bap-logo
Data

၂၀၂၂ ခုနှစ်အတွင်း ရိုဟင်ဂျာ ၂,၁၀၀ နီးပါး ဖမ်းဆီးခံရ

JJHIZ1km2zwkxNduntMc--image

လွန်ခဲ့သော ၂ နှစ် က

ဇန်နဝါရီ

 

BAP က စုစည်းထားတဲ့ ရိုဟင်ဂျာများ ဖမ်းဆီးခံရမှုကို စောင့်ကြည့်မှတ်တမ်းထားသော အချက်အလက်များအရ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီက ရိုဟင်ဂျာ ,၀၉၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

 

ဒီထဲမှာ ဒီဇင်ဘာလပထမပတ်အတွင်း ထိုင်းပင်လယ်ပြင်မှာ မျောနေပြီးနောက် မြန်မာစစ်တပ်ထံ လွှဲပြောင်းပေး ခံလိုက်ရတဲ့ ရိုဟင်ဂျာ ၁၅၄ ဦးလည်း ပါဝင်ပါတယ်။

 

အဆိုပါအရေအတွက်မှာ ၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီးခံခဲ့ရတဲ့ အရေအတွက်ထက် ဆနီးပါး ပိုများပြီး ဖမ်းဆီးခံရမှု ဖြစ်စဥ်ပေါင်း ၆၆ ခုက ဖြစ်ပါတယ်။ ဖမ်းဆီးခံရမှုများတွင် အမျိုးသမီးနဲ့ အရွယ်မရောက်သေးတဲ့ အသက် ၁၈ နှစ်အောက်အရွယ် ကလေးငယ်ပေါင်း အနည်းဆုံး ၆၄၃ ဦး ပါဝင်ပါတယ်။

 

ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ ကရင်၊ ရခိုင်၊ မွန် စတဲ့တိုင်းနဲ့ ပြည်နယ်တွေထဲက မြို့နယ်ပေါင်း ၃၂ ခုမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ အရေအတွက် အများဆုံး ဖြစ်ပြီး ၂၃၈ ဦးထိ ရှိပါတယ်။

ရိုဟင်ဂျာ

 

ရခိုင်ပြည်နယ်တစ်ခုထဲမှာပဲ ဖမ်းဆီးခံရမှု အများဆုံးဖြစ်ကာ ၂၇ ခု ရှိပြီး မြိုန့ယ်အလိုက် ကြည့်မယ် ဆိုရင်တော့ စစ်တွေမြို့နယ်မှာ ဖမ်းဆီးခံရမှု ဖြစ်စဥ်ပေါင်း ခုနဲ့ အများဆုံးဖြစ်ပါတယ်။ လူ ၁၀၀ နဲ့ အထက် ဖမ်းဆီးခံရမှု ဖြစ်စဥ်ပေါင်း ခုအပါအဝင် တစ်နှစ်တာအတွင်း လူ ၁၀ ယောက်နဲ့အထက် အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ဖြစ်စဥ်ပေါင်း ၄၄ ခုရှိပါတယ်။

 

၂၀၁၇ ခုနှစ် မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကြုံတွေ့ခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ကြရပါတယ်။

 

ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေသေးတဲ့သူတွေမှာလည်း နိုင်ငံသားဖြစ်ခွင့်အပါအဝင် ပညာသင်ကြားခွင့်နဲ့ ခရီးသွားလာခွင့်တွေပါ ကန့်သတ်ခံထားရပြန်ပါတယ်။

 

ရိုဟင်ဂျာ
Caption

 

ဒီလို ခွဲခြားဆက်ဆံမှုခံရတဲ့ အခြေအနေတွေကြောင့် ရိုဟင်ဂျာတွေဟာ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာနဲ့အတူ စာဝတ်နေရေး အခက်အခဲကိုပါ နောက်ဆက်တွဲအနေနဲ့ ကြုံတွေ့ကြရပါတယ်။ ဒီလိုအခြေ အနေတွေကြောင့် သူတို့တွေဟာ နေရပ်စွန့်ခွာလာကြတာဖြစ်ပြီး လမ်းခရီးမှာ ဖမ်းဆီးခံကြရတာ ဖြစ်ပါတယ်။

 

စစ်ဆေးရေးဂိတ်နဲ့ ကျေးရွာတွေမှာ ပုန်းအောင်းနေစဥ် ဖမ်းဆီးခံရမှုအများဆုံးဖြစ်ပြီး စက်လှေပျက်ပြီးနောက် ဖမ်းဆီးခံရတာတွေလည်း ရှိပါတယ်။ ဖမ်းဆီးရမိသူတွေကို စစ်ကောင်စီဘက်က လဝကဥပဒေ ချိုးဖောက်မှုနဲ့ တရားစွဲဆို ထောင်ချလေ့ရှိပါတယ်။

 ရိုဟင်ဂျာ

ယခုသတင်းပါ အချက်အလက်များသည် ဖမ်းဆီးခံရသူအရေအတွက်နှင့် တည်နေရာကို အတည်ပြုနိုင်သည့် သတင်းများထဲက အချက်အလက်ကို အခြေခံပြီးရေးသားထားသည့်အတွက် မြေပြင်မှာ အမှန်တကယ် ဖမ်းဆီးခံရသည့် အရေအတွက်နှင့် ကွဲလွဲချက် အနည်းငယ်ရှိနိုင်ပါသည်။

 

Burma Associated Press

ရိုဟင်ဂျာ
စစ်တပ်
မြန်မာ

Share With
bap-logo