစာအရ ၁၅. သန်းသော လူဦးရေဟာ ပြင်းထန်စားနှပ်ရိက္ခာမဖူလုံမှု ကြုံတွေ့နေရတယ်လို့ ဖော်ပြပါထားတယ်။

 

 

money
ငွေကြေးဖောင်းပွမှုနှုန်း ၁၇.၃ %

ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ မတ်လတွင် CPI ငွေကြေးဖောင်းပွမှုနှုန်း ၁၇. ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

 

dollar
အမေရိကန်ဒေါ်လာ ၈၂၆ သန်း လိုအပ်

မြန်မာနိုင်ငံ လူဦးရေ၏ လေးပုံတစ်ပုံ ၁၄ ဒသမ သန်းကျော်မှာ လူသားချင်း စာနာမှုအကူအညီ လိုအပ်နေပြီး အဲဒီအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၂၆ သန်း လိုအပ်နေပါတယ်။

 

မီဒီယာ
သတင်းမီဒီယာသမား ၃၂ ဦး ထောင်ချခံရ

BAP က စောင့်ကြည့်ပြီး စုထည်းထားတဲ့ အချက်အလက်အရ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီက သတင်း မီဒီယာ သမား ၃၂ ဦးကို ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။ သတင်းမီဒီယာသမား ၆၀ ခန့်ဟာ နိုင်ငံတစ်ဝှမ်းရှိ အကျဥ်းထောင် အသီးသီးမှာ ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

 

အိမ်ထောင်စု
အိမ်ထောင်စု ၂ စုလျှင် ၁ စုက ပြည်ပထွက်ဖို့ပြင်

မြန်မာနိုင်ငံမှာ အိမ်ထောင်စု စုလျှင် စုက မိသားစုဝင် တစ်ဦးဦးဟာ နိုင်ငံခြားထွက်ဖို့ ပြင်ဆင်လျက်ရှိပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၂၄ နှစ် ချ

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီက အမှုပေါင်း ၁၂ ခုအတွက် စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခဲ့ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲချက်တင်ထားတဲ့ ခုနှစ်မှု အပါအဝင် ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ-၈၊ ဆက်သွယ်ရေးပုဒ်မ-၆၇၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၁၃၀-က၊ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ -() စတဲ့ ပုဒ်မတွေနဲ့ စွပ်စွဲ ထောင်ချခဲ့တာ ဖြစ်ပါတယ်။

 

Burma Associated Press

တစ်နှစ်အတွင်း သတင်း အနှစ်ချုပ်
မြန်မာ

Share With
bap-logo